ဇန်နဝါရီလကနေ ဧပြီလအတွင်း ဖော်ဆောင်ခဲ့တဲ့ တိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က ဗိုလ်မှူးသီဟအောင် အပါအဝင် သေဆုံးသူ ၆၀ ကျော်အထိရှိခဲ့ပြီး ဗိုလ်ကြီး အောင်ငြိမ်းချမ်း၊ ဗိုလ်ကြီး တင်ကိုထက်အပါအဝင် စစ်သုံ့ပန်း ၁၈ယောက်အထိ ဖမ်းဆီးရမိခဲ့တယ်လို့ လူထုတော်လှန်ရေးမဟာမိတိအင်အားစု PRA – Magway တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

လူထုတော်လှန်ရေးမဟာမိတ်အင်အားစု PRA – Magway အနေနဲ့ ဇန်နဝါရီလကနေ လက်ရှိဧပြီလ ၂၀ ရက်ကျော်အထိ တိုက်ပွဲပေါင်း ၂၃ကြိမ်ကို မဟာမိတ်တွေနဲ့ရော သီးခြားအနေနဲ့ပါ ဖော်ဆောင်ခဲ့ရာမှာ စစ်ကောင်စီရဲ့ လက်နက်ခဲယမ်းတွေသိမ်းဆည်းရရှိခဲ့သလို ဗိုလ်ကြီးအဆင့် သုံ့ပန်းတွေကိုပါ ဖမ်းဆီးထားနိုင်ခဲ့တာ ဖြစ်ပါတယ်။

“ကျနော်တို့အနေနဲ့ စစ်ဆင်ရေးတွေ မရပ်မနားဖော်ဆောင်နေတာရှိတယ်။ တချို့စစ်ဆင်ရေးအခြေအနေတွေ ငလျင်အခြေအနေတွေကြောင့် မထုတ်ပြန်တာမျိုးတွေ ရှိတယ်။ မဟာမိတ်ပူးပေါင်းရှိသလို သီးသန့်လှုပ်ရှားနေတာမျိုးလည်းရှိပါတယ်။ အခြားတော့ ပြောလို့မရသေးပါဘူး” လို့ PRA-Magway ရဲ့တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

မကွေးတိုင်း၊ ငဖဲမြို့နယ်မှာလည်း ဖေဖော်ဝါရီလနဲ့ မတ်လအတွင်း ထိတွေ့တိုက်ပွဲ ၄ကြိမ်ရှိခဲ့ရာမှာ စစ်ကောင်စီဘက်က အယောက်၂၀ ထက်မနည်းသေဆုံးပြီး အများပြားထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ လူထုတော်လှန်ရေးမဟာမိတ်အင်အားစု (PRA-Magway) က ထုတ်ပြန်ထားပါတယ်။

လူထုတော်လှန်ရေးမဟာမိတ်အင်အားစု PRA – Magway အနေနဲ့ လက်ရှိမှာ  မဟာမိတ် တော်လှန်ရေးအဖွဲ့စည်းတွေနဲ့ ပူးပေါင်းပြီး အမ်း-ပဒါန်း စစ်ဆင်ရေးဆောင်ရွက်နေသလို စစ်နယ်ဝန်း ချဲ့ထွင်လှုပ်ရှားနိုင်ဖို့ အကောင်ထည်ဖော်ဆောင်ရွက်​နေတယ်လို့လည်း သိရပါတယ်။

 

(ဓာတ်ပုံ PRA Magway)

0 Shares:
You May Also Like
Read More

စစ်တပ်ရဲ့ အတင်းအဓမ္မ စစ်မှုထမ်းစေခိုင်းခံရသူ ၃ ဦး KNLA တပ်ရင်း (၈) ထံ လက်နက်ချ အလင်းဝင်

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ မူးမြို့နယ်အတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်ရင်း (၈) ထံ အကြမ်းဖက်စစ်တပ်က စစ်သား ၃ယောက် အလင်းဝင်လာခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး KNU က မနေ့က ထုတ်ပြန်ပါတယ်။
Read More

ကျောက်ကြီးမှာ နောက်တန်းပြန်ဆင်းတဲ့ အင်အားရာချီ စစ်ကောင်စီတပ် ကြားဖြတ်တိုက်ခိုက်ခံရပြီး အယောက် ၃၀ ကျော် သေ

အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ အင်အားရာနဲ့ချီတဲ့ နောက်တန်းပြန်ဆင်း စစ်ကြောင်းကို တိုက်ခိုက်ချေမှုန်းရှင်းလင်းခဲ့ရာ စစ်ကောင်စီတပ်သား ၅၀ ကျော် ထိခိုက်မှုနဲ့ သေဆုံးမှုတွေ ရှိခဲ့တယ်လို့ ရိုးမ (၂) စစ်ကြောင်း အထူးကွန်မန်ဒိုတပ်ရင်းက ထုတ်ပြန်ပါတယ်။
Read More

ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၈၀ ပြည့် မွေးနေ့ကမ်ပိန်းအတွက် သားငယ်ကိုထိန်လင်း နယူးယောက်မြို့သို့ ရောက်ရှိလာ

အကြမ်းဖက်စစ်ကောင်စီက မတရားဖမ်းဆီးထားတဲ့ လူထုခေါင်းဆောင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၈၀ ပြည့် မွေးနေ့ ကမ်ပိန်း (Suu 80th Birthday Campaign) အတွက် သားငယ် ကိုထိန်လင်း အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့ကို ရောက်ရှိလာတယ်လို့ သိရပါတယ်။
Read More

ကစားစရာ သေနတ်နှင့် အမှုတည်ဆောက်ပြီး ၆ နှစ်ကလေးကိုပါ ဖမ်းထားသည့် စစ်ကောင်စီ 

စစ်ကောင်စီဟာ ဗိုလ်မှူးချုပ်ဟောင်း ချိုထွန်းအောင် ပစ်ခတ်ခံရမှုနဲ့ ပတ်သက်ပြီး လူ ၁၆ ယောက်ကို စွပ်စွဲဖမ်းဆီးထားတယ်လို့ ဇွန်လ ၅ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။
Read More

မြဝတီမြို့မရဲစခန်း ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ခံရလို့ ရဲတချို့ ထိခိုက်ဒဏ်ရာရ

ကရင်ပြည်နယ်၊ မြဝတီမြို့၊ မြို့မရဲစခန်းကို ဒီဇင်လာ ၂၈ ရက် မနေ့ညက ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံရတဲ့အတွက် ရဲ ၃ယောက်နဲ့ ရဲမိသားစုဝင် ၁ယောက် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။
Read More

စစ်ကောင်စီရဲ့ အတုအယောင် ရွေးကောက်ပွဲကို နည်းမျိုးစုံနဲ့ ဆန့်ကျင်တိုက်ဖျက်သွားမယ်လို့ MSFC ထုတ်ပြန်

အာဏာသိမ်း စစ်ကောင်စီကျင်းပမယ့် အတုအယောင်ရွေးကောက်ပွဲကို နည်းလမ်းပေါင်းစုံနဲ့ ဆန့်ကျင်တိုက်ဖျက်သွားမယ်လို့ မွန်ပြည်ဖက်ဒရယ်ကောင်စီ၊ အတုအယောင်ရွေးကောက်ပွဲ ဆန့်ကျင်တိုက်ဖျက်ရေးကော်မတီ (MSFC’s Anti-Sham Election Committee) ကနေ ထုတ်ပြန်လိုက်ပါတယ်။