ကွယ်လွန်သွားပြီဖြစ်တဲ့ ပုပ်ရဟန်းမင်းကြီးအတွက် ဒေါ်အောင်ဆန်းစုကြည် ကိုယ်စား သားဖြစ်သူ ကင်မ်အဲရစ်က ဝမ်းနည်းကြောင်းသဝဏ်လွှာ ပေးပို့ခဲ့တယ်လို့ သူ့ရဲ့ လူမှုကွန်ရက်ကတဆင့် အသိပေးပါတယ်။

မြန်မာပြည်သူတွေရဲ့ စစ်မှန်တဲ့မိတ်ဆွေ ပုပ်ရဟန်းမင်းကြီး ဖရန်စစ် ကွယ်လွန်ခြင်းအပေါ် မိသားစုဝင်တွေနဲ့ ကက်သလစ်အသိုင်းအဝိုင်းအတွက် အထူးဝမ်းနည်းကြေကွဲရကြောင်း၊ ပုပ်ရဟန်းမင်းကြီး၏ ဝိဉာဉ်တော်သည် ငြိမ်းချမ်းရေး၊ တရားမျှတမှု၊ ဂုဏ်သိက္ခာနှင့် အခြေခံလွတ်လပ်ခွင့်များအတွက် ဆက်လက်ရုန်းကန်သူအားလုံး၏ နှလုံးသားထဲ ရှင်သန်နေမည်ဟု ဖော်ပြထားပါတယ်။

ပုပ်ရဟန်းမင်းကြီး ဖရန်စစ် ကွယ်လွန်ခဲ့ခြင်းအပေါ် ကျွန်တော်နဲ့ မေမေ (ဒေါ်အောင်ဆန်းစုကြည်) တို့ အလွန်ဝမ်းနည်းကြေကွဲရပါတယ်လို့ ကင်အဲရစ်က သူ့ရဲ့ဝမ်းနည်းကြောင်းသဝဏ်လွှာမှာ ဖော်ပြခဲ့ပါတယ်။

ပုပ်ရဟန်းမင်းကြီးနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ဟာ ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ်က ဗာတီကန် နန်းတော်မှာ တွေ့ဆုံခဲ့ဖူးပြီး စစ်အာဏာမသိမ်းမီ ၂၀၁၇ ခုနှစ်က မြန်မာနိုင်ငံမှာ ထပ်မံတွေ့ဆုံခဲ့ဖူးပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာလည်း ပုပ်ရဟန်းမင်းကြီးက မြန်မာနိုင်ငံ အမြန်ဆုံးငြိမ်းချမ်းဖို့ တောင်းဆိုပြောကြားမှုတွေ ရှိခဲ့ပါတယ်။

အသက် ၈၈ နှစ်အရွယ် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ဟာ ပြီးခဲ့တဲ့လပိုင်းက ဆေးရုံတက် ကုသမှုခံယူခဲ့ရပြီး ၂ လအကြာ မနေ့က ဧပြီ ၂၁ ရက်၊ မနက် ၇ နာရီ ၃၅ မိနစ်မှာ ရောမမြို့က ဗာတီကန်နန်းတော်မှာ ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ဟာ ကတ်သလစ်သာသနာခေါင်းဆောင်အဖြစ် ၁၂ နှစ်နီးပါး တာဝန်ယူခဲ့တာ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

တရားမဝင်ရွေးကောက်ပွဲတွင် ပါဝင်ပတ်သက်သူများကို အရေးယူမည်ဟု MSFC ထုတ်ပြန်

မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) က ပြီးခဲ့တဲ့ နိုဝင်ဘာလ (၃) ရက်နေ့ ရက်စွဲနဲ့ စစ်အုပ်စုရဲ့ အတုအယောင်ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ သဘောထားကို ထုတ်ပြန်ပြီးဖြစ်သလို တရားမဝင်ရွေးကောက်ပွဲမှာ ပါဝင်ပတ်သက်နေသူတွေကို အရေးယူသွားမယ်လို့လည်း အသိပေး ထုတ်ပြန်လာပါတယ်။
Read More

ခြေဆေးရွာကို စစ်တပ် လေယာဉ်ဗုံးကြဲလို့ အမျိုးသမီး ၁ ယောက်သေဆုံးပြီး ကိုယ်ဝန်ဆောင်သည်အပါအဝင် ၂ယောက်စိုးရိမ်ရ

