နိုင်ငံတကာမှာ မျက်နှာသာရစေရေး အကျဉ်းသားလွှတ်ပေးမှုကို ဟန်ပြသရုပ်ဖော်ခဲ့တဲ့ အကြမ်းဖက်စစ်ကောင်စီက မြန်မာနှစ်သစ်ကူး အတာသင်္ကြန်ကာလအတွင်း လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တာကြောင့် အရပ်သားပြည်သူ ၉၁ ယောက် သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဥ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) က မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

နှစ်သစ်ကူး င်္သကြန်ကာလအတွင်းမှာပဲ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ တနင်္သာရီတိုင်း၊ ကရင်ပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်တို့ကို အကြမ်းဖက် စစ်အုပ်စုက လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ကျူးလွန်ခဲ့တယ်လို့ AAPP က ဆိုပါတယ်။

အဆိုပါလေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူ (၂၁) ယောက် သေဆုံးခဲ့တာကို နာမည်နဲ့တကွ အတည်ပြုနိုင်ခဲ့ပြီး ကျန်တဲ့ သေဆုံးအရပ်သား (၇၀) ယောက်ရဲ့ စာရင်းကိုလည်း အတည်ပြုနိုင်ရေး သီးခြားကောက်ယူစုဆောင်းရရှိထားတယ်လို့ AAPP က ဆိုပါတယ်။

၂၀၂၁ ခုနှစ် အကြမ်းဖက်စစ်တပ် အာဏာသိမ်းချိန်ကစလို့ ၂၀၂၅ ခုနှစ်၊ ဧပြီလ ၂၁ ရက်အထိ အကြမ်းဖက်စစ်အုပ်စုနဲ့ သူ့လက်ပါးစေတွေကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရတဲ့ ဒီမိုကရေစီရေး လှုပ်ရှားသူနဲ့ ပြည်သူစုစုပေါင်း (၆၅၂၀) ယောက်ရှိခဲ့ပြီဖြစ်တယ်လို့ AAPP က ဆိုပါတယ်။

၂၀၂၅ ခုနှစ်၊ မြန်မာနှစ်ဆန်းတစ်ရက်နေ့မှာ အကြမ်းဖက်စစ်အုပ်စုက နိုင်ငံတဝန်း အကျဉ်းချခံထားရသူ အကျဉ်းသား၊ အကျဉ်းသူ (၄၈၉၃) ယောက်ကို ထောင်ကနေ လွှတ်ပေးခဲ့ရာမှာ နိုင်ငံရေးအကျဉ်းသားပါဝင်မှုအနေနဲ့ ဧပြီ ၂၁ ရက်ညနေ ၄ နာရီအထိ ကောက်ယူခဲ့မှုအရ နိုင်ငံရေးအကျဉ်းသား (၃၈၀) ဝန်းကျင် လွတ်မြောက်လာတယ်လို့ AAPP က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

သမိုင်းဝင် ခြံအမှတ် (၅၄) ကို စစ်ကောင်စီ သုံးကြိမ်တိုင် လေလံတင်ရောင်းချခဲ့သော်လည်း ဝယ်ယူမည့်သူ မရှိသေး

ရန်ကုန်မြို့၊ တက္ကသိုလ်ရိပ်သာလမ်းက သမိုင်းဝင် ခြံအမှတ် (၅၄) နေအိမ်ကို တတိယအကြိမ် စစ်ကောင်စီထိန်းချုပ်ထားတဲ့ တရားရုံးက လေလံတင်ရောင်းချခဲ့ပေမယ့် ဝယ်ယူမယ့်သူ မရှိခဲ့ဘူးလို့ သိရပါတယ်။
Read More

မုဒုံမှာ စစ်ကောင်စီရဲ့ အမြောက်တပ်ကို ရှော့တိုက်ဒုံး၊ ဒရုန်းတွေနဲ့ တိုက်ခိုက်ရာ လက်နက်တိုက်ပျက်စီးပြီး စစ်ကောင်စီတပ်က ၃ ယောက် သေဆုံး

