ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ အုမ္မတီးကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က အပစ်ရပ် ရက် (၂၀) ပြည့်နေ့မှာ ဂျက်ဖိုက်တာနဲ့ ဗုံး (၂)လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်က ဧပြီလ (၂၂)ရက် ဒီနေ့ မနက်ပိုင်းမှာ အုမ္မတီးကျေးရွာရှိ ပြည်သူလူထုနေအိမ်တွေကို ဦးတည်ပြီး လာ‌ရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါဗုံး ကျရောက်ပေါက်ကွဲမှုကြောင့် ပြည်သူလူထု နေအိမ် (၅)လုံး ထိမှန်ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ TNLA က ဆိုပါတယ်။

ဧပြီလ (၂၁)ရက် မနေ့ကလည်း တောင်ခမ်းကျေးရွာရှိ (၉ဝ၂)တပ်စခန်းအနီး တိုက်ပွဲဖြစ်ပွားနေချိန် စစ်ကောင်စီတပ်က အဆိပ်ငွေ့ဗုံး (၁၅)လုံး လာရောက်ကြဲချခဲ့ပါသေးတယ်။ အဆိပ်ငွေ့ဗုံးတွေကြောင့် TNLA တပ်သား (၁ဝ) ယောက် ထိခိုက်ဒဏ်ရာရပြီး (၃) ယောက် ဒဏ်ရာပြင်းထန်ရရှိခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် TNLA တပ်သားတွေ မူးဝေခြင်း၊ အသက်ရှုမြန်ဆန်ခြင်း၊ မအီမသာဖြစ်ခြင်း၊ စိတ်လှုပ်ရှား မြန်ဆန်ခြင်း၊ မောပန်းခြင်း၊ အောက်စီဂျင်ကျခြင်း ဝေဒနာတွေခံစားရပြီး ဆေးကုသမှုခံယူနေရတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ဟာ အပစ်ရပ်ကြေညာထားပေမယ့် PSLF/TNLA အုပ်ချုပ်တဲ့ မြို့နယ်တွေမှာ စစ်အင်အား ဖြည့်တင်းခြင်း၊ ထိုးစစ်ဆင်ခြင်းနဲ့ တိုက်ပွဲမဖြစ်ပွားတဲ့နေရာတွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေ ပြုလုပ်နေတာဖြစ်ပါတယ်။

ညီနောင်မဟာမိတ် (၃)ဖွဲ့က ငလျင်ဒဏ်သင့်ပြည်သူတွေနဲ့ လူထုရဲ့ အခက်အခဲတွေကို စာနာထောက်ထားတဲ့အနေနဲ့ ထိုးစစ်တွေ ပြုလုပ်မှာမဟုတ်ဘဲ တစ်လတာ တစ်ဖက်သတ် အပစ်ရပ်ကြောင်း ဧပြီလ ၁ ရက်မှာ ထုတ်ပြန်ကြေညာထားပါတယ်။

0 Shares:
You May Also Like
Read More

KNDF တပ်ရင်း ၁၅ မှ ရဲဘော်များ၏ ရှေ့တန်းစစ်ဆင်ရေးပုံရိပ်များ… (ဓာတ်ပုံသတင်း)

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) အမှတ်(၁၅)တပ်ရင်းအနေနဲ့ ရှေ့တန်းစစ်ဆင်ရေးတွေမှာ ပါဝင်လှုပ်ရှားနေတဲ့ မှတ်တမ်းပုံရိပ်တွေကို အဆိုပါတပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။ KNDF အမှတ်(၁၅)တပ်ရင်းအနေနဲ့ အခြားတော်လှန်ရေးတပ်တွေနဲ့အတူ နေ့စဉ်နအမျှ အကြမ်းဖက်စစ်ကောင်စီကို တွန်းလှန်တိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။
Read More

အထူးစစ်ဆင်ရေးတပ်ဖွဲ့ – SOF က အထူးစစ်ဆင်ရေးသင်တန်း အပတ်စဥ် (၈) သင်တန်းသားများ ခေါ်ယူနေ…

