မကွေးတိုင်း၊ ငဖဲမြို့နယ်မှာ ဖေဖော်ဝါရီလနဲ့ မတ်လအတွင်း ဖြစ်ပွားခဲ့တဲ့ ထိတွေ့တိုက်ပွဲတွေထဲ စစ်ကောင်စီဘက်က အယောက်၂၀ ထက်မနည်း သေဆုံးပြီး အများပြားထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း လူထုတော်လှန်ရေးမဟာမိတ်အင်အားစု (PRA-Magway) က ထုတ်ပြန်ထားပါတယ်။

ဖေဖော်ဝါရီလ ၂၅ရက်နေ့ မနက်ပိုင်းက ငဖဲမြို့နယ်၊ နတ်ရေကန်အနီး စင်နာခြံကို ကင်းပုန်းဝပ်ဖို့ ရောက်ရှိလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား၂၀နီးပါးကို PRA-Magway တပ်ဖွဲ့ဝင်တွေခြုံခိုတိုက်ခိုက်ရာ စစ်ကောင်စီတပ်သားတွေ ထိခိုက်ဒဏ်ရာရရှိပြီးဆုတ်ခွာသွားတယ်လို့သိရပါတယ်။

အလားတူ ဖေဖော်ဝါရီလ ၂၈ရက် မနက်ပိုင်းကလည်း အဆိုပါ နတ်​ရေကန်ဗျူဟာကုန်းကနေ ဆင်းလာတဲ့ အင်အား၆၀ပါ အကြမ်းဖက်စစ်ကြောင်းကိုဖြတ်တောက်တိုက်ခိုက်ရာမှာ စစ်ကောင်စီတပ်သား ၆ယောက် သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ ၄ယောက်ရှိခဲ့ကြောင်း PRA-Magway က ထုတ်ပြန်ပါတယ်။

ဒါ့အပြင် မတ်လ ၁၈ရက်နေ့၊ မနက်ပိုင်းကလည်း ငဖဲမြို့နယ်၊ ပဇီကျေးရွာကနေ လိုင်ကျေးရွာကို တက်လာတဲ့ တပ်မ ၉၉ လက်အောက်ခံ အင်အား ၄၀ပါ အကြမ်းဖက်စစ်ကြောင်းနဲ့ PRA-Magway တပ်တွေ လိုင်ကျေးရွာလမ်းခွဲမှာ ထိတွေ့တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်က ၇ယောက်သေကာ ၄ယောက် ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

မတ်လ ၃၀ရက်နေ့ မနက်အစောပိုင်းမှာလည်း ပုသိမ်-မုံရွာလမ်းပိုင်းပေါ်က ပဒါန်းမြို့ဝင်ဂိတ်ကို PRA-Magway နဲ့ မင်းဘူးခရိုင် အမှတ် ၂တပ်ရင်းတို့ပေါင်းပြီး ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ရာမှာ စစ်ကောင်စီဘက်က ၆ယောက်သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ ၄ယောက်ရှိခဲ့ကြောင်း သိရပါတယ်။

ပဒါန်းမြို့ဝင်ဂိတ်မှာ စစ်ကောင်စီ၊ ရဲနဲ့ စရဖအဖွဲ့ဝင် အင်အား၂၀ ကျော် တပ်စွဲထားပြီး အရပ်သားနဲ့ စျေးသည်တွေဆီက ဆက်ကြေးကောက်ငွေညှစ်ပြီး ဖိနှိပ်နေတာကြောင့် အခုလို တိုက်ခိုက်ခဲ့တာလို့ PRA-Magway က ထုတ်ပြန်ပါတယ်။

“ကျနော်တို့အနေနဲ့ စစ်ဆင်ရေးတွေ မရပ်မနား ဖော်ဆောင်နေတာရှိတယ်။ တချို့စစ်ဆင်ရေးအခြေအနေတွေ ငလျင်အခြေအနေတွေကြောင့် မထုတ်ပြန်တာမျိုးတွေ ရှိတယ်။ မဟာမိတ်ပူးပေါင်းရှိသလို သီးသန့်လှုပ်ရှားနေတာမျိုးလည်း ရှိပါတယ်” လို့ PRA-Magway ရဲ့တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
PRA-Magway အနေနဲ့ လက်ရှိမှာ AA အပါအဝင်မဟာမိတ်တော်လှန်ရေးအဖွဲ့စည်းတွေနဲ့ အမ်း-ပဒါန်းစစ်​ဆင်ရေးမှာ ပါဝင်ကာ စစ်နယ်ဝန်းချဲ့ထွင်လှုပ်ရှားဖို့ကိုလည်း ကြိုးစားနေတယ်လို့သိရပါတယ်။

