ကွယ်လွန်သွားပြီဖြစ်တဲ့ ပုပ်ရဟန်းမင်းကြီးအတွက် ဒေါ်အောင်ဆန်းစုကြည် ကိုယ်စား သားဖြစ်သူ ကင်မ်အဲရစ်က ဝမ်းနည်းကြောင်းသဝဏ်လွှာ ပေးပို့ခဲ့တယ်လို့ သူ့ရဲ့ လူမှုကွန်ရက်ကတဆင့် အသိပေးပါတယ်။

မြန်မာပြည်သူတွေရဲ့ စစ်မှန်တဲ့မိတ်ဆွေ ပုပ်ရဟန်းမင်းကြီး ဖရန်စစ် ကွယ်လွန်ခြင်းအပေါ် မိသားစုဝင်တွေနဲ့ ကက်သလစ်အသိုင်းအဝိုင်းအတွက် အထူးဝမ်းနည်းကြေကွဲရကြောင်း၊ ပုပ်ရဟန်းမင်းကြီး၏ ဝိဉာဉ်တော်သည် ငြိမ်းချမ်းရေး၊ တရားမျှတမှု၊ ဂုဏ်သိက္ခာနှင့် အခြေခံလွတ်လပ်ခွင့်များအတွက် ဆက်လက်ရုန်းကန်သူအားလုံး၏ နှလုံးသားထဲ ရှင်သန်နေမည်ဟု ဖော်ပြထားပါတယ်။

ပုပ်ရဟန်းမင်းကြီး ဖရန်စစ် ကွယ်လွန်ခဲ့ခြင်းအပေါ် ကျွန်တော်နဲ့ မေမေ (ဒေါ်အောင်ဆန်းစုကြည်) တို့ အလွန်ဝမ်းနည်းကြေကွဲရပါတယ်လို့ ကင်အဲရစ်က သူ့ရဲ့ဝမ်းနည်းကြောင်းသဝဏ်လွှာမှာ ဖော်ပြခဲ့ပါတယ်။

ပုပ်ရဟန်းမင်းကြီးနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ဟာ ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ်က ဗာတီကန် နန်းတော်မှာ တွေ့ဆုံခဲ့ဖူးပြီး စစ်အာဏာမသိမ်းမီ ၂၀၁၇ ခုနှစ်က မြန်မာနိုင်ငံမှာ ထပ်မံတွေ့ဆုံခဲ့ဖူးပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာလည်း ပုပ်ရဟန်းမင်းကြီးက မြန်မာနိုင်ငံ အမြန်ဆုံးငြိမ်းချမ်းဖို့ တောင်းဆိုပြောကြားမှုတွေ ရှိခဲ့ပါတယ်။

အသက် ၈၈ နှစ်အရွယ် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ဟာ ပြီးခဲ့တဲ့လပိုင်းက ဆေးရုံတက် ကုသမှုခံယူခဲ့ရပြီး ၂ လအကြာ မနေ့က ဧပြီ ၂၁ ရက်၊ မနက် ၇ နာရီ ၃၅ မိနစ်မှာ ရောမမြို့က ဗာတီကန်နန်းတော်မှာ ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ဟာ ကတ်သလစ်သာသနာခေါင်းဆောင်အဖြစ် ၁၂ နှစ်နီးပါး တာဝန်ယူခဲ့တာ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

အကြမ်းဖက်စစ်တပ်နှင့် ထိတွေ့ဆက်ဆံသူ မည်သူမဆို ရာဇဝတ်မှုတွင် ကြံရာပါများဖြစ်သည်ဟု SAC-M ၏ အမှုဆောင် ဒါရိုက်တာ ဆို

အကြမ်းဖက်စစ်တပ်နဲ့ ထိတွေ့ဆက်ဆံတဲ့ ဘယ်လိုနိုင်ငံ၊ အဖွဲ့အစည်းမဆို ရာဇဝတ်မှုမှာ ကြံရာပါသူတွေဖြစ်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M) ရဲ့ အမှုဆောင်ဒါရိုက်တာ Ben Lee က ဆိုပါတယ်။
Read More

