နိုင်ငံတစ်၀န်း ငလျင်ဘေးသင့်ပြီး ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေကို လုပ်ကိုင်ရမယ့်အစား အာဏာသိမ်းစစ်ကောင်စီက စစ်မှုထမ်းသင်တန်း အပတ်စဉ် (၁၂) ဖွင့်ပွဲကို တိုင်းစစ်ဌာနချုပ် အသီးသီးမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

ပြည်သူ့စစ်မှုထမ်းသင်တန်း အပတ်စဉ် (၁၂) ဖွင့်ပွဲတွေကို မနေ့က (ဧပြီ ၂၂ ရက်) တိုင်းစစ်ဌာနချုပ်အသီးသီးမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ အာဏာသိမ်း စစ်တပ်ရဲ့ ဝါဒဖြန့် မီဒီယာတွေမှာ ဖော်ပြလာပါတယ်။

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှာ စစ်မှုထမ်းဥပဒေကို စစ်ကောင်စီက အသက်သွင်းခဲ့ပြီး အပတ်စဥ် တစ်ခုကို လူဦးရေ ၅၀၀၀ ခေါ်ယူမယ်လို့ ကြေညာခဲ့ကာ လက်ရှိမှာ အပတ်စဉ် (၁၂) ကို ရောက်ရှိလာပြီ ဖြစ်ပါတယ်။

မတ်လ ၂၈ ရက်နေ့က အင်အားပြင်းငလျင်နဲ့ ကြုံတွေ့ခဲ့ရတဲ့ မန္တလေး၊ စစ်ကိုင်း၊ နေပြည်တော်ဒေသတွေက လူငယ်လူရွယ်ကိုပါ အတင်းအဓမ္မခေါ်ယူပြီး စစ်မှုထမ်း အပတ်စဉ် (၁၂) ကို စစ်ကောင်စီက ဖွင့်လှစ်လိုက်တာဖြစ်ပါတယ်။

စစ်မှုထမ်းခေါ်ယူမှုကို စောင့်ကြည့်တဲ့ Burma Affairs & Conflict Study အဖွဲ့ကတော့ အပတ်စဉ်တစ်ခုကို လူ ၅၀၀၀ ခေါ်ယူမယ်ဆိုတဲ့ လျာထားပမာဏကို မပြည့်မီဘဲ အပတ်စဉ်တိုင်း စစ်ကောင်စီက မဖြစ်မနေ ဖွင့်လှစ်ခေါ်ယူနေရတယ်လို့ ဆိုပါတယ်။

အာဏာသိမ်း စစ်ကောင်စီဟာ စစ်မှုထမ်း အပတ်စဉ် (၁၁) သင်တန်းဆင်းတပ်သား ၃ သောင်းကျော်လောက်အထိ ရရှိထားပြီး သူတို့ကို သက်ဆိုင်ရာ ရှေ့တန်း စစ်မျက်နှာပြင်တွေဆီ စေလွှတ်လျက်ရှိတယ်လို့ စစ်မှုထမ်းနဲ့ ပတ်သက်ပြီး လေ့လာနေတဲ့ အရပ်ဘက်အဖွဲ့အစည်းအချို့က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ဗန်းမော်မြို့ အပြီးသတ်သိမ်းပိုက်နိုင်ရေး KIA ပူးပေါင်းတပ်များ ယနေ့ ပြန်လည်ထိုးစစ်ဆင်နေ

ကချင်ပြည်နယ်၊ ဗန်းမော်မြို့ကို အပြီးသတ်သိမ်းပိုက်နိုင်ရေးအတွက် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဦးဆောင်တဲ့ ပူးပေါင်းတပ်တွေက မေလ ၂၇ရက် ဒီနေ့မှာ ပြန်လည် ထိုးစစ်ဆင်တိုက်ခိုက်နေပြီး စခန်းအချို့ သိမ်းပိုက်ရရှိထားတယ်လို့ ရှေ့တန်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
Read More

NUG စာသင်ကျောင်းတစ်ကျောင်းမှာ မတ္တရာ ပကဖ က လေကြောင်းအန္တရာယ် အသိပညာပေးမှု ပြုလုပ်ခဲ့…

