နေပြည်တော်၊ ဥတ္တရသီရိမြို့နယ် လမ်းပိုင်းတနေရာမှာ OPRF – PLA အဖိနှိပ်ခံ ပြည်သူ့တော်လှန်ရေး အင်အားစု – ပြည်သူ့လွတ်မြောက်ရေးတပ်မတော်က ၃ နာရီကြာ လမ်းထိန်းချုပ်ထားစဉ်မှာ ကပစ ဗိုလ်မှူး ၁ ယောက် အပါအဝင် စစ်ကောင်စီတပ်သား ၃ ယောက်ကို ဖမ်းဆီးရမိခဲ့တယ်လို့ အဖိနှိပ်ခံ ပြည်သူ့တော်လှန်ရေး အင်အားစုကနေ သတင်းထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၁၉ ရက်နေ့မှာ အဆိုပါ လမ်းပိုင်းထိန်းချုပ်မှုကို လုပ်ဆောင်ခဲ့တာဖြစ်ပြီး ဖမ်းဆီးရမိသူတွေဟာ ဗိုလ်မှူး ဖြိုးမင်းကျော် (အမှတ် (၁၃) ကာကွယ်ရေးပစ္စည်းစက်ရုံ၊ စက်ရုံဌာနချုပ်)၊ တပ်ကြပ် အောင်ဇော်နိုင် (အမှတ် (၉၁၀) စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်း၊ အမှတ် (၃) တပ်ခွဲ) နဲ့ ရဲဒုတပ်ကြပ် ထွန်းပြည့်စုံ တို့ဖြစ်တယ်လို့ သိရပါတယ်။

“ကျနော်တို့ သုံးတဲ့နည်းလမ်း ဗျူဟာကိုတော့ မပြောပြတော့ပါဘူး။ ရန်သူ့အတွက် အချက်အလက် ပေးသလို ဖြစ်မှာစိုးပါတယ်” လို့ အဖိနှိပ်ခံ ပြည်သူ့တော်လှန်ရေး အင်အားစုအဖွဲ့ရဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

အဲ့နောက်မှာ တော်လှန်ရေးတပ်ဖွဲ့တွေက လမ်းပိုင်းထိန်းချုပ်မှု နေရာကနေ ပြန်လည်ရုတ်သိမ်းပြီး အပြန်မှာ စစ်ကောင်စီတပ်တွေနဲ့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ရာ ဖမ်းဆီးရမိထားတဲ့ သုံ့ပန်းတွေ သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဖမ်းဆီးရမိခဲ့တဲ့ စစ်ဗိုလ်မှူးထံကနေလည်း စစ်ဘက်ဆိုင်ရာ အသုံးအဆောင်နဲ့ ငွေကြေးတွေ အပါအဝင် ကာလတန်ဖိုး သိန်း နှစ်ထောင်ကျော်ကို သိမ်းဆည်းနိုင်ခဲ့တယ်လို့ သိရပါတယ်။
လမ်းပိုင်းထိန်းချုပ်မှုကို ဖော်ဆောင်ခဲ့တဲ့ တော်လှန်ရေးရဲဘော်တွေကတော့ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

0 Shares:
You May Also Like
Read More

ကရင်နီပြည်အခြေစိုက်  ကလလတ တပ်ရင်း ၆၂၆ ၊ တပ်ခွဲ (၁) မှ ဒုတပ်ခွဲမှူး ကျဆုံးခဲ့

ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး/ ကရင်နီပြည် ပြည်သူ့လွတ်မြောက်ရေးတပ်မတော်ရဲ့ ဗဟိုစစ်ဦး၊ တပ်ရင်းအမှတ် ၆၂၆ (KPLA- B 626) တပ်ခွဲ (၁) မှာ တာဝန်ထမ်းဆောင်နေတဲ့ ဒုတပ်ခွဲမှူး ကျဆုံးခဲ့တယ်လို့ ကလလတ က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

