၁၀၂၇ စစ်ဆင်ရေးအတွင်း MNDAA ကိုးကန့်တပ်မတော် ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေ သိမ်းပိုက်ထားတဲ့ လားရှိုးမြို့ကို တရုတ်ရဲ့ ကြားဝင်စွက်ဖက်မှုနဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တွေ ပြန်လည် ဝင်ရောက်လာခဲ့ပေမယ့် မြန်မာ့အရေးမှာ တရုတ်က ကြားဝင်စွက်ဖက်မှုမရှိဘူးလို့ တရုတ်အစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Guo Jiakun က ဧပြီလ ၂၁ ရက် မနေ့က ပြုလုပ်တဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုလိုက်ပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းက အကြမ်းဖက်စစ်ကောင်စီရဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်အခြေစိုက်ခဲ့ပြီး ကိုးကန့်တပ် MNDAA သိမ်းပိုက်ထားတဲ့ လားရှိုးမြို့ကို တရုတ်ဖိအားကြောင့် စစ်ကောင်စီဆီ ပြန်လည်လွှဲပြောင်းပေးလိုက်ရပေမယ့် တရုတ်ကတော့ မြန်မာ့အရေး ကြားဝင် မစွက်ဖက်တဲ့ မူကို ဆက်လက်ကျင့်သုံးနေတယ်လို့ ပြောဆိုလာတာပါ။

Guo Jiakun က “ မြန်မာ့အရေးနဲ့ပတ်သက်လို့ တရုတ်ရဲ့ ရပ်တည်ချက်ကတော့ နိုင်ငံတစ်နိုင်ငံရဲ့ ပြည်တွင်းရေးကို ဝင်မစွက်ဖက်ရေးမူကို လိုက်နာပြီး မြန်မာ့နိုင်ငံရဲ့ အချုပ်အခြာအာဏာ၊ လွတ်လပ်ရေး၊ အမျိုးသားညီညွတ်ရေး၊ နယ်မြေပိုင်ဆိုင်မှုကို ထောက်ပံ့ပေးနေပါတယ်။ ” လို့ ​ပြောဆိုခဲ့တာပါ။

ဒါ့အပြင် ” တရုတ် နိုင်ငံအနေနဲ့ မြန်မာနိုင်ငံမှာရှိတဲ့ သက်ဆိုင်ရာအစုအဖွဲ့တွေကို နိုင်ငံရေးပြန်လည်သင့်မြတ်ဖို့ နဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ် ပြန်လည်စတင်နိုင်ဖို့ မိတ်ဆွေအဖြစ် အကြံပြုပေးနေတာ ဖြစ်ပါတယ်” လို့လည်း Guo Jiakun က ပြောဆိုထားပါတယ်။

ဧပြီလ ၁၉ ရက်က လားရှိုးမြို့ထဲကို တရုတ်အထူးသံတမန် တိန့်ရွှီကျင်း ဦးဆောင်တဲ့ စစ်ကောင်စီရဲ့ ဝန်ထမ်းတချို့ ရောက်ရှိလာပြီး ဒီနေ့မှာ စစ်ကား ၂၀၀ နီးပါးနဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တွေ လားရှိုးမြို့ကို ပြန်လည် ဝင်ရောက်ခဲ့တယ်လို့ သိရပါတယ်။ လားရှိုးမြို့အတွင်း စိုက်ထူထားတဲ့ MNDAA ရဲ့ အလံတွေကို ပြန်လည်ဖြုတ်ချထားတာလည်း တွေ့ရပါတယ်။

0 Shares:
You May Also Like
Read More

တရုတ်နိုင်ငံသားတွေကို အလုံးအရင်းလိုက် နေရပ်ပြန်ပို့ရေး စီစဉ်ဖို့ တရုတ်ဒုဝန်ကြီး မဲဆောက်သွား

အာဏာသိမ်းစစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲကို မဟာဗျူဟာ ၅ ရပ်နဲ့ တိုက်ဖျက်ဆောင်ရွက်သွားမယ်လို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။
Read More

အကြမ်းဖက်စစ်အုပ်စု အသုံးတော်ခံ လက်နက်ပွဲစားနှင့် လုပ်ငန်းအချို့ကို အမေရိကန် ပိတ်ဆို့ဒဏ်ခတ်မှုစာရင်းမှ ပယ်ဖျက်

