ကျောက်ဖြူစီမံကိန်းရဲ့ အနာဂတ်ဟာ အာရက္ခတပ်တော် AA ရဲ့ လက်ထဲမှာ ရှိနေပြီလို့ ရခိုင် ရေနံစောင့်ကြည့်ရေးအဖွဲ့ (Arakan Oil Watch) ရဲ့ အစီရင်ခံစာမှာ ဖော်ပြလာပါတယ်။

ရေနံနဲ့သဘာဝဓာတ်ငွေ့လုပ်ငန်းတွေကို စောင့်ကြည့်လေ့လာနေတဲ့ Arakan Oil Watch အဖွဲ့ရဲ့ “တောက်လောင်နေသည့် ကျောက်ဖြူ၏ ပဋိပက္ခများ အစီရင်ခံစာ” မှာ အာရက္ခတပ်တော်ဟာ ကျောက်ဖြူမြို့နယ်တစ်ခုလုံးကို စစ်ရေးအရ ထိန်းချုပ်သည်ဖြစ်စေ၊ မထိန်းချုပ်သည်ဖြစ်စေ စီမံကိန်းရဲ့ အနာဂတ်ဟာ AA ရဲ့လက်ထဲမှာ ရှိနေတယ်လို့ ဆိုပါတယ်။

ကျောက်ဖြူမြို့နယ် တစ်ခုလုံးကို အပြည့်အဝသိမ်းပိုက်မယ်ဆိုရင် လက်ရှိနဲ့ အနာဂတ်စီမံကိန်းတွေအတွက် သဘောတူစာချုပ်တွေ၊ ဘဏ္ဍာငွေ အစုရှယ်ယာ သဘောတူညီမှုတွေနဲ့ အခွန်အခ ကိစ္စရပ်တွေကိုပါ ပြန်လည်ဆွေးနွေးနိုင်မယ့် အခြေအနေတစ်ရပ်ကို ရောက်ရှိသွားမှာဖြစ်ကြောင်း အစီရင်ခံစာက ဆိုထားပါတယ်။
အာရက္ခတပ်တော် (AA) ဟာ ကျောက်ဖြူမြို့နယ်ကို ၂၀၂၄ အစောပိုင်းမှာ ဝင်ရောက်လာပြီးနောက် ကျေးရွာအုပ်စုပေါင်း ၅၄ ခုထဲက ၅၀ ကို ထိန်းချုပ်ထားသလို မြို့နယ်တစ်ခုလုံးကိုသိမ်းပိုက်ဖို့ စစ်ရေးအင်အား အပြည့်ရှိနေတယ်လို့လည်း ဆိုပါတယ်။

လက်ရှိမှာ ကျောက်ဖြူမြို့နယ်က ရင်းနှီးမြှုပ်နှံမှုစီမံကိန်းနေရာအားလုံးကို အာရက္ခတပ်တော် (AA) က ဝိုင်းရံပိတ်ဆို့ထားပြီးဖြစ်ပါတယ်။ ဒါ့ကြောင့် စီမံကိန်းတွေ ကောင်းမွန်စွာလည်ပတ်နိုင်ဖို့ တရုတ်စီမံကိန်းတွေ အပါအဝင် နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုကုမ္ပဏီတွေအနေနဲ့ AA နဲ့ ဆွေးနွေး ပူးပေါင်းတာတွေမရှိရင် စီမံကိန်းတွေကို ဆက်လက်လည်ပတ်ဖို့ မဖြစ်နိုင်ဘူးလို့ အစီရင်ခံစာက ဆိုပါတယ်။

This photo taken from a boat on October 2, 2019 shows a Chinese-owned oil refinery plant on Made Island off Kyaukphyu, Rakhine State. – Myanmar has declared Rakhine state — associated by many worldwide with the military’s 2017 crackdown on Rohingya Muslims — open for business. Beijing is now poised to cement its grip on the area with the deep-sea port, signed off in November 2018, and a colossal Special Economic Zone (SEZ) of garment and food processing factories. (Photo by Ye Aung THU / AFP) / TO GO WITH

၂၀၂၅ ဖေဖော်ဝါရီလမှာ ဓညဝတီရေတပ်စခန်းအနီးက စစ်ကောင်စီရဲ့ လုံခြုံရေးကင်းလှည့်တဲ့အဖွဲ့ကို AA က စတင်တိုက်ခိုက်ရာက တိုက်ပွဲတွေ ဖြစ်ပွါးနေခဲ့ပါတယ်။ စစ်ကောင်စီတပ်ကလည်း ဒရုန်းတိုက်ခိုက်မှုတွေနဲ့ ပြန်လည်ထိုးစစ်ဆင်ပြီးနောက် အနီးအနားကျေးရွာ ၃ရွာက အိမ်ခြေ ၂၀၀ ခန့်ကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။

ကျောက်ဖြူဒေသအနီးမှာ ထိတွေ့လာတဲ့ တိုက်ပွဲတွေကြောင့် ကျောက်ဖြူထဲက တရုတ်စီမံကိန်းတွေနဲ့ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေရဲ့ အခြေအနေကို စတင်စောင့်ကြည့်မှုတွေလည်း ရှိလာခဲ့တာပါ။

ပြီးခဲ့တဲ့ မတ်လဆန်းပိုင်းက စတင်ကာ ကျောက်ဖြူမြို့နယ်ထဲက စစ်တပ် ကာကင်းစခန်းတွေကို အာရက္ခတပ်တော် AA ဘက်က ထိုးစစ်ဆင်ခဲ့ပြီးနောက် တိုက်ပွဲတွေလည်း ပြင်းထန်ခဲ့ပါတယ်။

