မကွေးတိုင်း၊ စလင်းမြို့နယ်၊ ကံပြားရွာဘက်ကနေ ပုသိမ်-မုံရွာလမ်းပိုင်းသို့ ဧပြီ ၂၀ ရက်က စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ Peacock Brother Urban Guerrilla အဖွဲ့ထံက သိရပါတယ်။

အကြမ်းဖက်စစ်ကောင်စီက သံချပ်ကာယာဉ် ၂ စီးနဲ့ အင်အား ၂၀၀ ကို အသုံးပြုစစ်ကြောင်းထိုးလာခဲ့ပြီး တော်လှန်ရေးတပ်တွေရဲ့ ကြားဖြတ်တိုက်ခိုက်မှုကြောင့် ထိခိုက်ကျရှုံးများစွာနဲ့ ရှေ့ ဆက်မတိုးနိုင်ဘဲ ဧပြီ ၂၁ ရက် မနက်ပိုင်းမှာ တိုက်ပွဲဖြစ်ပွားတဲ့နေရာကနေ ပြန်လည်ဆုတ်ခွာထွက်ပြေးသွားတယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို ဒေါင်းညီနောင် မြို့ပြပြောက်ကျားတပ်ဖွဲ့နဲ့ စလင်းမြို့နယ်အတွင်းရှိ မဟာမိတ် တပ်ဖွဲ့တွေဖြစ်တဲ့ မင်းဘူးခရိုင် အမှတ် ၅ တပ်ရင်း၊ အမှတ် ၅ ဒုန်းတပ်ဖွဲ့၊ မင်းဘူးခရိုင် အမှတ် ၁ တပ်ရင်း၊ အမှတ် ၁ ဒုန်းတပ်ဖွဲ့၊ ဒေါင်းစစ်အောင် LPDF ၊ ဗမာ့တပ်တော်၊ SLN LPDF၊ မင်းဘူးခရိုင် ပကဖနဲ့ စလင်းမြို့နယ် ပကဖ အဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ဆန္ဒပြပွဲများ ပြင်းထန်နေသည့် နီပေါတွင် အစိုးရ အရာရှိများနှင့် မိသားစုဝင်များကို စစ်ရဟတ်ယာဉ်များဖြင့် ကယ်ထုတ် (ရုပ်/သံ)

နီပေါနိုင်ငံမှာ လူမှုကွန်ရက်တွေ ပိတ်ပင်လိုက်ပြီးနောက် ပြင်းထန်လာတဲ့ ဆန္ဒပြပွဲတွေဖြစ်ပေါ်လာပြီး ပြည်သူတွေက အစိုးရပိုင်တာဝန်ရှိသူတွေကို တိုက်ခိုက်လာတဲ့အတွက် စစ်ရဟတ်ယာဉ်တွေနဲ့ ဝန်ကြီးတွေနဲ့ မိသားစုတွေကို လိုက်လံကယ်ထုတ်ခဲ့ပါတယ်။ 
Read More

မော်ချီးဒေသကို စစ်တပ်လေကြောင်း ဗုံးကြဲမှုကြောင့် ၈ လအရွယ် ကလေးငယ်အပါ အရပ်သား ၆ ဦး သေဆုံး (ရုပ်/သံ)

ကရင်နီပြည်၊ ဖားဆောင်းမြို့နယ်၊ မော်ချီးဒေသကို အကြမ်းဖက်စစ်တပ်က ဧပြီ ၂၄ ရက် မနေ့က နေ့ လယ်ပိုင်းမှာ လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သား ၆ ယောက် ထိခိုက်သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

ပခုက္ကူနှင့် မြိုင်မြို့နယ်အတွင်း စစ်တပ် စခန်းကုန်း၊ ဂိတ်စခန်း၊ စစ်ကြောင်းများကို တိုက်ခိုက်သိမ်းပိုက်၊ စစ်သား ၅ ဦး သေပြီး ပျူ ၂ ဦး ဖမ်းမိ (ရုပ်/သံ)

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်နဲ့ မြိုင်မြို့နယ်အတွင်း အကြမ်းဖက်စစ်တပ် စခန်းကုန်း၊ ဂိတ်စခန်းတွေကို တိုက်ခိုက်သိမ်းပိုက်ပြီး စစ်ကြောင်းတွေကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၅ ယောက် သေဆုံးခဲ့သလို ပျူစောထီး ၂ ယောက်ကို ဖမ်းဆီးရမိခဲ့တယ်လို့ Earthquake People’s Defence Force က ဒီနေ့ ထုတ်ပြန်ထားပါတယ်။
Read More

ဖားကန့်တွင် တောင်ကမ်းပါးပြိုကျပြီး ရေမဆေးကျောက်ရှာဖွေသူ ၁ ယောက် ပြုတ်ကျဒဏ်ရာရ (ရုပ်/သံ)

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ မှော်စီစာရွာမှာ တောင်ကမ်းပါးပြိုကျပြီး ရေမဆေးကျောက်ရှာဖွေ သူ ၁ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
Read More

တနင်္သာရီမြို့နယ်အတွင်းရှိ အကြမ်းဖက်စစ်တပ်စခန်းနဲ့ စစ်ကြောင်းတွေကို တိုက်ခိုက်မှု ၂ ယောက် ဒဏ်ရာရရှိ (ရုပ်/သံ)

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်စခန်းနဲ့ စစ်ကြောင်းတွေကို တော်လှန်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့ရာ ၂ ယောက် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ တောင်ပံနီ ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံက သိရပါတယ်။
Read More

မြိတ်မြို့က လာတဲ့ စစ်ကောင်စီတပ်ယာဉ် ၄ စီးကို တော်လှန်ရေးတပ်တွေ ပြောက်ကျားတိုက်ခိုက် (ရုပ်/သံ)

တနင်္သာရီမြို့နယ်၊ ရမ်းဖိုကျေးရွာအနီးမှာ အကြမ်းဖက်စစ်ကောင်စီတပ်ယာဉ် ၄ စီးကို ပြောက်ကျားတိုက်ခိုက်ခဲ့တယ်လို့ မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ -ပကဖထံက သိရပါတယ်။