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် ၊ တောင်ပိုင်းစစ်ဒေသရဲ့ လက်ရုံးအထူးတပ်ဖွဲ့ဖြစ်တဲ့ အထူးစစ်ဆင်ရေးတပ်ဖွဲ့ - SOF (P29999/အထူးတပ်ဖွဲ့) က သင်တန်းလေ့ကျင့်ရေးအပတ်စဥ် (၈) အတွက် သင်တန်းသား၊သင်တန်းသူတွေကို စတင် စိစစ်လက်ခံနေပြီဖြစ်တယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ကြေညာထားပါတယ်။
Read More

အေဂျင်စီများ ထိုင်းနိုင်ငံအတွက် တစ်လကို အလုပ်သမား ၅၀ သာ ခေါ်စာတင်ဖို့ စစ်ကောင်စီ ကန့်သတ်

ထိုင်းနိုင်ငံကို အလုပ်သမားတွေ စေလွှတ်မယ့် အေဂျင်စီတွေအနေနဲ့ တစ်လကို အလုပ်သမား ၅၀ သာ ခေါ်စာတင်ဖို့ စစ်ကောင်စီ ကန့်သတ်လိုက်ပြီ ဖြစ်ပါတယ်။
Read More

မြန်မာနိုင်ငံဆိုင်ရာ သက်ဆိုင်သူအားလုံး ပါဝင်သည့် အစည်းအဝေး NLD  တက်ရောက်မည် မဟုတ်၊ အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးမှု မပါဘဲ ပြေလည်ရေးလမ်းစ မရရှိနိုင်ဟု ဆို

မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့မှာ သြဂုတ်လ ၄ ရက်ကနေ ၇ ရက်နေ့အထိ မြန်မာနိုင်ငံဆိုင်ရာ သက်ဆိုင်သူတွေအားလုံးပါဝင်တဲ့ အစည်းအဝေး (STAKEHOLDERS ENGAGEMENT MEETING ON MYANMAR- SEM) ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD) က တက်ရောက်မှာ မဟုတ်သလို နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးမှုမပါဝင်ဘဲ ပြေလည်ရေးလမ်းစ မရရှိနိုင်ဘူးလို့ ထုတ်ပြန်ထားပါတယ်။
Read More

ဖျာပုံ လွတ်လပ်ရေးနေ့အကြို ဖျော်ဖြေပွဲမှာ ဖြူဖြူထွေး ပါလို့ဆိုပြီး ကြိုတင်လက်မှတ်တွေကို စုတ်ဖြဲနေကြ

ဧရာဝတီတိုင်း ဖျာပုံမြို့မှာ လွတ်လပ်ရေးနေ့အကြို ဖျော်ဖြေပွဲအတွက် လက်မှတ်တွေ ကြိုတင်ရောင်းချထားခဲ့ပြီး အခုအခါ ဖျော်ဖြေပွဲမှာ ဖြူဖြူထွေး ပါလို့ဆိုပြီး ပွဲလက်မှတ်တွေကို ဆုတ်ဖြဲလွှင့်ပစ်တာတွေ၊ ဝယ်ပြီးသားကို ပြန်လည်ရောင်းချတာတွေ လုပ်နေကြတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ 
Read More

မွန်အားလုံးကို ကိုယ်စားမပြုနိုင်သည့် စစ်ကောင်စီ၏ လောင်းရိပ်မိ မွန်အမျိုးသားညီလာခံ

စစ်ကောင်စီနဲ့ အပစ်ခတ်ရပ်စဲရေး သဘောတူညီစာချုပ် (NCA) မှာ လက်မှတ်ရေးထိုးထားတဲ့ မွန်ပြည်သစ်ပါတီ (NMSP) နဲ့ စစ်ကောင်စီကျင်းပမယ့် ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်မယ်လို့ ကြေညာထားတဲ့ မွန်ညီညွတ်ရေးပါတီ (MUP) တို့ ဦးဆောင်ပြီး မွန်အမျိုးသားညီလာခံကို ကျင်းပခဲ့ပါတယ်။