စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့ပေါ်မှ ပျူခေါင်းဆောင် နေလင်းခ(ရဲဘော်ကြီးနဲ့ အပေါင်းအပါတွေ စီးနင်း လာတဲ့ ယာဉ်ကို ဧပြီ ၂၀ ရက်က ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၇ ယောက်သေခဲ့တယ်လို့ ယူနီကွန်း ပျောက်ကြားတပ်ဖွဲ့ထံက သိရပါတယ်။

စစ်ကိုင်းမြို့ပေါ်ကနေ မင်းကွန်းဒေသသို့ သောက်စားမူးယစ်ပြီး ပြန်လာတဲ့ ပျူခေါင်းဆောင် (ခ) ရဲ ဘော်ကြီးနဲ့ အပေါင်းအပါတွေကို တိုက်ခိုက်ခဲ့ရာ နေလင်းအပါအဝင် ၇ ယောက်သေခဲ့တယ်လို့ သိရပါတယ်။

ပျူခေါင်းဆောင် နေလင်းဟာ အရင်ပျူခေါင်းဆောင် ရွှေကျားရဲ့ တပည့်အရင်းဖြစ်ပြီး လက်ရှိ ပျူခေါင်းဆောင်နေရာကို ဆက်ခံထားသူလည်းဖြစ်တယ်လို့ သိရပါတယ်။

ဘုန်းကြီး ဝေပုလ္လဦး‌ဆောင်တဲ့ ပျူအဖွဲ့ရဲ့ ခေါင်းဆောင်လည်းဖြစ်တယ်လို့ သိရပါတယ်။

တိုက်ပွဲပြီးနောက် နယ်မြေရှင်းလင်းရေးလုပ်ဆောင်ခဲ့ရာ G3 သေနတ် ၁ လက်၊ လက်ပစ်ဗုံး ၂ လုံး
၄၀မမ ဗုံးသီး ၂ လုံး၊ ကျည် အနည်းငယ်နဲ့ ပျူများအသုံးပြုသောကားကို သိမ်းဆည်းရရှိခဲ့ကာ ကားကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို ယူနီကွန်း ပျောက်ကြားတပ်ဖွဲ့၊ Mingun PDFနဲ့ တိုက်နယ်ပလဖတို့မှ ပူး​ပေါင်း
လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

လန်ဒန်မြို့ တရုတ်သံရုံးရှေ့တွင် ​မြန်မာအတုအယောင်ရွေးကောက်ပွဲအသိမပြုရန် တရုတ်ဘာသာစကားဖြင့် ဆန္ဒထုတ်ဖော် (ရုပ်/သံ)

လန်ဒန်မြို့ တရုတ်သံရုံးရှေ့မှာ စစ်ကော်မရှင်က ပြုလုပ်နေတဲ့ အတုအယောင်ရွေးကောက်ပွဲကို တရုတ်အစိုးရအနေနဲ့ အသိအမှတ်မပြုဖို့ လန်ဒန်ရောက် မြန်မာနိုင်ငံသားတွေကဆန္ဒထုတ်ဖော်ခဲ့တယ်လို့ သိရပါတယ်။ 
Read More

နီပေါဆန္ဒပြပွဲအတွင်း သေဆုံးသူ ၂၀ ကျော်အထိ ရှိလာ (ရုပ်/သံ)

နီပေါနိုင်ငံမှာ ဆိုရှယ်မီဒီယာတွေကို ပိတ်ပင်လိုက်တဲ့အတွက် ဆန္ဒပြပွဲတွေ ဖြစ်ပေါ်လာပြီး နီပေါ ဝန်ကြီးချုပ် ကေပီရှာမားအိုလီ နုတ်ထွက်သွားခဲ့ပါတယ်။
Read More

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့အတွက် ကသာခရိုင်၊ အမှတ် ၄ တပ်ရင်း စစ်မေများရဲ့ မွေးနေ့ဆုတောင်း (ရုပ်/သံ)

ကသာခရိုင်၊ အမှတ် ၄ တပ်ရင်း စစ်မေများက ဇွန် ၁၉ ရက်မှာ ကျရောက်မယ့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၀) ပြည့်မွေးနေ့အတွက် မွေးနေ့ဆုမွန်တောင်းခဲ့ကြပါတယ်။
Read More

တောင်သာမြို့နယ်အတွင်း မဲရုံလုံခြုံရေးပေးရန် လာသည့်စစ်ကော်မရှင် စစ်ကြောင်းတိုက်ခိုက်ခံရ (ရုပ်/သံ)

မန္တလေးတိုင်း တောင်သာမြို့နယ်အတွင်း မဲရုံလုံခြုံရေးပေးဖို့လာတဲ့ အင်အား ၂၀၀ လောက်ပါ စစ်ကော်မရှင်တပ်သားတွေကို တိုက်ခိုက်ခဲ့တယ်လို့ မြင်းခြံခရိုင်အမှတ် ၃ တပ်ရင်းက သတင်းထုတ်ပြန် ထားပါတယ်။
Read More

ဆားလင်းမြို့မှာ ကင်းလှည့်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့‌ပေါ် ရဲစခန်းကနေ ကင်းလှည့်ထွက်လာတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်သားတွေကို တိုက်ခိုက်ခဲ့တယ်လို့ ချင်းတွင်းဒိုင်းနမိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Salingyi) က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ချောင်းဦးမြို့အဝင် အကြမ်းဖက်စစ်တပ်ဂိတ်ကို အလစ်အငိုက်ဝင်ရောက်တိုက်ခိုက်၊ စစ်သား ၅ ဦး သေ၊ တော်လှန်ရေးရဲဘော် ၁ ဦး ကျဆုံး (ရုပ်/သံ)

စစ်ကိုင်းတိုင်း ချောင်းဦးမြို့အဝင်ရှိ အကြမ်းဖက်စစ်တပ်ဂိတ်ကို အလစ်အငိုက်ဝင်ရောက်တိုက်ခိုက်ခဲ့ရာ နှစ်ဖက် အကျဆုံးတွေရှိခဲ့တယ်လို့ လျှပ်စီးတပ်ခွဲ ၊ မုံရွာခရိုင် အမှတ်-၁၂ တပ်ရင်း ၊ တပ်ခွဲ-၃ မှ ယနေ့သတင်းထုတ်ပြန်ထားပါတယ်။