ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်မှာ ရိက္ခာပို့ဖို့ ရှေ့ပြေး ထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေကို တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ခိုက်ရာ စစ်ကောင်စီဘက်က (၂) ယောက် သေဆုံးပြီး (၅) ယောက် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ ၃၆၀၁ တပ်ရင်းက သတင်းထုတ်ပြန်ထားပါတယ်။

မနေ့က ဧပြီလ ၂၁ ရက် နေ့လယ် ၂နာရီခွဲအချိန်မှာ ပေါင်းတည်မြို့နယ်၊ မှတ္တိုင်တိုက်နယ် ရဲစခန်းကနေ ဆိုင်ကယ် (၇)စီး၊ အင်အား (၁၄)ယောက်နဲ့ ကျောက်ကြီးတောင်ဂိတ်ကို ရိက္ခာပို့ဖို့ ရှေပြေးထွက်တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ကြားဖြတ် မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ပေါင်းတည်မြို့နယ်၊ ပေါက်တောရွာနဲ့ အဂ္ဂရာပြည့်ကွက်သစ်ကြား တံတားအနီးမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး မိုင်းကွင်း (၂) ကွင်း၊ မိုင်း (၆)လုံးနဲ့ တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

“သတင်းကြိုရထားလို့ ကြားဖြတ်တိုက်ခိုက်တာပါ။ သေဆုံးတွေကလည်း မျက်မြင်တွေပါပဲ” လို့ ၃၆၀၁ တပ်ရင်း၊ စစ်ထောက်လှမ်းရေးနှင့် သတင်းပြန်ကြားတာဝန်ခံ Shadow က မောင်းကို ပြောပါတယ်။

အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှုမှာ စစ်ကောင်စီဘက်က (၂) ယောက် ပွဲချင်းပြီး သေဆုံးသွားခဲ့ပြီး (၅)ယောက် ထိခိုက်ဒဏ်ရာ ရရှိသွားတယ်လို့ သိရပါတယ်။

အဲဒီနောက်မှာတော့ စစ်ကောင်စီတပ်တွေက လက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ပေမယ့် တော်လှန်ရေးရဲဘော်တွေက အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

မိုင်းဆွဲတိုက်ခိုက်မှုကြောင့် ဆိုင်ကယ်နဲ့အတူ လဲကျ သေဆုံးနေတဲ့ အလောင်းတွေကို စစ်ကောင်စီတပ်သားတွေက နေ့လယ် ၃ နာရီခွဲ အချိန်မှာ ပေါက်တောဘက်ကို ကားနဲ့ ပြန်လည်သယ်ဆောင်သွားပြီး ပေါက်တောတပ်ထဲမှာပဲ င်္သဂြိုဟ်ကာ ဒဏ်ရာရရှိသူတွေကိုတော့ မှတ္တိုင်ဆေးရုံမှာ ဆေးကုသနေတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

လှည်းကူးတွင် မဲရုံလုပ်မည့် ကျောက်အိုင်ရွာ အုပ်ချုပ်ရေးမှူးရုံးကို အဝေးထိန်းမိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်

ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်က ရွေးကောက်ပွဲအတုလုပ်ဆောင်မယ့် ကျောက်အိုင်ရွာအုပ်ချုပ်ရေးမှူးရုံးကို အဝေးထိန်းမိုင်းတွေနဲ့ သွားရောက်ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း Yangon Army အဖွဲ့တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ကန်နီပျူစောထီးရွာ စစ်ဆင်ရေးအတွင်း ခမရ ၂၅၂ က စစ်ကောင်စီတပ်သား ၁ ယောက် လက်နက်နဲ့အတူ အလင်းဝင်

မကွေးတိုင်း ၊ မြိုင်မြို့နယ် ၊ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ကန်နီ ပျူစောထီးကျေးရွာ စစ်ဆင်ရေးအတွင်း ခမရ ၂၅၂ က စစ်ကောင်စီတပ်သား ၁ ယောက် ‌ လက်နက်နဲ့ အလင်းဝင်လာတယ်လို့ သိရပါတယ်။
Read More

မော်လိုက်မြို့နယ်ရှိ စစ်တပ်နှင့်ပျူ ပူးပေါင်းအထိုင်ချထားသည့် ထော်သာစခန်းကို တော်လှန်ရေးတပ်များ တိုက်ခိုက်သိမ်းပိုက်

စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့နယ်အတွင်းရှိ အကြမ်းဖက်စစ်တပ်နဲ့ ပျူစောထီးတွေ ပူးပေါင်းအထိုင်ချထားတဲ့ ထော်သာစခန်းကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ ရှေ့တန်းစစ်ရေးသတင်းရင်းမြစ်ဆီက သိရပါတယ်။
Read More

တွံတေး ပကဖ တတိယအကြိမ်မြောက် တပ်သားသစ်တွေ ခေါ်ယူနေ

ရန်ကုန်တိုင်း၊ တွံတေးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ)ထံ ဝင်ရောက်တာဝန်ထမ်းလိုတဲ့ လူငယ်တွေကို တတိယအကြိမ်မြောက် တပ်သားသစ်တွေအဖြစ် ခေါ်ယူနေပါတယ်။
Read More

စစ်တပ်ပေါ်တာဆွဲစဉ် ထွက်ပြေးသည့် အမျိုးသား ၁ဦး ပစ်ခတ်ခံရပြီး သေဆုံး၊ ရုပ်အလောင်းကို ချက်ချင်းမကောက်ရဲတာကြောင့် ၃ရက်ကြာမှ သင်္ဂြိုဟ်ရ

ပဲခူးတိုင်း ၊ အုတ်ဖိုမြို့နယ်မှာ ပေါ်တာဆွဲမှုကို ထွက်ပြေးတဲ့ အမျိုးသားတစ်ယောက်ကို စစ်ကော်မရှင်တပ်သားတွေက လိုက်လံပစ်ခတ်တဲ့အတွက် သေဆုံးသွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ အောက်တိုဘာ ၁၂ ရက် နေ့လယ် ၂ နာရီလောက်မှာ ရေဒါကျေးရွာက ကိုအောင်နိုင်စိုးဟာ စစ်ကော်မရှင်တပ်သားတွေ ပေါ်တာဆွဲဖမ်းဆီးတဲ့အတွက် ကြောက်လန့်ပြီးထွက်ပြေးစဉ် မအူတန်းရွာ နဲ့ ကြို့ကိုးပင်ရွာကြားရှိ ဆည်မြောင်းပေါ်မှာ ပစ်ခတ်ခံရပြီး သေဆုံးသွားတယ်လို့ ဆိုပါတယ်။
Read More

ဆိပ်ဖြူမှာ ပျူရွာကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်၊ စစ်သား ၂ ယောက် သေ

မကွေးတိုင်း ၊ ဆိပ်ဖြူမြို့နယ်၊ ထမ္မကောက် ပျူစောထီးရွာကို Fixed Wings ဒရုန်းနဲ့ ဗုံးကြဲချတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၂ ယောက် သေဆုံးခဲ့တယ်လို့ Black Eagle Drone တပ်ဖွဲ့က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။