ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့ကို ဒီနေ့ဧပြီ ၂၂ ရက် မနက်ပိုင်းမှာ စစ်‌ကောင်စီတပ်ယာဉ်တန်း ရာချီဝင်ရောက်လာပြီဖြစ်တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

လားရှိုးမြို့ မှာ တရုတ်ဦး‌ဆောင်တဲ့ အပစ်ခတ်ရပ်စဲရေးအဖွဲ့၊ စစ်ကောင်စီတပ်နဲ့ MNDAA တို့ သုံးပွင့်ဆိုင် ဆွေးနွေးနေချိန်မှာ စစ်ကောင်စီတပ်ယာဉ်တန်း အင်အားအလုံးအရင်း ဝင်ရောက်လာတာ ဖြစ်ပါတယ်။

ဧပြီ ၂၁ ရက်ကတည်းက MNDAA အဖွဲ့ဟာ သူတို့ရဲ့ အထူးဒေသ (၁) အလံတွေကို လားရှိုးမြို့မှာ ဖြုတ်သိမ်းခဲ့ပါတယ်။

ကိုးကန့်တပ် MNDAA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်ထားတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ရှိရာ လားရှိုးမြို့ကို တရုတ်ရဲ့ ဖိအားပေးမှုကြောင့် စစ်ကောင်စီထံ ပြန်လည်လက်လွှတ်ပေးလိုက်ရတာ ဖြစ်ပါတယ်။
Video-ဒေသခံ

0 Shares:
You May Also Like
Read More

ရိက္ခာထုပ်ကောက်သည့် စစ်သားများ တိုက်ခိုက်ခံရပြီး ၃ ဦး သေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်အတွင်း လေကြောင်းကနေ ချထားပေးတဲ့ ရိက္ခာထုပ်တွေ လာ‌ကောက်တဲ့ အကြမ်းဖက်စစ်သားတွေကို တိုက်ခိုက်ခဲ့ရာ ၃ ယောက် သေဆုံးခဲ့တယ်လို့ အဖြူရောင် D.P.Y အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။ 
Read More

ဆင်ဖြူကျွန်းမြို့ပေါ်ကို အကြမ်းဖက်စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်တဲ့အတွက် ဌာနဆိုင်ရာရုံးတွေ မီးလောင်ပြီး ပြည်သူ ၁ ဦး သေဆုံး (ရုပ်/သံ)

မကွေးတိုင်း စလင်းမြို့နယ် ဆင်ဖြူကျွန်းမြို့မှာ အကြမ်းဖက်စစ်တပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်တွေ ကျရောက်ပေါက်ကွဲပြီး ဌာနဆိုင်ရာရုံးတွေ မီးလောင်ပြီး ပြည်သူ ၁ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံထံက သိရပါတယ်။
Read More

အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေးတပ်ဖွဲ့ ရဲ့ စခန်းတွင်း ပြုပြင်ရေးလုပ်ငန်းခွင် (ရုပ်/သံ)

အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေးတပ်ဖွဲ့ရဲ့ စခန်းတွင်း လက်နက်ငယ်ပြုပြင်ရေး၊ ဒရုန်းပြုပြင်‌ရေးနဲ့ သယ်ယူပို့ဆောင်ရေးယာဉ်ပြုပြင်ရေး လုပ်ဆောင်နေမှုကို ထုတ်ပြန်ပြသလိုက်ပါတယ်။
Read More

စလင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီစခန်းကို တော်လှန်ရေးတပ်တွေ စီးနင်းတိုက်ခိုက်၊ စစ်သား ၄ ယောက်သေပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိ (ရုပ်/သံ)

မကွေးတိုင်း မင်းဘူးခရိုင် စလင်းမြို့နယ် ဆုပ်လေဦးလေးဆုံမှာ ဘန်ကာအခိုင်အမာနဲ့ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်သား၊ ရဲနဲ့ ပျူစောထီးတွေကို နိုဝင်ဘာ ၁၅ ရက် မနက်ပိုင်းမှာ တော်လှန်ရေး ပူးပေါင်းတပ်တွေ စီးနင်းတိုက်ခိုက်ခဲ့တယ်လို့ ဒေါင်းစစ်အောင်အဖွဲ့ထံက သိရပါတယ်။
Read More

ရွှေဘိုမြို့နယ်အတွင်း စစ်ကြောင်းထိုးနေတဲ့ စစ်သားနဲ့ပျူတွေကို ကြိုဆိုနေတဲ့ စစ်ကောင်စီလက်အောက်ခံတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း ၊ ရွှေဘိုမြို့၊ ပလိုင်းခြံက အကြမ်းဖက်စစ်သားနဲ့ ပျူစောထီးတွေကို နိုဝင်ဘာ ၃ ရက်က ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ Shwebo Crocodie အဖွဲ့ထံက သိရပါတယ်။
Read More

ကြည့်မြင်တိုင်မှာ အမျိုးသား ၁ ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံး(ရုပ်/သံ)

ရန်ကုန်တိုင်၊  ကြည့်မြင်တိုင်မြို့နယ် စျေးကလေးရပ်ကွက် ကမ်းနားလမ်းနဲ့ ဗားကရာလမ်းထောင့်မှာ ဇန်နဝါရီ ၆ ရက် မနေ့ ညနေပိုင်းက အမျိုးသား ၁ ယောက်ကို သေနတ်နဲ့ ပစ်ခတ်သွားတဲ့ ရုပ်သံဖိုင် လူမှုကွန်ရက်မှာ ပျံ့နှံ့လာပါတယ်။