ရှမ်းပြည်နယ်(‌တောင်ပိုင်း)နဲ့ ကယား(ကရင်နီ) အစပ် မိုးဗြဲမြို့သို့ အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို တော်လှန်ရေးပူးပေါင်းတပ်တွေ ခုခံတိုက်ခိုက်နေတယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ – နေပြည်တော်က သတင်းထုတ်ပြန်ထားပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်ဟာ မိုးဗြဲမြို့ကို ပြန်လည်သိမ်းယူနိုင်ဖို့ ဧပြီ ၁၉ ရက် မနက်ပိုင်းမှာ ဒရုန်းတွေ၊ လက်နက်ကြီးတွေ အသုံးပြုပြီး ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိရာ တော်လှန်ရေးပူးပေါင်း တပ်တွေရဲ့ ခုခံတိုက်ခိုက်မှုကြောင့် အများအပြား ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။

အထိနာသွားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေဟာ ခမရ ၄၂၂ တပ်စခန်းကို ပြန်လည်ဆုတ်ခွာခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

မိုးကုတ်မြို့ ရေကြီး‌ရေလျှံမှုကြောင့် နေအိမ်အချို့ပျက်စီးကာ လမ်းအက်ကွဲမှုများ ဖြစ်ပေါ်နေ (ရုပ်/သံ)

TNLA သိမ်းပိုက်ထားတဲ့ မိုးကုတ်မြို့မှာ ဇွန်လ ၂၆ ရက်နဲ့ ဒီနေ့ ဇွန်လ ၂၇ ရက်အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုဖြစ်ပွားနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

ယနေ့မန္တလေးမြို့မှာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လူထိခိုက်မှုရှိ (ရုပ်/သံ)

ငလျင်ဒဏ်အပြင်းအထန်ခံစားခဲ့ရတဲ့ မန္တလေးမြို့မှာ ယနေ့ မေလ ၁၀ ရက် နေ့လယ်ပိုင်းက မိုးသည်းထန်စွာရွာပြီး မိုးသီးကြွေမှုနဲ့ အဆောက်အအုံအမိုးများ လွှင့်ကျမှုကြောင့် လူထိခိုက်မှုရှိခဲ့တယ်လို့ ဒေသခံများထံက သိရပါတယ်။
Read More

ဘုန်းကြီးကျောင်းအတွင်း တပ်စွဲထားသည့် စစ်တပ်နှင့် ၃ ရက်ကြာ တိုက်ပွဲဖြစ်၊ စစ်တပ်ဘက်မှ ၁ ယောက် သေ၊ ၅ ယောက် ဒဏ်ရာရကာ ဆုတ်ခွာထွက်ပြေး (ရုပ်သံ)

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ မြေနက်ကျေးရွာဘုန်းကြီးကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ ၃ ရက်ကြာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ မုံရွာခရိုင်တပ်ရင်းအမှတ် ၁၉ က သတင်းထုတ်ပြန်ထားပါတယ်။
Read More

တောကျွဲအင်းမြို့က သိမ်းဆည်းရရှိခဲ့တဲ့ လက်နက်ခဲယမ်းများ (ရုပ်/သံ)

ယနေ့ ဇန်နဝါရီ ၉ ရက် နံနက်အစောပိုင်းမှာ ပဲခူးတိုင်း ကျောက်တံခါးမြို့နယ်ထဲက စစ်တပ်ဂိတ်စခန်း ၁၄ ကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ်ရှိ တောကျွဲအင်းမြို့ကိုပါ တော်လှန်ရေးပူးပေါင်းတပ်တွေက  ယာယီစိုးမိုးထိန်းချုပ်နိုင်ခဲ့တယ်လို့ ပဲခူးတိုင်းစစ်ဌာနက သတင်းထုတ်ပြန်ထားပါတယ်။
Read More

ကျားဖြူပါတီဝင်များ၏ ဝိုင်းကြီးပတ်ပတ် ဒူဝေဝေအကကြောင့် စိတ်ကျန်းမာရေးမကောင်းသူ မူးလဲ (ရုပ်/သံ)

ရန်ကုန်မြို့ ကျားဖြူပါတီဆိုင်းဘုတ်တင်ပွဲတစ်ခုမှာ ပါတီဝင်တွေရဲ့ ဝိုင်းကြီးပတ်ပတ် ဒူဝေဝေအကကြောင့် စိတ်ကျန်းမာရေးမကောင်းသူ မူးလဲသွားခဲ့တယ်လို့ သိရပါတယ်။
Read More

ပခုက္ကူမြို့နယ် ကံရပ်ကြီးကျေးရွာကို အကြမ်းဖက်စစ်တပ်က ရွာလုံးကျွတ် မီးရှို့ဖျက်ဆီး (ရုပ်/သံ)

မကွေးတိုင်း ပခုက္ကူမြို့နယ် ကံရပ်ကြီးကျေးရွာကို အကြမ်းဖက်စစ်တပ်ဟာ အင်အားအများအပြားသုံးပြီး မီးရှို့ဖျက်ဆီးခဲ့တာကြောင့် ရွာလုံးကျွတ်ပျက်စီးသွားခဲ့တယ်လို့ အညာမြေအရပ်ဖက်လူမှုအဖွဲ့အစည်း-မြိုင် တာဝန်ရှိသူက မောင်းကို ပြောပါတယ်။