တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်အတွင်းရှိ ထီးထဗျူဟာစခန်းသိမ်းတိုက်ပွဲကို တော်လှန်ရေးပူးပေါင်းတပ်တွေ ၈ ရက်တာ ထိုးစစ်ဆင်ပြီးနောက် အပြီးတိုင်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ထားဝယ်ခရိုင်တပ်ပေါင်းစုက မနေ့ကညပိုင်းမှာ ထုတ်ပြန်ပါတယ်။

ဧပြီလ ၁၂ ရက်ကနေ ဧပြီလ ၁၉ ရက်အထိ ထီးထဗျူဟာစခန်းသိမ်းတိုက်ပွဲအတွင်း KNU/KNLA တပ်မဟာ ၄ နဲ့အတူ ထား၀ယ်ခရိုင်တပ်ပေါင်းစု၊ မဟာမိတ်တော်လှန်ရေးအင်အားစုတွေ အတူလက်တွဲ တိုက်ပွဲဝင်ခဲ့တယ်လို့ ဆိုပါတယ်။

ကမ်းရိုးတန်း တိုင်းစစ်ဗျူဟာ(၁)စခန်းကို အပြီးအပိုင်သိမ်းပိုက်ခဲ့တဲ့ (၈) ရက်တာတိုက်ပွဲအတွင်း စွမ်းစွမ်းတမံပါ၀င်ခဲ့တဲ့ တော်လှန်ရေးအင်အားစုတွေအားလုံးရဲ့ စည်းလုံးညီညွတ်မှုကို ရှင်းရှင်းလင်းလင်း ပြသခဲ့တာဖြစ်ပြီး အဆိုပါစည်းလုံးညီညွတ်မှုအပေါ် အင်အားအဖြစ်ဆက်လက်ထိန်းသိမ်းသွားဖို့ ထားဝယ်ခရိုင်တပ်ပေါင်းစုက တိုက်တွန်းထားပါတယ်။

စစ်အာဏာရှင်အပါအ၀င် အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနဲ့ ဖယ်ဒရယ်ပြည်ထောင်စု တည်ထောင်ပြီး ငြိမ်းချမ်းတဲ့ လူ့အဖွဲ့အစည်းတစ်ခု တည်ဆောက်နိုင်ရေးအတွက် ခိုင်မာတဲ့ ယုံကြည်ချက်နဲ့ ပါ၀င်တိုက်ခိုက်ခဲ့တဲ့ လူငယ်ရဲဘော်ရဲဘက်တွေနဲ့ တော်လှန်ရေးကာလတလျှောက် အသက်သွေးချွေးနဲ့ ကိုယ်လက်အင်္ဂါ ပေးဆပ်ခဲ့တဲ့ တော်လှန်ရေးရဲဘော်ရဲဘက်အားလုံးကို အသိအမှတ်ပြု မှတ်တမ်းတင်ကြောင်း ထားဝယ်ခရိုင် တပ်ပေါင်းစုက ထုတ်ပြန်ထားပါတယ်။

ထီးထဗျူဟာစခန်းသိမ်းတိုက်ပွဲမှာ အကြမ်းဖက်စစ်ကောင်စီဘက်က ဗျူဟာမှူး အပါအဝင် စစ်သား ၁၀၀ ခန့် သေဆုံးပြီး စစ်ကောင်စီတပ်ဆီက ၁၂၀ မမ ၂ လက်၊ ၆၀ မမ၊ ၄၀ မမ၊ အာပီဂျီနဲ့ စက်သေနတ်တွေအပြင် လက်နက်ခဲယမ်းများစွာ သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

သရက်ချောင်းမြို့နယ်တွင် နေအိမ်အလုံး ၆၀ ကျော်ကို စစ်အုပ်စု မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်အတွင်း နေအိမ် အလုံး ၆၀ ကျော်ကို အကြမ်းဖက်စစ်အုပ်စုက မီးရှို့ဖျက်ဆီးသွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

