မကွေးတိုင်း၊ စလင်းမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ ၂ ရက်ဆက် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်သားအများအပြား သေကာ စစ်တပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ပြည်သူ ၁ ယောက်သေဆုံးခဲ့ရတယ်လို့ ဗမာ့တပ်တော် – Bamar Army ထံက သိရပါတယ်။

ဧပြီ ၁၉ ရက် မနက်ပိုင်းက စလင်းမြို့နယ် နွယ်တမယ်ကျေးရွာကနေ ရှားတောရွာဘက်သို့ အင်အား ၁၅၀ ခန့်နဲ့ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ဟာ တော်လှန်ရေးတပ်တွေ ထောင် ထားတဲ့ မိုင်းမိခဲ့ကြောင်း၊ အဲဒီနောက် မိုင်းရှင်းရေးပြုလုပ်ပြီး ဒဏ်ရာရရှိသူတွေကို သယ်ဆောင်ကာ ဆက်လက်ချီတက်လာစဉ် တော်လှန်ရေးတပ်တွေနဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ 

တိုက်ပွဲအတွင်း တော်လှန်ရေးတပ်တွေက ရှေ့ထွက်မိုင်းတွေ၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သားအများအပြား ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။ အထိ နာသွားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ဟာ လက်နက်ကြီးတွေနဲ့ ပန်းတောကြီးကျေးရွာအတွင်း ပစ်ခတ်မှုကြောင့် ဒေသခံပြည်သူ ၇ ယောက် ထိခိုက်ဒဏ်ရာရရှိသွားပြီး အမျိုးသား ၁ ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

အဲဒီနောက် ဧပြီ ၂၀ ရက် မနက်ပိုင်းမှာ ပြည်သူ့ကာကွယ်ရေးရဲဘော်တွေက သမြင်ကင်းဘက်သို့ မိုင်းထောင်ခုခံဖို့ ပြင်ဆင်နေစဉ် အကြမ်းဖက်စစ်သားတွေက ညောင်ကုန်း၊ မယ်ဇလီရွာဘက်မှာ စတင်ပစ်ခတ်ခဲ့ပြီး ပန်းတောကြီးရွာနဲ့ မြောင်းခွရွာဘက်သို့ ဒရုန်းကင်းထောက်မှုတွေလုပ်ဆောင်ခဲ့ တယ်လို့ သိရပါတယ်။

အဲဒီနေ့ မနက်ပိုင်းမှာပဲ တော်လှန်ရေးတပ်ပေါင်းစုတွေက ‌ညောင်ကုန်းပွိုင့်နဲ့ ရှားတောလက်ပံပင်ပွိုင့်တွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့ပြီး အကြမ်းဖက်စစ်တပ်ကနေ ဂျက်ဖိုက်တာနဲ့ ပန်းတောကြီးရွာကို ၂ ကြိမ်တိုင် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်တပ်စစ်ကြောင်းဟာ လေကြောင်းပစ်ကူအကြိမ်ကြိမ်အသုံးပြုပြီး စစ်ကြောင်း ဆက်ထိုးခဲ့ပေမယ့် တော်လှန်ရေးပူးပေါင်းတပ်တွေရဲ့ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ပြီး ပြန်လည်ခုခံတိုက်ခိုက်ခဲ့မှုကြောင့် စစ်သားတွေ ထိခိုက်သေဆုံးများခဲ့ပြီး လူနာတွေကို စလင်းဆေးရုံသို့ မပို့ဆောင်နိုင်ဘဲ စစ်ဆေးရုံသို့ ပို့ဆောင်ကုသလျက်ရှိတယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို  ဗမာ့တပ်တော် အမှတ်(၇၀၇) တပ်ရင်း၊ ပေါက်‌တောင်ပိုင်း ကျန်းမာရေးနှင့်သူနာပြုတပ်ဖွဲ့၊ ဒေါင်းစစ်အောင် LPDF၊ မင်းဘူးခရိုင် အမှတ် ၁ တပ်ရင်း၊ မင်းဘူးခရိုင် လက်ရုံးတပ်ဖွဲ့၊ ပကဖ(စလင်း)တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာ ဖြစ်ပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ အင်အား ၁၅၀ ခန့်ရှိ စစ်ကြောင်းဟာ တော်လှန်ရေးတပ်တွေရဲ့ စိုးမိုးနယ်မြေအတွင်း ဝင်ရောက်နိုင်ခြင်းမရှိဘဲ တော်လှန်ရေးတပ်တွေက ပိတ်ဆို့ဖြတ်တောက်မှုတွေ လုပ်ဆောင်ထားတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ဝက်လက်မြို့နယ်အတွင်းမှာလည်း အကြမ်းဖက်စစ်တပ် စစ်ကြောင်းပျက်တဲ့အထိ ချေမှုန်းခံရ (ရုပ်/သံ)

စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်အတွင်း အင်အား ၁၀၀ ခန့်ရှိ အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ အများသေဆုံးပြီး စစ်ကြောင်းပျက်တဲ့အထိ ဖြစ်ခဲ့တယ်လို့ ပကဖ၊ ရွှေဘိုမြို့နယ်၊ NUGမှ ယနေ့သတင်းထုတ်ပြန်ထားပါတယ်။
Read More

မှန်ချိုကျေးရွာကို စစ်တပ် လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ်ပြုလုပ်၊ ပြည်သူ ၂ ဦး သေဆုံးပြီး ၇ ဦးထက်မနည်း ဒဏ်ရာရ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ မှန်ချိုကျေးရွာကို အကြမ်းဖက်စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တဲ့အတွက် ပြည်သူ ၂ ယောက် သေဆုံးပြီး ၇ ယောက်ထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

အကြမ်းဖက်စစ်တပ် လုံခြုံရေးယူလာသည့် ကြေးနီတင်ယာဉ်နှင့် အက်ဆစ်တင်ယာဉ်များကို မိုင်းဆွဲတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်း တပ်မ ၃၃ ကနေ အကြမ်းဖက်စစ်တပ်ယာဉ်တန်း လုံခြုံရေးယူပြီး မုံရွာမြို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်ဆီ ထွက်လာတဲ့ ကြေးနီတင်ယာဉ်နဲ့ အက်ဆစ်တင်ယာဉ်တွေကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ Area 71 Peoples Defense Force အဖွဲ့ထံက သိရပါတယ်။
Read More

လက်နက်ချဖို့ ပြောဆိုခဲ့ပေမယ့် ခုခံတဲ့အတွက် သေဆုံးခဲ့ရတဲ့ စစ်ကော်မရှင်တပ်သားများ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်သားတွေကို လက်နက်ချဖို့ PDF ရဲ‌ဘော်တွေက ပြောဆိုခဲ့ပေမယ့် ခုခံတဲ့အတွက် စစ်ကော်မရှင်တပ်သား ၂ ယောက် သေဆုံးခဲ့ပါတယ်။
Read More

ပြည်သူ့ရဲဘော်တွေ အထိအခိုက်နည်းစေဖို့ နေပြည်တော် PDF တပ်ရင်း ၈၀၅ကျည်ကာကမ်ပိန်းပြုလုပ် (ရုပ်/သံ)

အကြမ်းဖက်စစ်အာဏာရှင်ကို ဖယ်ရှားမယ့် တိုက်ပွဲတွေမှာ ပြည်သူ့ ရဲဘော်တွေ အထိအခိုက်နည်းစေရန် ကျည်ကာတပ်ဆင်နိုင်ဖို့ ရည်ရွယ်ပြီး နေပြည်တော် PDF တပ်ရင်း ၈၀၅ က “ထနောင်းစစ်သည် ပေါင်းစုချီ ကျည်ကာတပ်ဆင် ပြည်လည်းဝင်” ကမ်ပိန်းပြုလုပ်ထားပါတယ်။
Read More

ဖားဆောင်းမြို့ရှိ စစ်ကောင်စီရဲ့ လက်ကျန်စခန်း ခလရ ၁၃၅ ကို ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ မှတ်တမ်းရုပ်သံ KPLA ထုတ်ပြန်

ကရင်နီပြည်နယ် ဖားဆောင်းမြို့ရှိ စစ်ကောင်စီရဲ့ လက်ကျန်စခန်း ခလရ ၁၃၅ ကို ထိုးစစ်ဆင်တိုက် ခိုက်နေတဲ့ မှတ်တမ်းရုပ်သံကို Karenni People's Liberation Army မှ ထုတ်ပြန်လိုက်ပါတယ်။