 

0 Shares:
You May Also Like
Read More

ဟားခါးမှာ စစ်သား ၁ ဦးကို အရှင်ဖမ်းမိ၊ စစ်သား ၂ ဦးနှင့် ရဲ ၁ ဦး အလင်းဝင်

ချင်းပြည်နယ်၊ ဟားခါးမြို့မှာ အကြမ်းဖက်စစ်သား ၁ ယောက်ကို အရှင်ဖမ်းမိပြီး စစ်သား ၂ ယောက်နဲ့ ရဲ ၁ ယောက် အလင်းဝင်လာတယ်လို့ Chinland Defense Force - Hakha က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

လေးကေ့ကော်မြို့သစ် အနီးတဝိုက်နဲ့ မြဝတီမြို့ပေါ်ရပ်ကွက်တွေကို အကြမ်းဖက်စစ်တပ်က လေယာဥ် ၂ စီးနဲ့ ပျံဝဲကာ ခြိမ်းခြောက်နေ

ကရင်ပြည်နယ် လေးကေ့ကော်မြို့သစ်နဲ့ မြဝတီမြို့ပေါ်ရပ်ကွက်တွေကို အကြမ်းဖက်စစ်တပ်က Y12 လေယာဥ် ၂ စီးနဲ့ ပျံဝဲကာ ခြိမ်းခြောက်မှုတွေ လုပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

ရပ်စောက်မှာ DPLA နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဆက်လက်ဖြစ်ပွားနေ၊ စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဓာတုဗုံး အသုံးပြုတိုက်ခိုက်

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်၊ ကျောက်ဂူဒေသမှာ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်(DPLA)နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီတပ်ဘက်က ဒရုန်းနဲ့ ဓာတုဗုံး အသုံးပြု တိုက်ခိုက်ခဲ့တယ်လို့ DPLA က ဒီနေ့ ထုတ်ပြန်ထားပါတယ်။
Read More

ဖမ်းဆီးမှုကို ပြန်လည်ခုခံသည့် ပျူခေါင်းဆောင် ပစ်ခတ်ရှင်းလင်းခံရ

ပဲခူးတိုင်း၊ ပြည်မြို့နယ်၊ ပေါင်းတလည်အပိုင်၊ ခွေးရဲချင်ရုပ်ကုန်းကျေးရွာက ပျူစောထီးခေါင်းဆောင်ဟာ ဖမ်းဆီးခံရချိန် ပြန်လည်ခုခံခဲ့တဲ့အတွက် ပစ်ခတ်ရှင်းလင်းလိုက်တယ်လို့ ပြည်ခရိုင် တပ်ရင်း ၃၆၀၂ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံဆီက သိရပါတယ်။
Read More

ဒီဇင်ဘာ တစ်လအတွင်း စစ်ကောင်စီ မြို့ပေါင်း ၆ မြို့ကို လက်လွှတ်ခဲ့ရ

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလအတွင်းမှာပင် စစ်ကောင်စီက နိုင်ငံတစ်ဝန်း မြို့ပေါင်း ၆ မြို့ကို တော်လှန်ရေးအင်အားစုတွေထံ လက်လွှတ်ခဲ့ရတယ်လို့  ဉာဏ်လင်းသစ်အဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။ 
Read More

ဗန်းမောက်မြို့နယ် ရွှေလုပ်ကွက်နေရာကို စစ်တပ် လေကြောင်းတိုက်ခိုက်လို့ ဒေသခံ ၁ဦး သေဆုံး၊ ၆ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ်က ရွှေလုပ်ကွက်နေရာကို အကြမ်းဖက်စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၁ယောက် သေဆုံးခဲ့ကြောင်း ဗန်းမောက်နယ်ခံတွေဆီက သိရပါတယ်။ ဒီဇင်ဘာ ၇ရက် နေ့လယ် ၂နာရီလောက်မှာ တံတားဦး လေတပ်ကနေ တက်လာတဲ့ ဂျက်ဖိုက်တာ ၂စီးဟာ ဗန်းမောက်မြို့နယ်တောင်ပိုင်း သုံးပင်ကျေးရွာနားက ရွှေလုပ်ကွက်နေရာကို လေကြောင်းတိုက်ခိုက်မှု ၁၆ မိနစ်ခန့်ကြာ ပြုလုပ်ခဲ့တာကြောင့် ဒေသခံ ၁ယောက် သေဆုံးကာ ၆ယောက် ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။