NUG အစိုးရ ပြည်ထောင်စုဝန်ကြီးချုပ်နဲ့ အဖွဲ့က ရန်ကုန်တပ်ရင်းတွေ၊ ရန်ကုန်ပကဖ တို့နဲ့ တွေ့ဆုံခဲ့

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနဲ့ ဝန်ကြီးချုပ်ရုံးတာဝန်ရှိသူတွေက ရန်ကုန်တပ်ရင်းတွေဖြစ်တဲ့ တပ်ရင်း(၅၁၀၁)၊ တပ်ရင်း(၅၁၀၂) နဲ့ ရန်ကုန်တိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တိုက်ခိုက်ရေးတပ်ဖွဲ့ (၄) တို့နဲ့ တွေ့ဆုံကာ အားပေးစကားတွေ ပြောကြားပြီး လိုအပ်တဲ့ အသုံးအဆောင်ပစ္စည်းတွေ လှူဒါန်းပေးအပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ဖြူးမြို့နယ်အတွင်း ပကဖနဲ့ ပအဖ တွေက ရေဘေးသင့်ပြည်သူတွေကို ထောက်ပံ့ကူညီမှုတွေ ပြုလုပ် (ဓာတ်ပုံသတင်း)

ဖြူးမြို့နယ်အတွင်း စစ်တောင်းမြစ်ကမ်းဘေးက ရေဘေးသင့်ရွာတွေကို ဖြူးမြို့နယ် ပကဖ ၊ ပအဖ နဲ့ လူသားစာနာအဖွဲ့တွေက အလှူရှင်တွေကိုယ်စား သွားရောက်လှူဒါန်းမှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ကနီမြို့နယ် NUG ပညာရေးတာဝန်ခံ မိသားစု မတရားသတ်ဖြတ်ခံရမှု အမှုမှန်ပေါ်ပေါက်ရေး လှုပ်ရှားမှု (ဓာတ်ပုံသတင်း)

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင် ကနီမြို့နယ် ပညာရေးဘုတ်အဖွဲ့ တာဝန်ခံ ဦးဝင်းဌေးနဲ့ မိသားစု မတရားသတ်ဖြတ်ခံရမှု နှစ်လပြည့်အဖြစ် အမှုမှန်ပေါက်ရေး လူထုလှုပ်ရှားမှု ပြုလုပ်ခဲ့ကြပါတယ်။
Read More

အာဏာသိမ်းစစ်တပ် နေအိမ်မီးရှို့ဖျက်ဆီးမှုများအနက် စစ်ကိုင်းတိုင်းက အများဆုံးဖြစ်ပြီး တစ်နိုင်ငံလုံး၏ ၆၉ ရာခိုင်နှုန်းအထိ ရှိနေ

အာဏာသိမ်းစစ်တပ်ရဲ့ ကျေးရွာတွေအတွင်း စစ်‌ကြောင်းထိုး မီးရှို့ဖျက်ဆီးမှုတွေကြောင့် ပျက်စီးဆုံးရှုံးရမှုတွေထဲမှာ စစ်ကိုင်းတိုင်းက နေအိမ်ပေါင်း ၇ သောင်းကျော်အထိ ဖျက်ဆီးခံခဲ့ရပြီး နိုင်ငံတစ်ဝန်း အများဆုံးဖြစ်ခဲ့တယ်လို့ Data For Myanmar က အသိပေးထုတ်ပြန်ပါတယ်။
Read More

မိုးကုတ်မြို့မှ ပြည်သူအချို့ စိုးရိမ်စိတ်ကြောင့် စွန့်ခွာတိမ်းရှောင်မှုများရှိနေ

သိပ်မကြာခင် အာဏာသိမ်း အကြမ်းဖက်စစ်တပ် ပြန်ဝင်လာဖို့ရှိနေတဲ့ မိုးကုတ်မြို့မှာ တိုက်ပွဲတွေဖြစ်မှာ စိုးရိမ်တဲ့အတွက် မြို့ပေါ်ကနေ ပြည်သူတချို့ စွန့်ခွာတိမ်းရှောင်နေကြတယ်လို့ နယ်ခံတွေဆီက သိရပါတယ်။