ချင်းပြည်နယ်၊ ဟားခါးမြို့မှာ အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ ရဲ ၂ ယောက်ကို လက်နက်ခဲယမ်း၊ အသုံးအဆောင်အချို့နဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ Chinland Defense Force – Hakha က ဒီနေ့ ထုတ်ပြန်ပါတယ်။

ဟားခါးမြို့ရှိ အပြစ်မဲ့ပြည်သူတွေကို လက်နက်အားကိုးပြီး ခြိမ်းခြောက်ငွေညှစ်လုယှက်နေတဲ့ အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ ရဲသား နှစ်ယောက်ကို ဧပြီလ (၂၁) ရက် မနေ့က CDF-Hakha ကနေ ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
အပြစ်မဲ့ပြည််သူတွေကို ဒုက္ခမျိုးစုံပေးနေတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို CDF-Hakha အနေနဲ့ လိုက်လံအရေးယူသွားမယ်လို့လည်း အသိပေးထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ဖလမ်းအနောက်မြောက်ပိုင်းတွင် တိုက်ပွဲဖြစ်ပြီး စစ်အုပ်စုဘက်က ထိခိုက်သေဆုံးမှုများ ရှိ၊ သုံ့ပန်း၂ ဦးနှင့် လက်နက်များရရှိထားဟု CNDF ပြော

ချင်းပြည်နယ်၊ ဖလမ်းမြို့ကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်နဲ့ ဇန်နဝါရီလ ၃ ရက်နေ့ ညပိုင်းက တိုက်ပွဲဖြစ်ပွားပြီး စစ်ကော်မရှင်တပ်သား၂ ယောက် အရှင်ဖမ်းဆီးရမိကာ လက်နက်ခဲယမ်းတွေသိမ်းဆည်းရမိခဲ့တယ်လို့ ချင်းအမျိုးသားကာကွယ်ရေးတပ်(CNDF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီထွဋ်က မောင်းကို ပြောပါတယ်။
Read More

ပြည်သူတွေရဲ့ အမှန်တကယ်လိုအပ်ချက်ကို ဖြည့်ဆည်းပေးဖို့ အများကြီးလိုအပ်နေသေးတယ်လို့ NUG ဝန်ကြီးချုပ် ပြော

တော်လှန်ရေးကာလမှာ ပြည်သူတွေရဲ့ အမှန်တကယ်လိုအပ်ချက်ကို ဖြည့်ဆည်းပေးဖို့ အများကြီး လိုအပ်နေသေးတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောပါတယ်။ 
Read More

စစ်တောင်းမြစ်အရှေ့ကမ်းက ကျေးရွာ ၂ခုကို စစ်ကောင်စီက တိုက်လေယာဥ်နဲ့ဗုံးကြဲတိုက်ခိုက်၊ ဦးဇင်းတစ်ပါး ထိခိုက်ဒဏ်ရာရပြီး သာသနာ့ အဆောက်အဦးများနှင့် အရပ်သားနေအိမ်များ မီးလောင်ပျက်စီးခဲ့…

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်မြို့နယ်မှာ အကြမ်းဖက် စစ်ကောင်စီက တိုက်ပွဲမဖြစ်ပွားတဲ့ စစ်တောင်းမြစ်အရှေ့ဘက်ကမ်းက ကျေးရွာတွေကို လေကြောင်းတိုက်ခိုက်ရာ ဘုန်းကြီးကျောင်းနဲ့ ဓမ္မာရုံတွေအပါဝင် အရပ်သားနေအိမ်တွေ မီးလောင်ပျက်စီးပြီး ဦးဇင်း ၁ ပါး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ) ရရှိခဲ့တယ်လို့ သိရပါတယ်။
Read More

NLD အစိုးရလက်ထက် စစ်တပ်ခန့် ဒုသမ္မတ ဦးမြင့်ဆွေ ကျန်းမာရေး အထူးစိုးရိမ်ရဟု ကာလုံ ထုတ်ပြန်

အကြမ်းဖက် စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီ (ကာလုံ) မှာ ယာယီသမ္မတရာထူး ယူထားတဲ့ ဦးမြင့်ဆွေဟာ ကျန်းမာရေး အထူးစိုးရိမ်ဖွယ်ရာအခြေအနေကြောင့် အမှတ်(၂)တပ်မတော် ဆေးရုံမှာ အထူးကြပ်မတ်ကုသမှုခံယူနေရတယ်လို့ ဒီနေ့မှာ ထုတ်ပြန်လာပါတယ်။
Read More

PDF ရဲဘော်များ မကြာခင် ပြန်လွတ်လာမည်၊ အနည်းငယ် နားလည်မှုလွဲရုံသာဖြစ်ပြီး စစ်အာဏာရှင်ကို အဆုံးထိ ဆက်တိုက်သွားမည်ဟု ဗျူဟာ ၃၃ နည်းဗျူဟာမှူး စောဒါးကို အသိပေး

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ တပ်မဟာ (၄)၊ တပ်ရင်း (၁၂) က ထိန်းသိမ်းထားတဲ့ ဗျူဟာမှူး၊ တပ်ရင်းမှူးအပါအဝင် PDF အယောက် ၅၀ နီးပါး မကြာခင် မိခင်တပ်ရင်းထံ ပြန်ရောက်လာမှာဖြစ်ကြောင်း အမှတ်(၃၃) နည်းဗျူဟာရဲ့ နည်းဗျူဟာမှူး ရဲဘော်စောဒါးကိုက လူမှုကွန်ရက်တဆင့် အသိပေးလာပါတယ်။
Read More

ဟန်ပြအပစ်ရပ်ထားသည့် စစ်ကောင်စီတပ် မေလအတွင်း TNLA ထိန်းချုပ်နယ်မြေများတွင် တိုက်ခိုက်မှုများကြောင့် အရပ်သားပြည်သူ (၈) ဦးသေဆုံး၊ (၁၈) ဦး ထိခိုက်ဒဏ်ရာရ

အပစ်ရပ် ကြေညာထားတဲ့ စစ်ကောင်စီတပ်က တအာင်းတပ်မတော် TNLA ထိန်းချုပ်စိုးမိုးထားတဲ့ နယ်မြေတွေမှာ မေလတစ်လအတွင်း ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူ (၈) ယောက် သေဆုံးပြီး (၁၈) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။