မွန်ပြည်နယ်၊ မုဒုံမြို့နယ် အဘစ်ကျေးရွာရှိ အကြမ်းဖက်စစ်ကောင်စီရဲ့ အမြောက်တပ် အမတ - ၃၁၈ ကို ရှော့တိုက်ဒုံး၊ ဒရုန်းတွေနဲ့ တိုက်ခိုက်ရာ လက်နက်တိုက်ပျက်စီးပြီး စစ်ကောင်စီတပ်က ၃ ယောက်သေဆုံးကာ ၁ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဘူးသီးတောင်မှာ စစ်ကောင်စီ လက်ပါးစေ လက်နက်ကိုင်အဖွဲ့တွေရဲ့ အခိုင်အမာစခန်းနေရာတွေကို ၄ နေရာကို သိမ်းပိုက်ပြီး အလောင်းတွေနဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိတယ်လို့ AA ထုတ်ပြန်

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီ လက်ပါးစေ အကြမ်းဖက်လက်နက်ကိုင်အဖွဲ့တွေရဲ့ အခိုက်အမာစခန်းနေရာ ၄ ခု ကို တိုက်ခိုက်သိမ်းပိုက်ပြီး အကြမ်းဖက်သမား အလောင်းတွေနဲ့ အကြမ်းဖက်စစ်ကောင်စီက တပ်ဆင်ပေးထားတဲ့ လက်နက်ခဲယမ်းတွေကို သိမ်းဆည်းရမိခဲ့တယ်လို့ ရက္ခိုင့်တပ်တော် (AA) ကထုတ်ပြန်ထားပါတယ်။
Read More

ရွေးကောက်ပွဲဝင်မယ့် ပါတီတချို့နဲ့ အပစ်ရပ်လက်နက်ကိုင်တချို့ ဖက်ဒရယ်စနစ်ဆွေးနွေးပွဲအတွက် အိန္ဒိယနိုင်ငံကို ရောက်ရှိနေဟု ဆို

စစ်ကာင်စီရဲ့ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် နိုင်ငံရေးပါတီတချို့နဲ့ အပစ်ရပ် လက်နက်ကိုင်အဖွဲ့တချို့ဟာ အိန္ဒိယနိုင်ငံကို လေ့လာရေးခရီးစဉ် တစ်ခု သွားရောက်နေတယ်လို့ စစ်ကောင်စီ ဝါဒဖြန့်မီဒီယာတွေမှာ ဖော်ပြပါတယ်။
Read More

မန်တုံမြို့နှင့် မိုင်းငေါ့မြို့မှာ စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံ (၁) ဦးသေဆုံး၊ (၃)ဦး ဒဏ်ရာရ…

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ တအာင်းတပ်မတော် TNLA ထိန်းချုပ်ထားတဲ့ မန်တုံမြို့နဲ့ မိုင်းငေါ့မြို့တို့မှာ အကြမ်းဖက်စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ဗုံးလာ ရောက်ကြဲ ချတိုက်ခိုက်ခဲ့ရာ ဒေသခံပြည်သူ ၁ ယောက် သေဆုံးပြီး ၃ ယောက် ဒဏ်ရာရခဲ့တယ်လို့ TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ပဲခူးတိုင်း ပကဖ က ရေဘေးသင့်ပြည်သူတွေကို ထောက်ပံ့မှုတွေ ပြုလုပ်

ပဲခူးတိုင်းအရှေ့ခြမ်း စစ်တောင်းမြစ်ဝှမ်းစစ်ဆင်ရေးနယ်မြေ ပကဖ၊ ပအဖနဲ့အဖွဲ့တွေက ရေဘေးဒဏ်သင့် ဒေသခံပြည်သူတွေကို ရိက္ခာနဲ့ ငွေကြေးတွေ ထောက်ပံ့ခဲ့တယ်လို့ ပကဖအသံက သတင်းဖော်ပြထားပါတယ်။