အမေရိကန်အစိုးရက စီးပွားရေးပိတ်ဆို့ထားတဲ့ အကြမ်းဖက်စစ်အုပ်စုအသုံးတော်ခံ ခရိုနီတွေဖြစ်တဲ့ မြန်မာစီးပွားရေးလုပ်ငန်းရှင် ၄ ယောက်နဲ့ ကုမ္ပဏီ ၃ ခုကို စီးပွားရေးပိတ်ဆို့မှုစာရင်းကနေ ပယ်ဖျက်လိုက်‌ကြောင်း ဇူလိုင်လ ၂၄ ရက် မနေ့က ထုတ်ပြန်ထားတယ်လို့ Reuters သတင်းမှာ ဖော်ပြပါတယ်။
Read More

တရုတ်သမ္မတ ရှီ နှင့် အိန္ဒိယဝန်ကြီးချုပ် မိုဒီတို့ဟာ အကြမ်းဖက် မင်းအောင်လှိုင်၏ ရာဇဝတ်မိတ်ဖက်များ ဖြစ်သည်ဟု JFM ထုတ်ပြန်

မြန်မာ့အိမ်နီးချင်းတွေဖြစ်တဲ့ တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖျင်နဲ့ အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် နရန်ဒြာမိုဒီတို့ဟာ အာဏာသိမ်းစစ်အုပ်စုရဲ့ နိုင်ငံတကာ ရာဇဝတ်မှုတွေကို အားပေးကူညီမှုတွေ တိုးမြှင့်ပေးအပ်နေပြီး သူတို့ဟာ အကြမ်းဖက် မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ရာဇဝတ်မိတ်ဖက်တွေဖြစ်တယ်လို့ Justice For Myanmar (JFM) က ထုတ်ပြန်ထားပါတယ်။
Read More

စစ်အုပ်စု ရွေးကောက်ပွဲအလွန်မှာပင် မြန်မာနှင့် အာဆီယံ ပြန်လည်ထိတွေ့ဆက်ဆံရန် ခက်ခဲဦးမည်ဟု ထိုင်းဝန်ကြီး ပြောကြား

စစ်အုပ်စုရဲ့ ရွေးကောက်ပွဲအပြီးမှာတောင် အာဆီယံအနေနဲ့ မြန်မာနဲ့ ပြန်လည်ထိတွေ့ဆက်ဆံဖို့ ခက်ခဲနေဦးမှာဖြစ်ကြောင်းနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးချိန်တန်ပြီဖြစ်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့တယ်လို့ AFP နဲ့ Reuters သတင်းဌာနတွေကို ကိုးကားပြီး ဘန်ကောက်ပို့စ်သတင်းက နိုဝင်ဘာလ ၂၆ ရက်မှာ ဖော်ပြထားပါတယ်။
Read More

နိုင်ငံတစ်၀န်း ရေဘေးသင့် ပြည်သူတွေအတွက် WFP နဲ့ EU က အရေးပေါ်အကူအညီထောက်ပံ့မှုတွေ ပေးအပ်မယ်

နိုင်ငံတစ်ဝန်းက ရေးဘေးသင့်ပြည်သူတွေ ပြန်လည်ထူထောင်ရေးအတွက် ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် WFP နဲ့ အီးယူက မြန်မာနိုင်ငံထံ အရေးပေါ်ကူညီထောက်ပံ့မှုတွေ ပြုလုပ်သွားမယ်လို့ စက်တင်ဘာ ၁၈ ရက်နေ့က တရားဝင် ထုတ်ပြန်ကြေညာလိုက်ပါတယ်။
Read More

ကန်ချနဘူရီမှာ အထောက်အထားမဲ့ မြန်မာလုပ်သား ၇၀ ဦး ထပ်မံ ဖမ်းဆီးခံရ

ထိုင်း-မြန်မာနယ်စပ် ကန်ချနဘူရီ၊ စံခလဘူရီမှာ နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာတဲ့ အထောက်အထားမဲ့ မြန်မာလုပ်သား အယောက် ၇၀ ကို အာဏာပိုင်တွေက ထပ်မံဖမ်းဆီးလိုက်ပါတယ်။