မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်မှာ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့ကြား ၂ ရက်တာတိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေ ရှိသလို ပြည်သူ ၁ယောက်လည်း သေဆုံးခဲ့တယ်လို့ ဗမာ့တပ်တော် – Bamar Army က သတင်းထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၁၉ရက်နေ့၊ မနက် ၁၀ နာရီ ဝန်းကျင်အချိန်မှာ အင်အား ၁၅၀ ခန့်ပါတဲ့ စစ်တပ်စစ်ကြောင်းဟာ နွယ်တမယ်ကျေးရွာကနေ တော်လှန်ရေးတပ်တွေရဲ့ စိုးမိုးနယ်မြေအတွင်းက ရှား‌တောရွာဘက်ကို နွယ်တမယ်မြောင်းအတိုင်း စစ်ကြောင်းထိုး ဝင်ရောက်လာစဉ် ဗမာ့တပ်တော်၊ အမှတ်(၇၀၇)တပ်ရင်းနဲ့ ပေါက်တောင်ပိုင်း ကျန်းမာ‌ရေးနှင့် သူနာပြုတပ်ဖွဲ့တို့က စောင့်ကြို တိုက်ခိုက်ခဲ့ပါတယ်။

နေ့လယ် ၁၂ နာရီ ဝန်းကျင်အချိန်မှာ စတင်ပြီး လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ အပြန်အလှန်ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

အဲဒီတိုက်ပွဲမှာ တော်လှန်ရေးရဲဘော်တွေ ထောင်ထားတဲ့ ရှေ့ထွက်မိုင်းတွေအပြင် လက်နက်ကြီးတွေနဲ့ပါ ပစ်ခတ်တိုက်ခိုက်နိုင်ခဲ့တာကြောင့် စစ်ကောင်စီတပ်သားတွေ ထိခိုက်ဒဏ်ရာများစွာ ရခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီစစ်‌ကြောင်းဘက်က လက်နက်ကြီးတွေနဲ့ ပြန်လည် ပစ်ခတ်ရာမှာ ပန်းတော‌‌ကြီးကျေးရွာကို ကျရောက်ပေါက်ကွဲခဲ့ပြီး ဒေသခံပြည်သူ ၇ ယောက် ထိခိုက်ခဲ့ကာ အမျိုးသား ၁ ယောက်ကတော့ နေရာမှာတင် သေဆုံးသွားတယ်လို့ သိရပါတယ်။

နောက်တစ်ရက် ဧပြီလ ၂၀ ရက်နေ့၊ မနက် ၈ နာရီဝန်းကျင်အချိန်မှာလည်း တော်လှန်ရေးရဲဘော်တွေက သမြင်ကင်းဘက်ကို မိုင်းထောင်ပြီး ခုခံဖို့ ပြင်ဆင်နေချိန်မှာ စစ်ကောင်စီတပ်သားတွေက ညောင်ကုန်း၊ မယ်ဇလီရွာဘက်ကနေ စတင်ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီနောက်မှာ စစ်ကောင်စီတပ်တွေက ဂျက်ဖိုက်တာနဲ့ ပန်းတောကြီးရွာကို နှစ်ကြိမ်တိုင်တိုင် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး စက်သေနတ်ကြီးတွေနဲ့လည်း ပစ်ခတ်တိုက်ခိုက်ခဲ့ပေမယ့် တော်လှန်ရေးရဲဘော်တွေကတော့ ထိခိုက်မှုမရှိခဲ့ဘူးလို့ သိရပါတယ်။
ရှေ့ဆက်တက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ နေ့လယ် ၁ နာရီဝန်းကျင်အချိန်မှာ တော်လှန်ရေးတပ်တွေ ထောင်ထားတဲ့ မိုင်းကွင်းအတွင်း နင်းမိပေါက်ကွဲခဲ့ပြီး နှစ်ဖက်အပြန်အလှန် တိုက်ပွဲ ၃နာရီကြာ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်းမှာ မကွေးလေတပ်ကနေ Jet Fighter တွေနဲ့ ၅ ကြိမ်ခန့် လေကြောင်းပစ်ကူ‌ပေးခဲ့တာကြောင့် မြောင်းခွရွာက နေအိမ်တစ်လုံး မီးလောင် ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

အဆိုပါစစ်ကြောင်းဟာ လေကြောင်းပစ်ကူတွေနဲ့ ဆက်လက် ထိုးစစ်ဆင်ခဲ့ပေမယ့် တော်လှန်ရေးတပ်တွေက လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပြန်လည်ခုခံ တိုက်ခိုက်ခဲ့တာကြောင့် ညနေ ၄ နာရီ ဝန်းကျင်အချိန်မှာ စစ်ကောင်စီတပ်တွေက ပြန်လည်ဆုတ်ခွာသွားခဲ့တယ်လို့ သိရပါတယ်။

ထိတွေ့တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား အများအပြား ထိခိုက်ကျဆုံးခဲ့ပြီး ဒဏ်ရာရသူတွေကို စစ်ဆေးရုံသို့ ပြောင်းရွှေ့ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။

ည ၆ နာရီ ဝန်းကျင်အချိန်မှာလည်း ညောင်ကုန်းရွာနဲ့ ရှားတောရွာဘက်ရှိ စစ်ကောင်စီတပ်သားတွေ ခေတ္တအခြေပြုရာ နေရာကို ဗမာ့တပ်တော်နဲ့ ပူးပေါင်းတပ်တွေက ဒရုန်းဗုံးတွေ၊ ၆၀ မမလက်နက်ကြီးတွေနဲ့ ထပ်မံပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သားတွေ ထိခိုက်အကျအဆုံးများခဲ့တာကြောင့် မကွေးလေတပ်ကနေ လေကြောင်းပစ်ကူ ၇ ကြိမ် လာရောက်ပစ်ခတ်ခဲ့ပေမယ့် တော်လှန်ရေးရဲဘော်တွေ အထိအခိုက်မရှိခဲ့ဘူးလို့ သိရပါတယ်။