မန္တလေးတိုင်း၊ မြင်းခြံမြို့နဲ့နွားထိုးကြီး အစပ်က ခြေဆေးကျေးရွာကို စစ်ကောင်စီက လေယာဥ်၂စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ရွာခံအမျိုးသမီး ၁ယောက်သေဆုံးကာ ကိုယ်ဝန်ဆောင်သည်အပါအဝင် အမျိုးသမီး​၂ယောက် စိုးရိမ်နေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

လက်နက်ခဲယမ်း မလုံလောက်မှုကြောင့် လက်ဆယ်ရဲစခန်းကို လက်လွှတ်လိုက်ရ၊ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၃ ဦး သေ၊ တော်လှန်ရေးရဲဘော် ၂ ဦး ကျဆုံး

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်၊ လက်ဆည်ရဲစခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်ခဲ့ကြပြီး နှစ်ဖက် ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တယ်လို့ အညာမြေတပ်ပေါင်းစုထံက သိရပါတယ်။
Read More

စစ်ကော်မရှင် တပ်သား ၁၀၀ ကျော်သေဆုံးပြီး ဗိုလ်ကြီး အဆင့်ရှိသူများ အပါအဝင် စစ်သုံ့ပန်း ၆၀ ကျော်ဖမ်းဆီး နိုင်ခဲ့ကြောင်း PRA -Magway ပြော၊ လေ့ကျင့်ရေးပိုင်းနှင့် အင်အားစုဆောင်းရေးကို ယခု နှစ်(၂၀၂၆) အတွင်း ပိုမိုလုပ်ဆောင် သွားမည်ဟု ဆို

ရခိုင်ရိုးမနဲ့ ဆက်စပ်နေတဲ့ မကွေးတိုင်းအနောက်ခြမ်း၊ တောင်ပေါ်ဒေသ တွေမှာ ပြီးခဲ့တဲ့ (၂၀၂၅)တစ်နှစ်တာ အတွင်း အရှိန်အဟုန်မြင့် စစ်​ဆင်ရေးတွေ ဖော်ဆောင်နိုင်ခဲ့ကြောင်းနဲ့ အခြားတော်လှန်ရေး လုပ်ငန်းစဥ်တွေ တွဲဖက်လုပ်ကိုင် နိုင်ခဲ့တယ်လို့ လည်း PRA-Magway စစ်ဦးစီးချုပ် နောင်သူရိန်က မောင်းကို ပြောပါတယ်။
Read More

တော်လှန်ရေး ထိန်းချုပ်နယ်မြေများကို စစ်သည်အင်အား အကုန်ထုတ်သုံး၍ ကာကွယ်နေကြောင်း မတ္တရာ ပကဖ ထုတ်ပြန် 

မတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဟာ စစ်အာဏာရှင် ဆန့်ကျင်တော်လှန်ရေး တိုက်ပွဲအတွင်း တော်လှန်ရေးခြေလှမ်း မရပ်တန့်ဘဲ စစ်သည်အင်အား အကုန်သုံးပြီး တိုက်ခိုက်နေကြောင်း ထုတ်ပြန်ထားပါတယ်။
Read More

မြိုင်မြို့နယ်တွင် ဗကသများအဖွဲ့ချုပ်မှ လေကြောင်းအန္တရာယ်ကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲနှင့် သရုပ်ပြခြင်းများ ပြုလုပ် (ဓာတ်ပုံသတင်း)

မကွေးတိုင်း၊ မြိုင်မြို့နယ်ရှိ ပြည်သူ့အခြေပြု ကျောင်းတစ်ကျောင်းမှာ ရေစကြိုမြို့နယ်ကျောင်းသားသမဂ္ဂနဲ့ မြိုင်မြို့နယ်ကျောင်းသားသမဂ္ဂ ပူးပေါင်းပြီး  လေကြောင်းအန္တရာယ်ကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲတရပ် ပြုလုပ်ခဲ့တယ်လို့ ဗကသများအဖွဲ့ချုပ်က မနေ့ကညပိုင်းမှာ ထုတ်ပြန်ပါတယ်။