ငလျင်ဒဏ်သင့်ခဲ့တဲ့ မန္တလေးရဲ့ နာမည်ကျော် စျေးချိုတော်ရဲ့ နေရာအချို့မှာ ကြံ့ခိုင်မှု အားနည်းနေတာကြောင့် ဖျက်သိမ်းမှုတွေ ပြုလုပ်သွားမယ်လို့ စျေးအကျိုးတော်ဆောင်အဖွဲ့တွေထံက သိရပါတယ်။

ငလျင်ဒဏ်သင့် ဈေးချိုတော်ဧရိယာအတွင်းရှိ ဈေးရုံအသီးအသီးရဲ့ ကြံ့ခိုင်မှုနဲ့ အန္တရာယ်ကင်းရှင်းရေးအတွက် အိန္ဒိယနိုင်ငံ ဘေးအန္တရာယ်ကင်းရေးနှင့် ဖျက်သိမ်းရေးဆိုင်ရာ ကျွမ်းကျင်စစ်အင်ဂျင်နီယာအဖွဲ့က ဧပြီ ၇ ရက်နေ့မှာ စစ်ဆေးမှုတွေ ပြုလုပ်ပေးခဲ့တာ ဖြစ်ပါတယ်။

အဲဒီလို စစ်ဆေးပြီးတဲ့နောက်မှာတော့ တောင်/မြောက်တိုက်တန်းကြီး ဈေးအဆောက်အဦးတွေကို အနီရောင်အဆင့်သတ်မှတ်ပြီး ဖျက်သိမ်းသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

စျေးချိုရဲ့ ပင်မအဆောက်အအုံကတော့ ငလျင်ဒဏ်သင့်ခဲ့ပေမယ့် ကြံ့ခိုင်မှုရှိသေးတာကြောင့် ဖျက်သိမ်းမှုအတွင်း ပါဝင်မှာ မဟုတ်ဘူးလို့ သိရပါတယ်။

လာမယ့် ဧပြီ ၂၄ ရက်ကစတင်ပြီး အဆင့်မြင့်စျေးချိုတော်စျေးရုံကြီးကို စျေးဖွင့်ရက်တွေအတိုင်း ပုံမှန် ပြန်လည်ဖွင့်လှစ် လည်ပတ်သွားမယ်လို့လည်း သိရပါတယ်။

စျေးချိုတော်ကို စစ်ဆေးပေးခဲ့တဲ့ အိန္ဒိယနိုင်ငံ ဘေးအန္တရာယ်ကင်းရေးနှင့် ဖျက်သိမ်းရေးဆိုင်ရာ ကျွမ်းကျင် စစ်အင်ဂျင်နီယာအဖွဲ့ဟာ ငလျင်ကြောင့် ပျက်စီးခဲ့ရတဲ့ အင်း၀တံတားဟောင်းကိုလည်း စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပါသေးတယ်။

(ဓာတ်ပုံ အဆင့်မြင့်စျေးချိုတော်နှင့် တိုက်တန်းကြီး စျေးအကျိုးတော်ဆောင်အဖွဲ့)

0 Shares:
You May Also Like
Read More

စစ်ဆရာဝန်တွေပါ လိုအပ်ရင်တိုက်ပွဲတွေမှာ ဝင်တိုက်ပေးဖို့ မင်းအောင်လှိုင်က ဆိုပြန်

စစ်သားအင်အား အမြောက်အမြားလိုအပ်နေတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကလိုအပ်လာရင် တိုက်ပွဲတွေအတွက် စစ်ဆရာဝန်တွေပါ ဝင်ရောက်တိုက်ခိုက်ပေးဖို့ လိုအပ်ကြောင်း ပြောကြားလိုက်ပါတယ်။
Read More

ကန့်ဒေါင့်စခန်းသိမ်းတိုက်ပွဲမှ စစ်သုံ့ပန်း ၄ ဦးကို ပြန်လွှတ်ပေး၊ အသက် ၁၅ နှစ်အပါ စစ်သုံ့ပန်း ၃ ဦးဟာ ပေါ်တာဆွဲ စစ်မှုထမ်းစေခိုင်းခံရသူများဖြစ်

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်ရှိ ကန့်ဒေါင့်နယ်မြေရဲစခန်းကို တိုက်ခိုက်သိမ်းပိုက်မှုအတွင်း ဖမ်းဆီးရမိခဲ့တဲ့ စစ်သုံ့ပန်း ၄ ယောက်ကို ဇူလိုင်လ ၁၁ ရက်မှာ ပြန်လွှတ်ပေးခဲ့တယ်လို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ချောင်းဦးတွင် စစ်ကောင်စီတပ်များ တစ်ရက်အတွင်း ၃ ကြိမ်ဆက် တိုက်ခိုက်ခံရ၊ ၁၀ ဦးထက်မနည်း သေဆုံး

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်မှာစစ်ကောင်စီတပ်တွေကို တစ်နေ့တည်း မိုင်းခွဲတိုက်ခိုက်တာအပြင် ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်တာတွေပါ လုပ်ဆောင်ခဲ့ရာ အကြမ်းဖက်စစ်သား ၁၀ယောက်ထက်မနည်း သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း Royal Tiger Force ပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ငလျင်ကြောင့် သေဆုံးသူ ၃၀၀၀ ကျော်သွားပြီဟု စစ်ကောင်စီ ထုတ်ပြန်

ဆိုးရွားပြင်းထန်တဲ့ အင်အားပြင်းငလျင်ကြောင့် ဒီနေ့ ဧပြီလ ၃ ရက်နေ့ မနက်အစောပိုင်းအထိ သေဆုံးသူ အရေအတွက် ၃၀၀၀ ကျော်သွားပြီဖြစ်တယ်လို့ အာဏာသိမ်း စစ်ကောင်စီက ထုတ်ပြန်ပါတယ်။
Read More

သီတာယုမွန် လက်အောက်ရှိ စစ်အုပ်စုဂိတ်စခန်းတစ်ခုအား ဒရုန်း ၁၀ စီးဖြင့် တိုက်ခိုက်၊ စစ်အုပ်စု ၅ ဦး သေပြီး ၈ ဦး ဒဏ်ရာရ

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်ရှိ ပျူစောထီး‌ခေါင်းဆောင် သီတာယုမွန် လက်အောက်ရှိ စစ်အုပ်စု ဂိတ်စခန်းတစ်ခုကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တယ်လို့ မြင်းခြံခရိုင် အမှတ် (၃) တပ်ရင်းထံက သိရပါတယ်။
Read More

စလင်းမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် (၁၃) ရက်ကြာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးခဲ့သည့် ကျေးရွာများမှ ဒေသခံများကို စားနပ်ရိက္ခာ ကူညီထောက်ပံ့

မကွေးတိုင်း၊ စလင်းမြို့နယ်က (၁၃)ရက်ကြာတိုက်ပွဲအတွင်း စစ်ကောင်စီတပ် မီးရှို့ခဲ့တဲ့ ဂွေးကုန်းကျေးရွာနဲ့ စနေချောင်ကျေးရွာတို့က အိမ်ထောင်စု ၂၇၄ စုအတွက် စားနပ်ရိက္ခာတွေ ထောက်ပံ့ပေးခဲ့တယ်လို့ စလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။