မန္တလေးက Golden City အဆောက်အဦး ရှင်းလင်းရေးလုပ်ဆောင်နေချိန် ပြိုကျခဲ့ပေမယ့် ထိခိုက် ဒဏ်ရာရသူတစ်စုံတစ်ရာ မရှိခဲ့ဘူးလို့ မန္တလေးစည်ပင်သာယာရေးကော်မတီက ထုတ်ပြန်ထားပါတယ်။

မနေ့က ဧပြီလ၂၀ရက်မှာ မန္တလေးမြို့ ၊ လမ်း၃၀ ၊ ၇၀ လမ်းနဲ့ ၇၁ လမ်းကြားက Golden City အဆောက်အဦးကို ဖြိုချရှင်းလင်းရေးဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။

အဆောက်အအုံ ဖျက်သိမ်းရေး လုပ်ငန်းတွေကို လွန်ခဲ့တဲ့ တစ်ပတ်ကျော်က စက်ယန္တယားတွေနဲ့ စတင်ဆောင်ရွက်ခဲ့ရာ မနေ့က ဖျက်သိမ်းမှုဆောင်ရွက်နေစဉ်အတွင်း အလုံးစုံပြိုကျခဲ့တာ ဖြစ်ပါတယ်။

ပြိုကျသွားတဲ့ ဖြစ်စဉ်အတွင်း အဆောက်အအုံ ရှင်း လင်းရေးဆောင်ရွက်နေတဲ့ ကြီးကြပ်ရေးအဖွဲ့နဲ့ စက်ယန္တရားမောင်းနှင်နေသူတွေ တစ်စုံတရာ ထိခိုက်မှုမရှိဘူးလို့လည်း ဖော်ပြထားပါတယ်။

ငလျင်ဒဏ်သင့် အဆောက်အအုံတွေကို နိုင်ငံတကာက ပညာရှင်တွေက လာရောက် စစ်ဆေးမှုတွေပြုလုပ်ပေးလျက်ရှိပြီး ဖြိုဖျက်သင့်တဲ့အဆောက်အအုံတွေကိုလည်း နည်းစနစ်တကျဖြိုဖျက်ဖို့ တိုင်းတာတွက်ချက်ပေးမှုတွေလည်း ပြုလုပ်ပေးလျက်ရှိတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

မိုးဗြဲ PDF 2 – ၁၀၀၇ တပ်ရင်း၏ (၂၄ ) ဦးမြောက် ကျဆုံးအာဇာနည် အသက် ၂၁ နှစ်အရွယ် ရဲဘော်ဖရန်စစ္စကို (ခ) ဖကြောင်

ကရင်နီပြည်နယ်၊ မိုးဗြဲမြို့မှာ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ ကရင်နီတပ်ပေါင်းစု တိုက်ပွဲပြင်းထန်နေရာ တိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၁၀၀၇ တပ်ရင်း -မိုး​​ဗြဲပြည်သူ့ကာကွယ်ရေးတပ် ၂ က တပ်စိတ်မှူး ရဲဘော် ကျဆုံးခဲ့တယ်လို့ သိရပါတယ်။
Read More

မင်းတပ်ကို အောက်တိုဘာလတစ်လအတွင်း လေကြောင်းတိုက်ခိုက်မှု ၅ကြိမ်ထက်မနည်း ပြုလုပ်ခဲ့

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်ကို​အောက်တိုဘာလအတွင်း စစ်ကောင်စီက လေကြောင်းကနေ ဗုံးသီး ၇၀ကျော်ကြဲတိုက်ခိုက်ခဲ့တယ်လို့ မင်းတပ်မြို့နယ် ချင်းဒေသကာကွယ်ရေးတပ်(CDF-Mindat)က ထုတ်ပြန်ပါတယ်။
Read More

တောင်ငူလေတပ်စခန်းနဲ့ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ထဲကို တစ်နေ့တည်း ရှော့တိုက်ဒုံး ၉ လုံး ပစ်ခတ်တိုက်ခိုက်

ပဲခူးတိုင်း၊ တောင်ငူမြို့နယ်က အရပ်သားပြည်သူတွေကို သတ်ဖြတ်နှိပ်စက်နေတဲ့ လေတပ်စခန်း (ကေတုမတီ)နဲ့ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် (တပခ) တို့ကို ရှော့တိုက်ဒုံးတွေနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Brave Warriors For Myanmar (BWM) တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

KNDF ၄နှစ်တာခရီး မှတ်တမ်းဓာတ်ပုံများ တပ်ရင်း (၅) ထုတ်ပြန် (ဓတ်ပုံသတင်း)

ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) တည်ထောင်ခြင်း ၄နှစ်ပြည့်အဖြစ် မှတ်တမ်းဓာတ်ပုံများကို KNDFတပ်ရင်း (၅) က ဒီကနေ့ မေလ ၃၁ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
Read More

ပုဂံ-ညောင်ဦးလမ်းပေါ် အိမ်စီးကားတစ်စီးမှ ပျူ ၂ ဦးကို ဖမ်းမိ၊ ခုခံထွက်ပြေးသဖြင့် ပစ်ခတ်ဖမ်းဆီးရာ ၂ ဦးလုံး သေဆုံး

မန္တလေးတိုင်း၊ ပုဂံ-ညောင်ဦး လမ်းပိုင်းမှာ ရှောင်တခင် လမ်းပိုင်းစစ်ဆေးရေးလုပ်ဆောင်ချိန် အိမ်စီးကားနဲ့ လာတဲ့ ပျူစောထီး ၂ ယောက်ကို အရှင်ဖမ်းဆီးနိုင်ခဲ့တယ်လို့ Bagan Bo Cho PDF က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မင်းကင်းတွင် စစ်ကြောင်းထိုးလာသည့် စစ်အုပ်စု တိုက်ခိုက်ခံရပြီး အထိအခိုက်များ၊ စစ်သားအလောင်း ၄ လောင်းနှင့် ပျူစောထီး ၁ ဦးကိုလည်း အရှင်ဖမ်းမိ

မကွေးတိုင်း၊ မင်းကင်းမြို့နယ်မှာ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်အုပ်စုတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ​ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး စစ်အုပ်စုဘက်က ထိခိုက်သေဆုံးမှုများခဲ့တယ်လို့ သိရပါတယ်။