တောင်ငူ၊ ပဒဲကျေးရွာမှာ တပ်စွဲထားသည့် စစ်ကောင်စီတပ်များကို ဝေဟင်ကရော မြေပြင်ကပါ တိုက်ခိုက်၊ ၁၀ ဦးသေပြီး ၇ ဦးထက်မနည်း ဒဏ်ရာရ…

ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်၊ ပဒဲကျေးရွာအတွင်း စစ်​ကြောင်းထိုးဝင်ရောက်တပ်စွဲနေတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေက ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်တာ၊ အနီးကပ်ပစ်ခတ်တာတွေအပြင် မိုင်းဆွဲတိုက်ခိုက်တာတွေ လုပ်​ဆောင်ခဲ့ရာ စစ်ကောင်စီတပ်သား ၁၀ ယောက်သေဆုံးပြီး ၇ ယောက်ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
Read More

အကြမ်းဖက်စစ်တပ်၏ ဝါဒဖြန့်အဖွဲ့ခေါင်းဆောင် ဇော်မင်းထွန်း နှင့် ရုပ်ရှင်သရုပ်ဆောင်တချို့ကို အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က စည်သူဘွဲ့ပေးအပ်

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ သူနဲ့သူ့ရဲ့အကြမ်းဖက်စစ်တပ်အတွက် ဝါဒဖြန့်နေသူ ဇော်မင်းထွန်း နဲ့ ရုပ်ရှင်သရုပ်ဆောင်တချို့ကို ဂုဏ်ထူးဆောင်ဘွဲ့၊ တံဆိပ် တွေ ပေးအပ်လိုက်တယ်လို့ သိရပါတယ်။
Read More

ဝန်ထမ်းတွေကို မထိခိုက်စေချင်တာကြောင့် 29 ရတနာဆိုင်ကို သတိပေးဖောက်ခွဲမှုသာ လုပ်ခဲ့ကြောင်း T.U.F မြို့ပြပြောက်ကျားအဖွဲ့ ထုတ်ပြန်

ရန်ကုန်တိုင်း၊ တာမွေမြို့နယ်၊ ဦးချစ်မောင်အိမ်ရာမှာရှိတဲ့ 29 ရတနာဆိုင်ကို ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ T.U.F (Together Urban Force ) အဖွဲ့က ထုတ်ပြန်လာပါတယ်။
Read More

စစ်ကောင်စီ စစ်ခုံရုံးက ရွှေပြည်သာ သပိတ်ကော်မတီအဖွဲ့ဝင် ၂ ယောက်ကို အလုပ်နဲ့ ထောင်ဒဏ် ၃ နှစ်စီ ချမှတ်

အကြမ်းဖက် စစ်ကောင်စီရဲ့ အင်းစိန်ထောင်တွင်းတရားရုံးလို့ အများသိကြတဲ့ စစ်ခုံရုံးက ရွှေပြည်သာ သပိတ်ကော်မတီ အဖွဲ့ဝင် ကိုရန်နောင်ကြည်ဝင်းနဲ့ ကိုသက်ထူးဇော်တို့ကို ပုဒ်မ ၅၀၅ (က)နဲ့ အလုပ်နဲ့ထောင်ဒဏ် ၃ နှစ်စီ ချမှတ်ခဲ့တယ်လို့ Shwe Pyi Thar Strike Committee က ထုတ်ပြန်ထားပါတယ်။
Read More

မုံရွာတွင် ပြည်သူကို ငွေကြေးတောင်းခံနေသည့် စစ်ကောင်စီတပ်သားများနှင့် ပျူစောထီးများ တိုက်ခိုက်ခံရ၊ ၃ ဦး သေဆုံး

မုံရွာမှာ ပြည်သူတွေကို အနိုင်ကျင့်ပြီး ငွေကြေးတောင်းခံနေတဲ့ စစ်ကောင်စီလက်အောက်ခံ ပျူစောထီးနဲ့ စစ်ကောင်စီတပ်သားတွေ ပစ်ခတ်တိုက်ခိုက်ခံရပြီး ၃ဦးသေဆုံးခဲ့ကြောင်း မုံရွာခရိုင်အမှတ် (၂၂) နတ်ဆိုးတပ်ရင်းက ထုတ်ပြန်ပါတယ်။