ကန့်ဘလူမြို့နယ်၊ သင်တောရွာက ကုန်စုံဆိုင်ကို စစ်တပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်လို့ အရပ်သားပြည်သူ ၆ ယောက် သေဆုံးခဲ့တယ်လို့  Kawlin info ထံက သိရပါတယ်။

ဧပြီလ ၂၀ ရက်၊ ညနေ ၆ နာရီ ၄၀ မိနစ်ခန့်မှာ ကန့်ဘလူမြို့နယ်၊ သင်တောရွာ ဒေါ်မူချို ကုန်စုံဆိုင် ကို အကြမ်းဖက်စစ်တပ်က ဂျက်ဖိုက်တာနဲ့ ဗုံး ၂ လုံးကြဲချတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

လေကြောင်းတိုက်ခိုက်မှုကြောင့် ကုန်စုံဆိုင်အတွင်းရှိနေတဲ့ အမျိုးသား ၃ ယောက်နဲ့ အမျိုးသမီး ၃ ယောက် ပွဲချင်းပြီး သေဆုံးခဲ့ပြီး ပြည်သူ ၂ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တာ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

အမျိုးသားညီညွတ်ရေးအစိုးရ၏ ၂၇ / ၂၀၂၄ အစိုးရအဖွဲ့အစည်းအဝေးတွင် ယာယီသမ္မတ ဒူဝါလရှီးလ ပြောကြားသည့် မိန့်ခွန်းကောက်နုတ်ချက် ရုပ်သံ

''အခုလုပ်ဆောင်မယ့် စစ်ကောင်စီရဲ့ ရွေးကောက်ပွဲဆိုတာဟာ ဒီမိုကရေစီကျင့်ထုံနဲ့ ဒီမိုကရေစီ မူတွေကို လုပ်တဲ့ရွေးကောက်ပွဲ မဟုတ်ပါဘူး။ စစ်အာဏာထိန်းမှုကို တရားဝင်အာဏာအဖြစ် အသွင်ကူးပြောင်းဖို့ကို ရွေးကောက်ပွဲကို လက်နက်တစ်ခုလို အသုံးချတဲ့ ကိစ္စသာဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ အားလုံးက အတုအယောင်ရွေးကောက်ပွဲလို့ နာမည်တပ်ရတာဖြစ်ပါ တယ်''
Read More

ဖားကန့်တွင် စစ်တပ်ပစ်ခတ်သည့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး ပြည်သူ ၁ ဦး သေဆုံး၊ ၃ ဦး ဒဏ်ရာရ (ရုပ်/သံ)

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် လုံးခင်းကျေးရွာရှိ ကောင်းပြည့်ဆီဆိုင်အနီး အကြမ်းဖက်စစ်တပ် ပစ်ခတ်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး ပြည်သူ ၁ ယောက် သေဆုံးကာ ၃ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်တွင် တောင်ကျရေကြောင့် အဆောက်အအုံနှင့် ယာဉ်အချို့ ရေစီးထဲမျောပါ (ရုပ်/သံ)

ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်မှာ ကာဂျီကီမုန်တိုင်းအရှိန်ကြောင့် မိုးသည်းထန်စွာရွာသွန်းပြီး အရှိန်အဟုန်နဲ့ စီးဆင်းလာတဲ့ တောင်ကျရေကြောင့် အဆောက်အအုံနဲ့ ယာဉ်တချို့ ရေစီးထဲမျောပါသွားခဲ့တယ်လို့ ထိုင်းသတင်းဌာနတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။
Read More

ကျောက်ကြီးမြို့နယ်အတွင်း အလင်းဝင်လိုသည့် စစ်ကောင်စီတပ်သား ၃ ဦးကို Spring Warriors Column ရဲဘော်များ သွားရောက်ခေါ်ဆောင် (ရုပ်/သံ)

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ နောင်ကုန်းကျေးရွာမှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သား တွေထဲက အလင်းဝင်ချင်တဲ့ တပ်သား ၃ ယောက်ကို သွားရောက်ခေါ်ဆောင်ခဲ့တယ်လို့ Spring Warriors Column က သတင်းထုတ်ပြန်ထားပါတယ်။
Read More

မုံရွာမှ မန္တလေးဘက်သို့ မောင်းနှင်လာတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ သံပြားကာယာဉ်တန်းကို ကြားဖြတ်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း မုံရွာမြို့ဘက်မှ မန္တလေးမြို့ဘက်သို့ မောင်းနှင်လာတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ သံပြား ကာယာဉ် ၇ စီးကို ဖေ‌ဖော်ဝါရီ ၁၇ ရက် ညနေပိုင်းက လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ် ပြီး ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ မြင်းမူမြို့ပြတော်လှန်ရေးအဖွဲ့ထံက သိရပါတယ်။
Read More

မန္တလေး-မုံရွာလမ်းပေါ် ခရီးသွားပြည်သူများအားအနိုင်ကျင့်ပိုက်ဆံတောင်းနေသည့် စစ်ကော်မရှင်တပ်သားများကို အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မန္တလေး-မုံရွာလမ်းပေါ် ခရီးသွားပြည်သူတွေကို အနိုင်ကျင့်ပိုက်ဆံတောင်းနေတဲ့ စစ် ကော်မရှင်တပ်သားတွေကို အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၄ ယောက် သေဆုံးခဲ့တယ်လို့ မုံရွာခရိုင် အမှတ် ၄ တပ်ရင်းက သတင်းထုတ်ပြန်ထားပါတယ်။