သဘာ၀ဘေးမှာ အသုံးပြုဖို့ ထိုင်းက ဘတ် ၁၀ သိန်း တန်ဖိုးရှိ မြေတူးကား လှူဒါန်း၊ စင်ကာပူအဖွဲ့ကလည်း ကယ်ဆယ်ရေးပစ္စည်းများ လှူဒါန်းခဲ့

မြန်မာနိုင်ငံကို ရောက်ရှိပြီး ငလျင်ဘေးမှာ ကူညီကယ်ဆယ်ရေးတွေ လုပ်ဆောင်နေတဲ့ ထိုင်းနဲ့ စင်ကာပူ ကူညီကယ်ဆယ်ရေးအဖွဲ့တွေက ကယ်ဆယ်ရေးပစ္စည်းတွေ အသီးသီးလှူဒါန်း ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

မြန်မာ့ပြည်တွင်းရေးစွက်ဖက်နေတဲ့ တရုတ်ကို ဩစတြေးလျရောက်မြန်မာများ ကန့်ကွက်ဆန္ဒပြ (ဓာတ်ပုံသတင်း)

မြန်မာ့ပြည်တွင်းရေးကိုဝင်ရောက်စွက်ဖက်နေသည့် တရုတ်အစိုးရအား ဆန့်ကျင်ရှုတ်ချတဲ့ လှုပ်ရှားမှုအဖြစ် ဩစတြေးရောက် မြန်မာတွေက ပြုလုပ်ခဲ့ကြပါတယ်။
Read More

တနင်္သာရီတိုင်းမှာ ၂၀၂၄ ခုနှစ်အတွင်း PDF ၊ ပကဖ နဲ့ တော်လှန်ရေးတပ်တွေ စစ်ကောင်စီတပ်စခန်း ၁၁ ခု သိမ်းပိုက်နိုင်ခဲ့

တနင်္သာရီတိုင်းမှာ ၂၀၂၄ ခုနှစ်အတွင်း မောထစခန်း၊ ပဲဒတ်စခန်းနဲ့ သိန္တောရွာစခန်းတို့အပါအဝင် အကြမ်းဖက်စစ်ကောင်စီတပ်စခန်း ၁၁ ခုကို ပြည်သူ့ကာကွယ်ရေးတပ်မတော် - PDF ၊ ပကဖ နဲ့ တော်လှန်ရေးတပ်တွေ သိမ်းပိုက်နိုင်ခဲ့တယ်လို့ ပကဖ အသံက သတင်းဖော်ပြထားပါတယ်။
Read More

မလေးဝန်ကြီးချုပ်နဲ့ သက်ဆင်တွေ့ဆုံ၊ မြန်မာ့အကျပ်အတည်းနဲ့ ဒေသတွင်းအရေး ဆွေးနွေး

မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်ဟာ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်နဲ့ တွေ့ဆုံခဲ့ပြီး မြန်မာ့အကျပ်အတည်း ဖြေရှင်းရေးအပါအဝင် ဒေသတွင်းကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြတယ်လို့ Bernama သတင်းက ဒီဇင်ဘာ ၂၇ ရက်မှာ ဖော်ပြပါတယ်။
Read More

KNU ဗဟိုဌာနချုပ်မှာ ပြုလုပ်တဲ့ (၇၈) ကြိမ်မြောက် ကရင်အမျိုးသားအစည်းအရုံး (KNU)နေ့ အခမ်းအနား (ဓာတ်ပုံသတင်း)

၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၅ ရက်မှာ စတင်တည်ထောင်ခဲ့တဲ့ KMU ရဲ့ (၇၈) ကြိမ်မြောက် ကရင်အမျိုးသားအစည်းအရုံး (KNU)နေ့ အခမ်းအနားကို KNU ဗဟိုဌာနချုပ်မှာ ကျင်းပခဲ့တယ်လို့ မှတ်တမ်းဓာတ်ပုံတွေနဲ့ KNU ဗဟိုက ထုတ်ပြန်ဖော်ပြထားပါတယ်။