အင်အားပြင်းငလျင်ကြောင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အဖြေလွှာတွေ ပျက်စီးခဲ့တဲ့အတွက် ဒေသ ၄ ခုထက်မနည်းမှာ စာမေးပွဲ ပြန်လည်ဖြေဆိုရမယ်လို့ အာဏာသိမ်း စစ်ကောင်စီက ညွှန်ကြားချက် ထုတ်ပြန်လိုက်ပါတယ်။

ငလျင်ဒဏ်နဲ့အတူ မန္တလေးတက္ကသိုလ်မှာ မီးလောင်ခဲ့ရာ ဒေသ ၄ ခုဖြစ်တဲ့ မန္တလေးတိုင်း၊ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ နေပြည်တော်ဒေသတွေက တက္ကသိုလ်ဝင်တန်းစာမေးပွဲ အဖြေလွှာတွေ ပျက်စီးခဲ့တာကြောင့် ပြန်လည်ဖြေဆိုရမှာဖြစ်ကြောင်း စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

အခုလို စာမေးပွဲကို ပြန်လည်ကျင်းပဖို့ အာဏာသိမ်း စစ်ခေါင်းဆောင်မင်းအောင်လှိုင်က ငလျင်သင့်ဒေသတွေကို ရောက်ရှိစဉ် ညွှန်ကြားခဲ့တာလည်း ဖြစ်ပါတယ်။

ပြန်လည်ကျင်းပမယ့် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ဇွန် ၁၆ ရက်ကနေ ဇွန် ၂၁ ရက်အထိ ကျင်းပမှာဖြစ်တယ်လို့ ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ စာမေးပွဲ ဖြေဆိုရမယ့်သူတွေအနေနဲ့ သက်ဆိုင်ရာ ဖြေဆိုခွင့်ကတ်တွေကို တက္ကသိုလ်ဝင်စာမေးပွဲ ကြီးကြပ်ရေးမှူးတွေထံက ဇွန် ၁ ရက်ကနေ ၁၅ ရက်အတွင်း ထုတ်ယူရမယ်လို့ ဖော်ပြထားပါတယ်။

စစ်ကောင်စီရဲ့ အခုလိုလုပ်ရပ်အပေါ် ငလျင်ဒဏ်သင့် ကျောင်းသားမိဘတွေနဲ့ ကျောင်းသားကျောင်းသူတွေကတော့ အပြင်းအထန် ကန့်ကွက်ပြောဆိုမှုတွေ ရှိနေပါတယ်။

ငလျင်ကြောင့် တက္ကသိုလ်ဝင်ခွင့် အဖြေလွှာတွေပျက်စီးခဲ့ရမှုအပေါ် စာမေးပွဲ ပြန်လည်ကျင်းပမယ့်အစား သက်ဆိုင်ရာ တက္ကသိုလ်အလိုက် သို့မဟုတ် ဘာသာရပ်အလိုက် လိုအပ်တဲ့ အရည်အချင်း စိစစ်ရွေးချယ်တဲ့စနစ်ကို လုပ်ဆောင်ဖို့ ရန်ကုန်တက္ကသိုလ်ကျောင်းသားများ သမဂ္ဂ (ဗကသများအဖွဲ့ချုပ်)က တိုက်တွန်းတောင်းဆိုထားပါတယ်။

အဖြေလွှာတွေ မီးလောင်မှုကြောင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ပြန်လည်ဖြေဆိုခိုင်းမယ့်ကိစ္စဟာ တာဝန်ယူမှုမရှိတဲ့ ဖြေရှင်းချက်ဖြစ်တယ်လို့ ရန်ကုန်တက္ကသိုလ်ကျောင်းသားများ သမဂ္ဂ ထုတ်ပြန်ခဲ့ပါတယ်။

0 Shares:
You May Also Like
Read More

နွားထိုးကြီးတွင် စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ၁၀ နှစ်အရွယ် ကလေးငယ် သေဆုံး၊ ၄ ဦး ဒဏ်ရာရ

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်ရှိ သန်းပင်လှရွာကို အကြမ်းဖက်စစ်အုပ်စုက လေကြောင်းတိုက်ခိုက်ခဲ့တဲ့အတွက် အရပ်သားတွေ ထိခိုက်သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

