အင်အားပြင်းငလျင်အတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီတွေအဖြစ် နိုင်ငံတကာက တန်ချိန် ၃၇၀၀ ကျော်ရရှိထားတယ်လို့ အာဏာသိမ်း စစ်ကောင်စီက သူ့ရဲ့ ဝါဒဖြန့်မီဒီယာတွေကတဆင့် ထုတ်ပြန်ပါတယ်။

နိုင်ငံပေါင်း ၂၅ နိုင်ငံက လေယာဉ်တွေနဲ့ အကြိမ်ပေါင်း ၁၄၀ကျော်နဲ့အတူ တရုတ်နိုင်ငံက ကား ၂၃ စီး၊ အိန္ဒိယနိုင်ငံက သင်္ဘော ၅စီးနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက သင်္ဘော ၁စီးတို့ ရောက်ရှိခဲ့တယ်လို့ ဖော်ပြပါတယ်။

ဒီအကူအညီတွေကို ဘယ်လိုဖြန့်ဖြူးပေးနေတယ်ဆိုတာကိုတော့ အသေးစိတ်ထုတ်ပြန်လာခြင်း မရှိပါဘူး။

နိုင်ငံတကာက ပေးပို့တဲ့ အရေးပေါ် ကူညီ ကယ်ဆယ်ရေးပစ္စည်းတွေဟာ အချိန်မီ ဖြန့်ဝေခြင်းမပြုရင် လေလွင့်ပျက်စီးနိုင်ပြီး ရေတိုအသုံးပြုရတဲ့ ပစ္စည်းတွေပါဝင်တာကြောင့် အမြန်ဆုံးဖြန့်ဝေဖို့ လိုအပ်တယ်လို့ လူမှုကူညီကယ်ဆယ်ရေးလုပ်ဆောင်သူတွေက ထောက်ပြပါတယ်။

မတ်လ ၂၈ ရက်မှာ လှုပ်ခတ်ခဲ့တဲ့ ပြင်းအား ၇ ဒသမ ၇ ရှိငလျင်ကြောင့် သေဆုံးသူ ၃၇၃၅ ယောက်အထိရှိလာပြီး ဒဏ်ရာရသူ ၅၁၀၈ ယောက်ရှိတယ်လို့ စစ်ကောင်စီက ဧပြီလ၂၀ ရက်နေ့အထိ ရရှိထားတဲ့ စာရင်းတွေကို ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

မူဆယ်မှာ စစ်ကောင်စီတပ် လက်ကျန် မိုင်းနင်းမိပြီး အမျိုးသားတစ်ယောက် ပြင်းထန်ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်းက အကြမ်းဖက်စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ မူဆယ်မြို့နယ်၊ နမ့်ဟွယ်ကျေးရွာမှာ အမျိုးသားတစ်ယောက် မိုင်းနင်းမိပြီး ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

ရွာငံတွင် စစ်အုပ်စုက အနီရောင်အဆင့်သတ်မှတ်ပြီး စစ်ကြောင်းများခွဲထိုးနေ၊ ကြံ့ခိုင်ရေးပါတီကလည်း ရွေးကောက်ပွဲအတုအတွက် စည်းရုံးရေးဆင်းဖို့ ပြင်ဆင်နေ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုဒေသ၊ ရွာငံမြို့နယ်မှာ အကြမ်းဖက်စစ်တပ်က အင်အားထောင်ချီဖြည့်ပြီး စစ်ကြောင်းတွေထိုးနေသလို အတုအယောင် ရွေးကောက်ပွဲဝင်ရောက်မယ့် ကြံ့ခိုင်ရေးအမတ်တွေလည်း စည်းရုံးရေးဆင်းဖို့ ပြင်ဆင်နေကြောင်း ရွာငံစစ်ရေးသတင်းရင်းမြစ်က မောင်းကို ပြောပါတယ်။
Read More

ဘောလုံးကန်ဖို့ထွက်လာသည့် ၁၇ နှစ်အရွယ် လူငယ်ကို စစ်ကောင်စီတပ်သားများ သေနတ်ဖြင့်ပစ်သတ် စွန့်ပစ်ခဲ့

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်မှာ စစ်ကြောင်းထိုး အကြမ်းဖက်စစ်သားတွေက ဘောလုံးကန်ဖို့ထွက်လာတဲ့ အသက် ၁၇ နှစ်အရွယ် လူငယ် ၁ ယောက်ကို အကြောင်းမဲ့ ပစ်ခတ်သတ်ဖြတ်ခဲ့တယ်လို့ ပခုက္ကူခရိုင် အမှတ် ၄ တပ်ရင်း၊ တပ်ခွဲ ၁ ထံက သိရပါတယ်။
Read More

မြပုလဲ စစ်ကောင်စီအထိုင်စခန်းကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်၊ စစ်တပ်က လက်နက်ကြီးပစ်သည့် အရာရှိအပါ ၂ ဦး သေပြီး ၅ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်က မုံရွာ-မန္တလေးလမ်းမကြီးပေါ်ရှိ မြပုလဲ စစ်ကောင်စီအထိုင်စခန်းကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ရာ လက်နက်ကြီးပစ်တဲ့ အရာရှိအပါအဝင် ၂ ယောက်သေဆုံးပြီး ၅ ယောက် ဒဏ်ရာရခဲ့တယ်လို့ ချောင်းဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - CHU PDF က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

ကန့်ဒေါင့်ရဲစခန်းက ရဲတပ်ကြပ် ၁ ယောက် လက်နက်နဲ့အတူ အလင်းဝင်လာလို့ ကျပ်ငွေ ၈၁ သိန်း ဆုချီးမြှင့်

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်က အကြမ်းဖက်စစ်ကောင်စီရဲ့ ကန့်ဒေါင့်ရဲစခန်းက ရဲတပ်ကြပ် ၁ ယောက် လက်နက်နဲ့အတူ အလင်းဝင်လာတာကြောင့် ငွေကျပ် ၈၁ သိန်း ဆုချီးမြှင့်ခဲ့တယ်လို့ ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ) က ထုတ်ပြန်ထားပါတယ်။
Read More

မြန်မာနိုင်ငံတွင် နျူကလီးယားနည်းပညာ ဖွံ့ဖြိုးတိုးတက်ရမည်ဟု အကြမ်းဖက်မင်းအောင်လှိုင် ပြောဆိုပြန်

ရုရှားနိုင်ငံ၊ မော်စကိုမြို့မှာ ရောက်ရှိနေတဲ့ အကြမ်းဖက်မင်းအောင်လှိုင်က RADISSON COLLECTION ဟိုတယ်မှာ ပြုလုပ်တဲ့ “လူငယ်နှင့်အနာဂတ်မြန်မာ-သိပ္ပံနှင့်နည်းပညာ" သိပ္ပံပညာရပ်ဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲမှာ မြန်မာအနေနဲ့ နျူကလီးယားနည်းပညာဖွံ့ဖြိုးတိုးတက်ရမယ်လို့ ပြောဆိုခဲ့ပါတယ်။