၂ ရက်တာ ထိတွေ့တိုက်ပွဲအတွင်း ဗမာ့တပ်တော် အမှတ်(၇၀၇) တပ်ရင်း၊ ပေါက်‌တောင်ပိုင်း ကျန်းမာရေးနှင့်သူနာပြုတပ်ဖွဲ့၊ ဒေါင်းစစ်အောင် LPDF၊ မင်းဘူးခရိုင် အမှတ် ၁ တပ်ရင်း၊ မင်းဘူးခရိုင် လက်ရုံးတပ်ဖွဲ့၊ ပကဖ(စလင်း)တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

 

0 Shares:
You May Also Like
Read More

ဝက်လက်က အုန်နှဲဘုတ်ရွာကို စစ်ကောင်စီ စစ်ကြောင်းထိုးလို့ ပြည်သူတွေ ညတွင်းချင်း စစ်ဘေးရှောင်နေရ

စစ်ကိုင်းတိုင်း၊ ဝက်လက်က အုန်နှဲဘုတ်ရွာကို စစ်ကောင်စီက စစ်ကြောင်းထိုးဝင်ရောက်လာလို့  ထောင်နဲ့ချီတဲ့ ပြည်သူတွေ ညတွင်းချင်း စစ်ဘေးရှောင်ထွက်ပြေးနေရတယ်လို့ Wetlet Informational Network ထံက သိရပါတယ်။ 
Read More

တိုက်ပွဲများတွင် ယှဥ်နိုင်စွမ်းမရှိသော အကြမ်းဖက်စစ်တပ်မှ ကစဉ့်ကလျား ထွက်ပြေးလာသည့် စစ်သားများကို ဆက်တိုက်ဖမ်းမိနေကြောင်း AA ထုတ်ပြန်

ရခိုင့်တပ်တော် AA နဲ့ အာဏာသိမ်းစစ်တပ်တို့ ရခိုင်-ပဲခူးတိုင်းအစပ်၊ ရခိုင်-မကွေးတိုင်းအစပ်၊ ရခိုင်-ဧရာဝတီတိုင်းအစပ်တို့မှာ တိုက်ပွဲတွေ ပြင်းထန်နေပြီး အဆိုပါတိုက်ပွဲတွေကနေ အလံဖြူထောင် လက်နက်ချတဲ့ စစ်သားတွေ၊ ကစဥ့်ကလျား ထွက်ပြေးလာတဲ့ စစ်သားတွေကို ဆက်တိုက်ဖမ်းဆီးရမိနေတယ်လို့ AA က ဆိုပါတယ်။
Read More

ဒီးမော့ဆိုအနောက်ခြမ်း စစ်ရှောင်ပြည်သူများ သောက်သုံးရေနှင့် စားနပ်ရိက္ခာအကူအညီများ လိုအပ်နေ

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုအနောက်ခြမ်းမှာရှိတဲ့ စစ်ဘေးရှောင် ပြည်သူတွေဟာ သောက်သုံးရေ၊ ဆန်နဲ့ ရိက္ခာအတွက် အကူအညီတွေ လိုအပ်နေတယ်လို့ Jobs For Kayah ထံက သိရပါတယ်။
Read More

မင်းလှ ပကဖ ပံ့သကူပစ်ရင်း ရွေးကောက်ပွဲအတု ဆန့်ကျင်ရေး လှုပ်ရှားမှုပြုလုပ်

ပဲခူးတိုင်းအနောက်ခြမ်း၊ မင်းလှမြို့နယ်မှာ တစ်နိုင်ငံလုံးနည်းတူ တန်ဆောင်မုန်းလ မုန့်ဖိုးတွေ ပံ့သကူ ပစ်ရင်း စစ်တပ်ရဲ့ အတုအယောင် ရွေးကောက်ပွဲကို ဆန့်ကျင်ခဲ့ကြောင်း မင်းလှမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

နောင်ချို၊ ဂန့်ကော်ရွာတိုက်ပွဲအတွင်း စစ်တပ်က ဒရုန်းနဲ့ ကြဲချတိုက်ခိုက်လို့ ဘုန်းကြီးကျောင်း ပျက်စီး

TNLA ကထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ် နောင်ချိုမြို့နယ်၊ ဂန့်ကော်ကျေးရွာက အရပ်သားပစ်မှတ်တွေကို စစ်တပ်က ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့ကြောင်း TNLA က အသိပေးထုတ်ပြန်ပါတယ်။
Read More

အကြမ်းဖက်စစ်အုပ်စုက ၄ လအတွင်း အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု ဖြစ်စဥ် ၅၆ ခု ကျူးလွန်ကာ အရပ်သား ၆၄၀ ကျော်ကို သတ်ဖြတ်ခဲ့

မင်းအောင်လှိုင် ဦးဆောင်တဲ့ အကြမ်းဖက်စစ်အုပ်စုက ၄ လအတွင်း နိုင်ငံတစ်ဝှမ်း အရပ်သား အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု ဖြစ်စဥ်ပေါင်း ၅၆ခုကို ကျူးလွန်ခဲ့ပြီး အနည်းဆုံး အရပ်သား ၆၄၀ ကျော်ကို သတ်ဖြတ်ခဲ့တယ်လို့ ဉာဏ်လင်းသစ် သုတေသနအဖွဲ့ထံက သိရပါတယ်။