တပ်မတော်က ဆင်နွှဲနေတဲ့ တရားသောစစ်ကို ပြည်သူတွေက ထောက်ခံနေတယ်လို့ မင်းအောင်လှိုင် ဝါဒဖြန့်ပြောဆို

“ တပ်မတော်ကဆင်နွှဲနေတဲ့ တရားသောစစ်အပေါ် တည်ငြိမ်အေးချမ်းရေးကိုလိုလားတဲ့ ပြည်သူလူထုတစ်ရပ်လုံးက ဝန်းရံထောက်ခံအားပေးနေပါတယ်"လို့ မင်းအောင်လှိုင်ကပြောပါတယ်။
Read More

တောင်သာမှာ ရဲစခန်းနဲ့ စစ်ကူလာတဲ့ စစ်အုပ်စုတွေ တိုက်ခိုက်ခံရပြီး ၂၂ ယောက်သေ၊ ၁၇ ယောက် ဒဏ်ရာရ

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်မှာ စစ်အုပ်စုတွေရှိနေတဲ့ ဇဂျမ်းရဲစခန်းနဲ့ စစ်ကူလာတဲ့ ပျူစောထီးတွေတိုက်ခိုက်ခံရပြီး စစ်အုပ်စုဘက်က တွဲဖက် ဗိုလ် ၁ယောက် အပါအဝင် ၂၂ယောက် သေဆုံးကာ ထိခိုက်ဒဏ်ရာရသူများပြားကြောင်း တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (TTA-PDF) က ထုတ်ပြန်ပါတယ်။
Read More

အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ပစ်ခတ်တိုက်ခိုက်သည့် တစ်ရက်တည်းမှာပဲ တိုက်ခိုက်ရေးသင်တန်းကျောင်း (ဘုရင့်နောင်) ကို ရှော့တိုက်ဒုံး ၆ လုံး အောင်မြင်စွာ ပစ်ခတ်နိုင်ခဲ့

အတုအယောင် ရွေးကောက်ပွဲ အတင်းအဓမ္မ ကျင်းပနေတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ တိုက်ခိုက်‌ရေးသင်တန်းကျောင်း (ဘုရင့်နောင်) ကို တော်လှန်ရေးမဟာမိတ်တပ်ဖွဲ့တွေ ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Brave Warriors for Myanmar (BWM) က ထုတ်ပြန်ပါတယ်။
Read More

တော်လှန်ရေးအတွက် အကြီးမားဆုံးအခက်အခဲများထဲ တရုတ်ဩဇာလွှမ်းမိုးချုပ်ကိုင်မှု ပါဝင်ဟု TNLA အတွင်းရေးမှူး ဗိုလ်ချုပ် တာဘုန်းကျော် ပြော

လက်ရှိတော်လှန်ရေးမှာ ရင်ဆိုင်နေရတဲ့ အကြီးမားဆုံးအခက်အခဲတွေထဲမှာ ကိုယ်ကျိုးစီးပွားတစ်ခုတည်း ကြည့်တဲ့ တရုတ်ဩဇာလွှမ်းမိုးချုပ်ကိုင်မှုလည်း ပါဝင်တယ်လို့ တအာင်းတပ်မတော် (TNLA) ရဲ့ အတွင်းရေးမှူး တာဘုန်းကျော်က မနေ့က လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။
Read More

မောတောင် မြို့သိမ်းတိုက်ပွဲမှ စစ်သုံ့ပန်း ၄၀ ကျော် ဖမ်းမိကာ လက်နက်ခဲယမ်းများစွာ သိမ်းဆည်းရရှိကြောင်း BPLA ထုတ်ပြန်

တနင်္သာရီတိုင်းအတွင်း ထိုင်း-မြန်မာနယ်စပ်မြို့ဖြစ်တဲ့ မောတောင်မြို့ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ဒီနေ့ နိုဝင်ဘာ ၁၄ ရက်မှာ အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းများစွာ သိမ်းဆည်းရရှိခဲ့ကြောင်း ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) က ထုတ်ပြန်ပါတယ်။