အမျိုးသားညီညွှတ်ရေးအစိုးရရဲ့ မြေပြင်စာသင်ကျောင်းတစ်ကျောင်းက ကျောင်းသားလူငယ်တွေကို လေကြောင်းအန္တရာယ်အသိပညာပေးမှု ပြုလုပ်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ - မတ္တရာမြို့နယ်က မနေ့က ထုတ်ပြန်ပါတယ်။
Read More

အောင်ဇေယျစစ်ကြောင်းက အလင်းဝင်လာသူတွေ အဆိုပါစစ်ကြောင်းကို ချေမှုန်းနေတဲ့ တော်လှန်ရဲဘော်တွေအတွက် နောက်တန်းမှာ ချက်ပြုတ်ပေးနေ (ဓာတ်ပုံသတင်း)

စစ်ကောင်စီက ကရင်ပြည်နယ်ပြန်လည်စိုးမိုးရေးအတွက် နိုင်ငံတော်အဆင့်စစ်ဆင်ရေးအဖြစ် သတ်မှတ်ခဲ့တဲ့ အောင်ဇေယျစစ်ကြောင်းကနေ တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ရောက်လာသူတွေ ရှိခဲ့ပါတယ်။
Read More

စစ်ကောင်စီ ထုတ်လုပ်တဲ့ MTX-1A နှင့် MTX-1B လေယာဉ်တွေ စစ်ရေးမှာ ဘယ်လောက်ထိ အသုံးဝင်နိုင်လဲ

စစ်ကောင်စီဟာ ၇၇ ကြိမ်မြောက် လေတပ်နှစ်ပတ်လည်နေ့မှာ သူတို့ ထုတ်လုပ်ထားတယ်ဆိုတဲ့ ကင်းထောက်လေယာဉ် MTX-1A နဲ့ MTX-1B ၂ စီး အပါအဝင် တခြားလေယာဉ်တွေနဲ့အတူ တပ်တော်ဝင်ခဲ့ပါတယ်။
Read More

ပျဉ်းမနားစစ်ကြောင်းမှူး ရဲဘော် ကိုစိုင်း ညှင်းပန်းသတ်ဖြတ်ခံရမှု ၃ ရက်အတွင်း ဖြေရှင်းပေးဖို့ ကယန်းပြည်သစ်တပ်မတော်ကို အသိပေး

ကယန်းပြည်သစ်တပ်မတော် ရုံးစိုက်ရာ နယ်မြေအတွင်း​ ညှင်းပန်းသတ်ဖြတ်ခံခဲ့ရတဲ့ နေပြည်တော်တိုင်းစစ်ဌာန ပျဉ်းမနားစစ်ကြောင်းမှူး ရဲဘော်ကိုစိုင်း (ခ) ဝင်းလှိုင်ကို အသတ်ခံရတဲ့ကိစ္စအပေါ် အမိန့်ပေးစေခိုင်းသူနဲ့ ကျူးလွန်သူတွေကို ၃ရက်အတွင်း ပြင်းပြင်းထန်ထန် အရေးယူပေးဖို့ နေပြည်တော် PDF က  မတ်လ ၁၃ ရက်နေ့မှာ  ထုတ်ပြန်လိုက်ပါတယ်။
Read More

ကျဆုံးရဲဘော်တွေနဲ့ ကိုယ်လက်အင်္ဂါ စွန့်လွှတ်သွားကြတဲ့ ရဲဘော်တွေရဲ့ မိသားစုဝင်တွေကို ဂန့်ဂေါခရိုင် တပ်ရင်း ၆ ကူညီထောက်ပံ့ဂါရဝပြု…

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဂန့်ဂေါခရိုင် အမှတ် (၆) တပ်ရင်းအနေနဲ့ တပ်ရင်းမှာ တော်လှန်ရေးအစကတည်းက တာဝန်ထမ်းဆောင်ရင်း ကျဆုံးသွားတဲ့ ရဲဘော်တွေနဲ့ ကိုယ်လက်အင်္ဂါ စွန့်လွှတ်သွားကြတဲ့ ရဲဘော်တွေရဲ့ မိသားစုဝင်တွေကို သွားရောက် အလေးပြုပြီး ဆန်၊ဆီ စတဲ့ လှူဖွယ်ဝတ္ထု တို့နဲ့ ဂါရဝထား ကန်တော့ခဲ့တယ်လို့ အဆိုပါတပ်ရင်းက ထုတ်ပြန်ပါတယ်။