စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ကယန်းအမျိုးသားတပ်မတော်(KNA)တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၃ ယောက်ထက်မနည်း သေဆုံးကာ သေနတ် ၂လက်နဲ့ ခဲယမ်းတွေ ရရှိခဲ့တယ်လို့ ကယန်းအမျိုးသားတပ်မတော်(KNA) က ထုတ်ပြန်ပါတယ်။

ရှမ်းပြည်နယ် တောင်ပိုင်း မိုးဗြဲမြို့အတွင်းကို စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ အင်အား ၃၀ ကျော်ပါ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ KNA တပ်ဖွဲ့ဝင်တွေဟာ ဧပြီလ ၁၈ ရက်နေ့ညပိုင်းမှာ ပြင်းထန်တဲ့ ထိတွေ့တိုက်ပွဲ ဖြစ်ပွါးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီတပ်ထံက လက်နက် MA -1 ၂လက်နဲ့ ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဘက်က ပြန်လည်ဆုတ်ခွါသွားပြီး KNA တပ်ဖွဲ့ဝင်တွေဘက်ကတော့ ထိခိုက်မှုတစ်စုံတစ်ရာမရှိခဲ့ဘူးလို့ သိရပါတယ်။

စစ်ကောင်စီဟာ မိုးဗြဲဒေသကို ပြန်လည်ရရှိဖို့ အင်အားသုံးထိုးစစ်ဆင်မှုတွေ မကြာခဏပြုလုပ်နေပြီး တော်လှန်ရေးအင်အားစုတွေနဲ့လည်း ထိတွေ့တိုက်ပွဲတွေ မကြာခဏ ဖြစ်ပွါးလျက်ရှိနေပါတယ်။

0 Shares:
You May Also Like
Read More

ငလျင်ကြောင့် နိုင်ငံတစ်ဝန်း လူပေါင်း ၁၆၀၀ ကျော် သေဆုံးထားဟု NUG အသိပေး

ပြင်းထန်ဆိုးရွားတဲ့ ငလျင်ကြောင့် နိုင်ငံတစ်ဝန်း လူပေါင်း ၁၆၀၀ ကျော် သေဆုံးပြီး ၁၄၀၀ နီးပါး ပျောက်ဆုံးနေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က ထုတ်ပြန်ပါတယ်။
Read More

ဝက်လက်က အုန်နှဲဘုတ်ရွာကို စစ်ကောင်စီ စစ်ကြောင်းထိုးလို့ ပြည်သူတွေ ညတွင်းချင်း စစ်ဘေးရှောင်နေရ

စစ်ကိုင်းတိုင်း၊ ဝက်လက်က အုန်နှဲဘုတ်ရွာကို စစ်ကောင်စီက စစ်ကြောင်းထိုးဝင်ရောက်လာလို့  ထောင်နဲ့ချီတဲ့ ပြည်သူတွေ ညတွင်းချင်း စစ်ဘေးရှောင်ထွက်ပြေးနေရတယ်လို့ Wetlet Informational Network ထံက သိရပါတယ်။ 
Read More

AA နဲ့ ရခိုင်လူမျိုးတွေ ကိုပစ်မှတ်ထား တိုက်ခိုက်ဝါဒဖြန့်နေတဲ့ စစ်ကောင်စီ ချန်နယ်အချို့ ရပ်ဆိုင်း

ရခိုင်လူမျိုးတွေနဲ့ အာရက္ခတပ်တော် AA ကိုပစ်မှတ်ထားကာ ဝါဒဖြန့်တိုက်ခိုက်နေတဲ့ စစ်ကောင်စီရဲ့ အမာခံ တယ်လီဂရန်အပါအဝင် ချန်နယ်အချို့ရပ်ဆိုင်းသွားတယ်လို့ Burma Affairs & Conflict Study (BACS) ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
Read More

ငါန်းဇွန်မြို့နယ်ထဲ တိုက်ပွဲ ၁၀ ရက်ကျော်လာပြီဟု ဆို

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်က ကျေးရွာတွေမှာ မဲလက်မှတ်သွားရောင်းရာကနေ စစ်ကောင်စီစစ်ကြောင်းနဲ့ ထိပ်တိုက်တိုးပြီး တိုက်ပွဲဖြစ်ပွားနေတာ ၁၀ ရက်ကျော်လာနေပြီလို့ မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ CDSOM တပ်ဖွဲ့ထံက သိရပါတယ်။
Read More

ပထအအကြိမ်ထိုးစစ်မှာ မသိမ်းပိုက်နိုင်ခဲ့တာကြောင့် “သက်ရှိစည်းရိုး”ဟု စစ်တပ်ဝါဒဖြန့်ရုပ်ရှင်ရိုက်ခဲ့သည့် ဥကရစ်ထစခန်းကို တော်လှန်ရေးတပ်များ စတင်ထိုးစစ်ဆင်

ကရင်ပြည်နယ်၊ မြဝတီမြို့အနီးက အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ ခြေကုပ်စခန်းဖြစ်တဲ့ ဥကရစ်ထစခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေက မနေ့က စတင်ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ ရှေ့တန်းစစ်ရေးသတင်းရင်းမြစ်ဆီက သိရပါတယ်။
Read More

မြိုင်မှာ မင်္ဂလာဆောင်ပွဲ ကျင်းပနေချိန် စစ်တပ် ဗုံးကြဲလို့ လူ ၂၀ ကျော် သေဆုံး

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်မှာ PDF တပ်ဖွဲ့ဝင်ရဲ့ မင်္ဂလာပွဲကျင်းပနေတဲ့ ဆုံကုန်းကျေးရွာဘုန်းကြီးကျောင်းအပါအဝင် ပတ်ဝန်းကျင်အနှံ့ကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ရာ လူအယောက်၂၀ ထက်မနည်းထိခိုက်​သေဆုံးခဲ့ကြောင်း မြိုင်ပကဖ သတင်းပြန်ကြားရေးတာဝန်ခံ ကိုသုတက မောင်းကို ပြောပါတယ်။