ပဲခူးတိုင်း ၊ ညောင်လေးပင် မြို့နယ်အတွင်းက စစ်ရှောင်ပြည်သူများ နဲ့ အကြမ်းဖက်စစ်တပ် ပစ်ခတ်မှုကြောင့် သေဆုံးသွားသူရဲ့ ကျန်ရစ်တဲ့ မိသားစုဝင်များကို ကာကွယ်ရေးဝန်ကြီးဌာန၊ တောင်ပိုင်းစစ်ဒေသ ၊ တော်ဝင်ဒေါင်းစစ်ကြောင်းက လှူဒါန်းထောက်ပံ့ပေးခဲ့တယ်လို့ အဆိုပါစစ်ကြောင်းက မနေ့က ထုတ်ပြန်ပါတယ်။

ပဲခူး GZ ထောက်ပို့အဖွဲ့ဖြစ်တဲ့ “လမင်းထဲက ယုန်ကလေးအဖွဲ့” ရဲ့ လွှဲပြောင်း ပေးပို့မှုမှ တစ်ဆင့် တော်ဝင်ဒေါင်းရဲ့ နှစ်သစ်ကူးအလှူအဖြစ် စစ်ကောင်စီကြောင့် အသက်ဆုံးရှုံးသွားသူရဲ့ ကျန်ရစ်သူ မိသားစုတွေကို ငွေ ၁၀ သိန်း ထောက်ပံ့ပေးခဲ့တယ်လို့ ဆိုပါတယ်။

ညောင်လေးပင်မြို့နယ် ရေတွင်းကုန်းကျေးရွာကို အကြမ်းဖက် စစ်ကောင်စီတပ်က ဧပြီ ၁၈ ရက်မှာ ဂျက်ဖိုက်တာနဲ့ လေကြောင်းကနေ တစ်ကြိမ် ဗုံးကြဲချခဲ့ပြီး၊ လက်နက်ကြီး ၇ ကြိမ် ပစ်ခတ်ခဲ့ရာမှာ အသက် ၄၂ နှစ် အရွယ် ဒေသခံ ပြည်သူ တစ်ယောက် အသက်ဆုံးရှုံးခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် တော်ဝင်ဒေါင်းစစ်ကြောင်းက စစ်ရှောင်ပြည်သူတွေကို အခြေခံစားသောက်ကုန်တွေ လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

၅ ရက်အတွင်း ရွှေကုက္ကိုလ်ကျားဖြန့်မှ နိုင်ငံခြားသား ၁၇၀၀ ကျော် ဖမ်းမိကြောင်း ကျားဖြန့် ကြံရာပါအဖြစ် ဝေဖန်ခံနေရသည့် စစ်တပ် ကြေညာ 

ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့နယ်၊ ရွှေကုက္ကိုလ်နယ်မြေရှိ အွန်လိုင်းငွေလိမ် (ကျားဖြန့်) လုပ်ငန်းတွေကို အကြမ်းဖက်စစ်တပ်နဲ့ လက်အောက်ခံ ကရင်နယ်ခြားစောင့်တပ် BGF တို့ ပူးပေါင်းရှင်းလင်းခဲ့ရာမှာ ၅ ရက်အတွင်း နိုင်ငံခြားသား ၁၇၄၆ ယောက်ကို ဖမ်းဆီးရမိခဲ့ပြီး အာဖရိကတိုက်ရှိ မထင်မရှားနိုင်ငံငယ်က လူတွေလည်း ပါဝင်တယ်လို့ စစ်ကော်မရှင်ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
Read More

နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံထားရသည့် NLD အစိုးရလက်ထက် ဗဟိုဘဏ်ဒုဥက္ကဋ္ဌ ဦးဘိုဘိုငယ်ကို Laszlo Z. Bito ဆု ချီးမြှင့်

