ငလျင်ကြောင့် အပစ်ရပ်တယ်လို့ ဟန်ပြပြောဆိုကာ နေ့စဉ် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတဲ့ စစ်ကောင်စီက ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကာလကို ဧပြီ ၃၀ ရက်အထိ သက်တမ်းတိုးမြှင့်လိုက်တယ်လို့ ဝါဒဖြန့် ထုတ်ပြန်ပါတယ်။

ယာယီပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးကာလကို မူလက ဧပြီ ၂ ရက်ကနေ ၂၂ ရက်အထိ သတ်မှတ်ခဲ့ရာက ဧပြီ ၃၀ ရက်အထိ ထပ်မံတိုးမြှင့်တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။

ငလျင်ဒဏ်သင့်ဒေသတွေမှာ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေကို အရှိန်အဟုန်နဲ့ ဆောင်ရွက်နိုင်ဖို့၊ နိုင်ငံနဲ့ နိုင်ငံသားအားလုံးရဲ့ အကျိုးစီးပွါးအတွက် အပစ်ရပ် စက်တမ်းတိုးတာဖြစ်တယ်လို့ နေ့စဉ် အရပ်သားပြည်သူတွေကို ဗုံးကြဲတိုက်ခိုက်နေရင်း စစ်ကောင်စီက ဝါဒဖြန့်ပြောဆိုပါတယ်။

အာဏာသိမ်း စစ်ကောင်စီဟာ အပစ်ရပ်တယ်လို့ကြေညာပြီးတဲ့နောက်ပိုင်းမှာ ငလျင်ဒဏ်သင့်ဒေသတွေ အပါအဝင် နိုင်ငံတစ်ဝန်းကို လေကြောင်းတိုက်ခိုက်မှုတွေ အရှိန်မြှင့် လုပ်ဆောင်လျက်ရှိပါတယ်။

အကြမ်းဖက်စစ်ကောင်စီက မြန်မာနှစ်သစ်ကူး အတာသင်္ကြန်ကာလအတွင်း လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တာကြောင့် နိုင်ငံတစ်ဝန်းမှာ အရပ်သားပြည်သူ ၉၁ ယောက် သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဥ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) က မနေ့က ဧပြီလ ၂၁ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီက အပစ်ရပ်တယ်လို့ ပြောကြားထားတဲ့ ကာလအတွင်းမှာပင် လေကြောင်းတိုက်ခိုက်မှုအကြိမ် ၆၀ထက်မနည်း ပြုလုပ်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကလည်း ထုတ်ပြန်ပါတယ်။

စစ်ကောင်စီရဲ့ ငလျင်အကြောင်းပြ အပစ်ရပ်မှုဟာ ဟန်ပြသာဖြစ်ပြီး မြေပြင်ရောဝေဟင်ကပါ နိုင်ငံတစ်ဝန်း တိုက်ခိုက်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရက ကန့်ကွက်ရှုတ်ချ ပြောဆိုထားပါတယ်။

0 Shares:
You May Also Like
Read More

ဖားကန့်တွင် စစ်တပ်ပစ်ခတ်သည့် လက်နက်ကြီးကြောင့် ၂ နှစ်အရွယ် ကလေးငယ် သေဆုံး၊ ၅ ဦး ဒဏ်ရာရ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာမှာ အကြမ်းဖက်စစ်တပ် ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး ၂ နှစ်အရွယ် ကလေးငယ် တစ်ယောက် သေဆံဒးခဲ့ပြီး ပြည်သူ ၅ ယောက် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

ဆားလင်းကြီးမြို့မရဲစခန်းကနေ လက်နက်နဲ့ အလင်းဝင်လာခဲ့တဲ့ ရဲတပ်သားကို Salingyi Revolution Eagles က ဂုဏ်ပြုဆုငွေ ပေးအပ်

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့မ အကြမ်းဖက်ရဲစခန်းက လက်နက်အပြည့်အစုံနဲ့ အလင်းဝင်လာတဲ့ ရဲတပ်သားကို ဂုဏ်ပြုဆုငွေ ပေးအပ်ခဲ့တယ်လို့ Salingyi Revolution Eagles က ထုတ်ပြန်ပါတယ်။
Read More

ညောင်လေးပင်ခရိုင်အတွင်း စစ်ကောင်စီတပ်၏ လက်နက်ကြီးနှင့် ဒရုန်းပစ်ခတ်မှုများကြောင့် အရပ်သား ၁ ဦး သေဆုံး၊ နေအိမ် (၄) လုံးနှင့် ဘုန်းကြီးကျောင်း (၁) ကျောင်း ပျက်စီးခဲ့

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်နဲ့ မူးမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က ပြည်သူလူထုကို ပစ်မှတ်ထားတဲ့ လက်နက်ကြီးတွေ၊ ဒရုန်းတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် အရပ်သားပြည်သူ (၁) ယောက် သေဆုံးပြီး နေအိမ် (၅) လုံးနဲ့ ဘုန်းကြီးကျောင်း (၁) ကျောင်းပျက်စီးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ပဲခူး၊ မင်းလှမှာ စစ်တပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ၁၀ နှစ်အရွယ်ကလေးငယ်တစ်ယောက် ထိခိုက်ဒဏ်ရာရ

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ ကံတင်ဘီလင်းဆည်ဘောင်ပေါ်က ကျေးရွာတွေကို စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
Read More

BPLA ရဲ့ နိုင်ငံရေး၊ စစ်ရေးဆိုင်ရာမူဝါဒ ရပ်တည်ချက်‌စာတမ်းထုတ်ပြန်ခြင်း တစ်နှစ်ပြည့်အထိမ်းအမှတ် အားကစားပွဲ ပြုလုပ် (ဓာတ်ပုံသတင်း)

ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)က နိုင်ငံရေး၊ စစ်ရေးဆိုင်ရာမူဝါဒ ရပ်တည်ချက်‌ကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ (၄)ရက်မှာ ထုတ်ပြန်ခဲ့ရာ မူဝါဒရပ်တည်ချက် ထုတ်ပြန်ခြင်း တစ်နှစ်ပြည့်အထိမ်းအမှတ်အားကစားပွဲကို BPLA ရဲ့ စစ်ဒေသအသီးသီးမှာ မဟာမိတ်တပ်တွေနဲ့အတူ ဇန်နဝါရီ (၄)ရက်မှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ပုလဲ ပအဖ က တောင်ယမားရေလှောင်တမံကို သွားရောက်ကြည့်ရှုစစ်ဆေး

ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ တိုက်နယ်၊ ရပ်ကျေး အုပ်ချုပ်ရေး၊ ကာကွယ်ရေးအဖွဲ့တွေ တောင်ယမားရေလှောင်တမံ ပြုပြင်ထိန်းသိမ်းစောက်ရှောက်ရေးကော်မတီတို့က စက်တင်ဘာ ၂၈ ရက် ဒီနေ့မှာ တောင်ယမားဆည် ရေဝင်မှုအခြေအနေတွေ သေချာတိကျစွာ သိရှိနိုင်အောင် သွားရောက်ခဲ့တယ်လို့ သိရပါတယ်။