အနီးဝန်းကျင်‌ကျေးရွာတွေကို စစ်တပ်က လေကြောင်းဗုံးကြဲတာတွေ ပြုလုပ်ခဲ့ပြီး ဓညဝတီရေတပ်ဌာနချုပ်နဲ့ တရုတ်စီမံကိန်းတွေတည်ရှိတဲ့ နေရာအနီးဝန်းကျင်တွေမှာလည်း စစ်ကောင်စီက အင်အားဖြည့်တင်းမှုတွေ ဆက်တိုက်ပြုလုပ်လျက်ရှိနေပါတယ်။

0 Shares:
You May Also Like
Read More

နတ်တလင်းမှာ ကင်းလှည့်လာတဲ့ ရဲတွေ မိုင်းဆွဲခံရပြီး ၁ယောက်သေကာ ဒုရဲအုပ်ဆိုသူ ပြည်ဆေးရုံမှာ ခွဲစိတ်ကုသနေရ

ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်မှာ ဆိုင်ကယ်နဲ့ ကင်းပတ်ထွက်လာတဲ့ အကြမ်းဖက်ရဲတပ်ဖွဲ့ဝင်တွေကို မိုင်းဆွဲတိုက်ခိုက်ရာ ၁ယောက်သေဆုံးပြီး ဒုရဲအုပ်အပါအဝင် ၂ယောက်ကတော့ ထိခိုက်ဒဏ်ရာအပြင်းအထန်နဲ့ ပြည်ဆေးရုံပေါ်မှာ ခွဲစိတ်ကုသနေရတယ်လို့ သာယာဝတီခရိုင်တပ်ရင်း ၃၈၀၁၊ တပ်ခွဲ-၂ ၊ Phoenix DF ထံက သိရပါတယ်။
Read More

ကျိုက်ထိုမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်က စစ်ရေးလှုပ်ရှားမှုတွေလုပ်လာတာကြောင့် ထိတွေ့တိုက်ပွဲတွေဖြစ်နေပြီး ဒေသခံတချို့လည်း ထွက်ပြေးနေရ

မွန်ပြည်နယ်၊ ကျိုတ်ထိုမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်က စစ်ရေးလှုပ်ရှားမှုတွေ လုပ်ဆောင်လာနေပြီး ကျောက်ပုံ ကျေးရွာအနီးက KNLA ပူးပေါင်းတော်လှန်ရေးတပ်ဖွဲ့ရဲ့ ဂိတ်စခန်းတစ်ခုလည်း မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း တော်လှန်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။
Read More

သီတင်းကျွတ်လပြည့်နေ့မှာ မြေပြင်တော်လှန်ရေးရဲဘော်တွေဆီ NUG ပြည်ထောင်စုဝန်ကြီးချုပ် သွားရောက်တွေ့ဆုံ (ဓာတ်ပုံသတင်း)

အောက်တိုဘာ ၁၇ ရက် မနေ့က ကျရောက်တဲ့ သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မာအခါတော်နေ့) မှာ မြေပြင်တော်လှန်ရေးရဲဘော်တွေဆီကို အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက သွားရောက်တွေ့ဆုံခဲ့ပြီး ရဲဘော်တွေကလည်း ပြည်ထောင်စုဝန်ကြီးချုပ်ကို အလေးပြုခြင်းနဲ့ ဂါရဝပြုကန်တော့ခြင်းတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

တိုက်ပွဲအတွင်း ထိမှန်ကာ ဆေးရုံရောက်ခါနီးမှ ကျဆုံးခဲ့သည့် ရဲဘော်

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်တိုက်ပွဲအတွင်း ထိမှန်ဒဏ်ရာရခဲ့တဲ့ တော်လှန်ရေးရဲဘော်တစ်ယောက်ဟာ ဆေးကုသဖို့ သွားနေစဥ် လမ်းခရီးအခြေအနေကြောင့် ဆေးရုံရောက်ခါနီးမှာပင် ကျဆုံးသွားခဲ့တယ်လို့ ပခုက္ကူခရိုင် အမှတ် - ၄ တပ်ရင်းထံက သိရပါတယ်။
Read More

AA ထိန်းချုပ်ရာ နေရာများတွင် စက်တင်ဘာလအတွင်း စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၂၃ ဦး သေဆုံးပြီး ၄၉ ဦး ဒဏ်ရာရ

ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ အာရက္ခတပ်တော် (ULA/AA) ထိန်းချုပ်ထားရာဒေသမှာ စက်တင်ဘာလအတွင်း အကြမ်းဖက်စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အပြစ်မဲ့ပြည်သူ ၂၃ ယောက် သေဆုံးပြီး ၄၉ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ULA/AA က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ခမောက်ကြီးတပ်နယ်က အင်အား ၈၀ ခန့်ပါ အကြမ်းဖက်စစ်သားတွေ ကြားဖြတ်တိုက်ခိုက်ခံရပြီး ၆ ယောက် သေ၊ ၁၀ ယောက်ကျော် ဒဏ်ရာရ

ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့နယ်၊ မာရမ်းကျေးရွာဘက်ကို ဦးတည်လာနေတဲ့ ခမောကိကြီးတပ်နယ်က အကြမ်းဖက်စစ်သားတွေကို နိုဝင်ဘာ ၁၁ ရက်နေ့မှာ ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံက သိရပါတယ်။