အမေရိကန်ပြည်ထောင်စု၊ Bard ကောလိပ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အစိုးရလက်ထက် ဗဟိုဘဏ်ဒုတိယဥက္ကဌ တာဝန်ယူခဲ့တဲ့ ဦးဘိုဘိုငယ်ကို လူသားအကျိုးဆောင်ရွက်မှုအတွက် Laszlo Z. Bito ဆု ချီးမြှင့်လိုက်တယ်လို့ မေလ ၂၄ ရက် မနေ့က အသိပေးထုတ်ပြန်ပါတယ်။
Read More

ဗမာ့တပ်တော်၏ အခြေခံစစ်ပညာသင်တန်း ဖွင့်ပွဲအခမ်းအနား (ဓာတ်ပုံသတင်း)

ဗမာ့တပ်တော် (Bamar Army) ဟာ အမှတ်(၁) စစ်ဦးစီးကွပ်ကဲရေးဒေသမှာ အခြေခံစစ်ပညာ သင်တန်းအမှတ်စဉ် (၃/၂၀၂၅)၊ သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပခဲ့တယ်လို့ ဗမာ့တပ်တော်က ဒီနေ့မှာ မှတ်တမ်းဓာတ်ပုံတွေနဲ့အတူ သတင်းထုတ်ပြန်ထားပါတယ်။
Read More

တိတ်ရှိန်ရွှေဆိုင် ဓားပြတိုက်မှုမှာ ပါဝင်သူတွေကို ဖမ်းမိထားပြီဟု ဆို

အာဏာသိမ်းစစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲကို မဟာဗျူဟာ ၅ ရပ်နဲ့ တိုက်ဖျက်ဆောင်ရွက်သွားမယ်လို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။
Read More

တိုက်ပွဲတွေ အချိန်မရွေးဖြစ်ပွားလာနိုင်တဲ့ ကျောက်ဖြူမှာ ရေနက်ဆိပ်ကမ်းစီမံကိန်း ပြန်လည်စတင်မယ်လို့ စစ်ကောင်စီ ထုတ်ပြန်

စစ်ရိပ်စစ်ငွေ့သန်းနေပြီး တိုက်ပွဲတွေ အချိန်မရွေး ဖြစ်ပွားလာနိုင်တဲ့ ကျောက်ဖြူမြို့မှာ ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းကို ပြန်လည်စတင်သွားမယ်လို့ စစ်ကောင်စီထိန်းချုပ်ထားတဲ့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်လာပါတယ်။
Read More

လက်ပံတောင်းတောင်ဒေသမှာ စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးခေါ်ဆောင်ခံရသူတွေ ၅ရက်အကြာမှာ ပြန်လွတ်လာ၊ စစ်တပ် မွှေနှောက်ထားလို့ သူတို့နေအိမ်တွေက ပစ္စည်းတွေနဲ့ အိမ်မွေးတိရစ္ဆာန်တွေ ဘာမှမရှိတော့

စစ်ကိုင်းတိုင်း၊ ချင်းတွင်းမြစ်ကမ်းဘေး လက်ပံတောင်းတောင်ဒေသက ဒေသခံ ၂၃ ယောက်ကို အကြမ်းဖက်စစ်တပ်က ဖမ်းဆီးသွားပြီး စက်တင်ဘာလ ၁၅ရက်နေ့က ပြန်လွှတ်ပေးခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။ ဖမ်းဆီးခေါ်ဆောင်ခံရတဲ့ ဒေသခံတွေဟာ လက်ပံတောင်းတောင် တရုတ်ဝမ်ပေါင် ကြေးနီစီမံကိန်းအနီးတဝိုက်က ဒေသခံတွေဖြစ်ပြီး ဖမ်းဆီးခံရပြီးတဲ့နောက် အမှတ်၂၈ ရဲတပ်ရင်းအတွင်း စစ်ကြောရေး ပြုလုပ်ခံခဲ့ရတယ်လို့ သိရပါတယ်။