ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ ကရင်အမျိုးသားအစည်းအရုံး (KNU) ထံ ပို့ဆောင်မယ့် စစ်လက်နက် ပစ္စည်းတွေကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့တယ်လို့ ထိုင်းသတင်းဌာနတွေမှာ သတင်းဖော်ပြလာပါတယ်။

မနေ့က ဧပြီလ ၂၂ ရက် နေ့လယ်ပိုင်းမှာ ချင်းမိုင်၊ စူ့ထေ့ဒေသမှာ ထိုင်းရဲတပ်ဖွဲ့တွေ ဂိတ်ချစစ်ဆေးနေစဉ် အဆိုပါ စစ်လက်နက် ပစ္စည်းတွေကို ဖမ်းဆီးရမိခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။ 

အဆိုပါ ဂိတ်ကို အနက်ရောင် တိုယိုတာကားတစ်စီး ဖြတ်သန်းမောင်းနှင်လာစဉ် မသင်္ကာတာကြောင့် စစ်ဆေးရာ ကားအနောက်ဘက်မှာ သေတ္တာတစ်လုံးကို တွေ့ခဲ့ကြောင်း၊ အဲဒီသေတ္တာထဲမှာ စစ်လက်နက် ပစ္စည်းတွေကို ရှာဖွေတွေ့ရှိခဲ့ကြောင်း ထိုင်းသတင်းဌာနတွေက ဖော်ပြထားကြပါတယ်။  

ဖမ်းဆီးရမိခဲ့တဲ့ လက်နက်တွေကတော့ AR ရိုင်ဖယ် ၁၀ လက်၊ ကျည်ကတ် ၁၀ ခုနဲ့ ဗုံးသီးသုံး လောင်ချာ ၁၄ လက်တို့ဖြစ်တယ်လို့ သိရပါတယ်။ 

အဆိုပါ ကားမှာ ထိုင်းနိုင်ငံသား ၂ယောက် မောင်းနှင်လိုက်ပါလာပြီး သူတို့ ၂ ယောက်ဟာ မယ်ဟောင်ဆောင်ဒေသခံတွေ ဖြစ်ကာ အသက် ၃၀ ဝန်းကျင်အရွယ်တွေ ဖြစ်တယ်လို့ သိရပါတယ်။ 

ဖမ်းမိတဲ့ လက်နက်ပစ္စည်းတွေကို ချင်းမိုင်မြို့ကတဆင့် မယ်ဟောင်ဆောင်နယ်စပ်က KNU တပ်ဖွဲ့ထံ ပို့ဆောင်ပေးဖို့ လူတစ်စုက ငှားရမ်းခဲ့တယ်လို့ ပို့ဆောင်သူ ၂ယောက်က ရဲတပ်ဖွဲ့ကို ထွက်ဆိုကြောင်း ထိုင်းသတင်းတွေမှာ ဖော်ပြထားပါတယ်။

0 Shares:
You May Also Like
Read More

တောင်ကိုရီးယားနိုင်ငံမှာ အကြမ်းဖက်စစ်တပ်ကို အကြမ်းဖက်စစ်တပ်ကို တရားစွဲဆိုနိုင်ရေး ပြင်ဆင်ဆောင်ရွက်နေဟု NUG လူ့အခွင့်အရေးဝန်ကြီး ပြော

အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းနဲ့ တောင်ကိုရီးယားရောက် မြန်မာနိုင်ငံသားတွေရဲ့ “လူထုတွေ့ဆုံဆွေးနွေးပွဲ”ကို မေလ ၁၈ ရက် မနေ့က ကိုရီးယားနိုင်ငံ၊ အင်ချွန်းမြို့၊ အလုပ်သမားဘက်စုံဖူလုံရေး ရိပ်သာခန်းမမှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

မြန်မာ ၁ ယောက် အပါအဝင် တောင်းရမ်းသူ ၁၂ ယောက် ဘန်ကောက်မှာ ဖမ်းဆီးခံရ၊ တစ်ယောက်မှာ ဘတ် ၁၃ သိန်းခန့် ပိုင်ဆိုင်မှုရှိ

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ သုံးဆယ်မြို့အရှေ့က ချမ်းသာကုန်းအုပ်စု၊ သရက်ဖြူကံရွာနဲ့ ချမ်းသာကုန်းရွာက လူငယ် ၅ယောက်ကို စစ်ကောင်စီတပ်တွေက စစ်မှုထမ်းဖို့ ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် အဲဒီထဲက လူငယ် ၃ ယောက်ကို ပြန်လွှတ်ပေးဖို့ သူတို့ရဲ့မိသားစုဝင်တွေက သိန်း ၂၀၀ နဲ့ ပြန်ရွေးခဲ့ရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

မြန်မာ့အရေး အစည်းအဝေးနှစ်ခု လာမယ့်အပတ်ထဲ ကျင်းပမည်ဟု အာဆီယံ ပြော

အာဆီယံအနေနဲ့ လာမယ့်သီတင်းပတ်မှာ ပြုလုပ်မယ့် ထိပ်သီးအစည်းအဝေးမတိုင်မီ မြန်မာ့အရေး အထူးအစည်းအဝေးနှစ်ခု ကျင်းပသွားမှာဖြစ်ကြောင်း အာဆီယံ အထွေထွေ အတွင်းရေးမှူးချုပ်က ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။
Read More

ထိုင်းလွှတ်တော်အတွင်း မြန်မာ့အရေး ဘာတွေဆွေးနွေးခဲ့လဲ

ထိုင်းလွှတ်တော် အမျိုးသားလုံခြုံရေးနှင့် နယ်စပ်ရေးရာကော်မတီက ဦးဆောင်ပြီး "တည်တံ့သောငြိမ်းချမ်း ရေးနှင့် လုံခြုံရေးမြှင့်တင်ခြင်း – ထိုင်းနှင့်အာဆီယံတို့၏ နယ်နိမိတ်တည်ငြိမ်မှုနှင့် ဒီမိုကရေစီသို့ ဦးတည်သည့်လမ်းကြောင်း" ဆိုတဲ့ ခေါင်းစဉ်နဲ့ မြန်မာ့အရေး ဆွေးနွေးပွဲကို မတ်လ ၂၂ ရက်နဲ့ ၂၃ ရက်တို့မှာ ကျင်းပခဲ့ပါတယ်။
Read More

စစ်ကောင်စီနဲ့ MNDAA တို့အကြား ပစ်ခတ်ရပ်စဲရေးကို တရုတ်က စောင့်ကြည့်ရေးအဖွဲ့ဖြင့် စောင့်ကြည့်မည်ဟု ဆို

စစ်ကောင်စီနဲ့ MNDAA တို့အကြား ပစ်ခတ်ရပ်စဲရေးကို တရုတ်က စောင့်ကြည့်ရေးအဖွဲ့ဖြင့်ဆက်လက်စောင့်ကြည့်သွားမယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Mr. Guo Jiakun က ပြောပါတယ်။
Read More

တရုတ်နည်းတူ ရုရှားလည်း စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို ကူညီမယ်လို့ ဆိုပြန်

တရုတ်နိုင်ငံလိုပဲ ရုရှားကလည်း စစ်ကောင်စီပြုလုပ်မယ့် ရွေးကောက်ပွဲကို ကူညီပေးသွားမယ်လို့ စစ်ကောင်စီရဲ့ ဝါဒဖြန့်မီဒီယာတွေမှာ ထည့်သွင်းဖော်ပြလာပါတယ်။