စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ သင်တောကျေးရွာကို စစ်ကောင်စီတပ်တွေက တိုက်ပွဲဖြစ်ပွါးနေခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တာကြောင့် အရပ်သားပြည်သူ ၆ယောက် သေဆုံးပြီး နေအိမ်တွေလည်း မီးလောင်ပျက်စီးသွားတယ်လို့ ကျွန်းလှ တက်ကြွလှုပ်ရှားသူများ အဖွဲ့ထံက သိရပါတယ်။ 

မနေ့က ဧပြီလ ၂၀ ရက် ည ၇ နာရီ ဝန်းကျင်အချိန်မှာ အဆိုပါ သင်တောကျေးရွာကို တံတားဦးလေတပ်ကနေ ဂျက်ဖိုက်တာလေယာဉ်နဲ့ ပေါင် ၅၀၀ ဗုံး ၂လုံး ကြဲချကာ လေကြောင်း တိုက်ခိုက်မှု ပြုလုပ်ခဲ့တာလို့ သိရပါတယ်။ 

အဲဒီတိုက်ခိုက်မှုကြောင့် ကျေးရွာအတွင်းက ဦးကျော်မင်းကြီး (အသက် ၅၀နှစ်)၊ ကိုဖိုးမော့ (အသက် ၃၀နှစ်)၊ ကိုမင်းမင်း (အသက် ၃၀ကျော်)၊ ဒေါ်ခင်မာနှင်း (အသက် ၅၀ကျော်)၊ ဒေါ်စော (အသက် ၅၀ ကျော်) နဲ့ မမိသေး (အသက် ၂၀ ကျော်) တို့ ထိမှန် သေဆုံးခဲ့ပြီး တခြားထိခိုက်သူတွေလည်း ရှိတယ်လို့ သိရပါတယ်။ 

“တိုက်ပွဲ မရှိပါဘူးဗျ ဒီတိုင်းရွာထဲကို ကြဲသွားတာပါ။ ရွာက သူတွေက အခုတော့ ရှောင်ကြတယ်ဗျ… ပုံမှန်လည်း စစ်ရှောင်နေရတော့ ရွာထဲမှာ သိပ်မနေကြဘူး။ နေ့ခင်းဘက် စိတ်ချရတယ်လို့ ဈေးဝင်ရောင်းတာမျိုးရှိတယ်။ ညဆိုရင်တော့ ဘယ်သူမှ ရွာမှာ မအိပ်ကြဘူး။ အပြင်ထွက်အိပ်ကြတာပဲ။ မဟုတ်ရင် ဒီထက်ပိုဆိုးနိုင်တယ်” လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။ 

အခုလေကြောင်းတိုက်ခိုက်မှုမှာ ပျက်စီးသွားတဲ့အိမ်ဟာ သင်တောကျေးရွာက အကြီးဆုံး ကုန်စုံဆိုင်ဖွင့်ထားတဲ့ အိမ်ဖြစ်ပြီး နံကပ်တိုက်၊ ဆီစက်၊ ဆန်စက်တို့လည်း မီးလောင်ပျက်စီးသွားတယ်လို့ သိရပါတယ်။ 

စစ်ကောင်စီက စစ်ရေးပစ်မှတ်မဟုတ်တဲ့ ကျေးရွာတွေနဲ့ ဘာသာရေးအဆောက်အဦးတွေကို ရည်ရွယ်ချက်ရှိရှိ လေကြောင်းတိုက်ခိုက်မှု ဆက်တိုက်ပြုလုပ်နေတာကြောင့် အပြစ်မဲ့ ကလေးသူငယ်တွေ အပါအဝင် ပြည်သူတွေ သေဆုံးနေတယ်လို့ ကျွန်လှတက်ကြွ လှုပ်ရှားသူများအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ရန်ကုန်တွင် စစ်အုပ်စုနှင့် အပေါင်းအပါများ လမ်းပေါ် ထိုးကြိတ်ဖမ်းခေါ်သည်အထိ ပေါ်တာဆွဲမှုများ ဆိုးရွားလာ

ရန်ကုန်တိုင်းအတွင်းက မြို့နယ်တွေမှာ စစ်အုပ်စုက လမ်းသွားလမ်းလာ လူငယ်တွေပါမချန် ပေါ်တာဆွဲဖမ်းဆီးတာတွေ လုပ်ဆောင်ရင်း စစ်မှုထမ်းစျေးကွက်ကို ဆိုးဆိုးရွားရွားလုပ်ဆောင်လာကြကြောင်း Rangoon Scout Network တာဝန်ရှိသူမှ မောင်းကိုပြောပါတယ်။
Read More

ရေစကြိုတွင် စစ်တပ် စက်တပ်လေထီးဖြင့် ဗုံးကြဲမှုကြောင့် အရပ်သား ၃ ဦး သေဆုံး

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်မှာ စစ်အုပ်စုရဲ့ စက်တပ်လေထီး (ပါရာမော်တာ) နဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ၃ရက်အတွင်း အရပ်သား ၃ ယောက် သေဆုံးခဲ့ကြောင်း Yesagyo Township Info Committee တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ယင်းမာပင်ခရိုင် တပ်ရင်းအမှတ် ၃၀ က စိုးမိုးနယ်မြေအတွင်း ကျေးရွာနေ ပြည်သူတွေဆီ စစ်သတင်းလွှာ ဖြန့်ဝေ… (ဓာတ်ပုံသတင်း)

စစ်ကိုင်းတိုင်းအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ယင်းမာပင်ခရိုင် တပ်ရင်းအမှတ် ၃၀ (အာဏာရှင်တော်လှန်ရေး ပြည်သူ့တပ်မတော်) အနေနဲ့ တပ်ရင်းစိုးမိုးနယ်မြေအတွင်းက ဆက်သွယ်ရေး ခက်ခဲပြီး သတင်းအချက်အလက်နဲ့ ဝေးကွာနေတဲ့ ကျေးရွာတွေက ပြည်သူတွေဆီ စစ်သတင်းလွှာ အတွဲ ၂ အမှတ် ၂ ဖြန့်ဝေခဲ့တဲ့ ပုံရိပ်တွေကို ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

ထီးထာဗျူဟာစခန်းသိမ်းတိုက်ပွဲဝင် တော်လှန်ရေးအင်အားစုများအား ဂုဏ်ပြုကြောင်း KNLA  တပ်မဟာ ၄ ထုတ်ပြန်

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၄) နယ်မြေအတွင်းက စစ်ကောင်စီရဲ့ ထီးထာဗျူဟာစခန်းကို ဧပြီ ၁၉ရက် မနေ့က သိမ်းပိုက်နိုင်ခဲ့မှုမှာ ပါဝင်တဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေကို ဂုဏ်ပြုကြောင်း တပ်မဟာ(၄) တပ်မမှူးက လက်မှတ်ရေးထိုး ထုတ်ပြန်ပါတယ်။
Read More

NUG အစိုးရက ၎င်းတို့ရဲ့ အားနည်းချက်တွေကို နည်းသထက်နည်းအောင် ကြိုးစားမယ်လို့ ကတိပြု

NUG အစိုးရအနေနဲ့ ၎င်းတို့ဘက်က အားနည်းချက်တွေကို နည်းသထက်နည်းအောင်ကြိုးစားနေပြီး ပြည်သူလူထုရဲ့ အသံကို အချိန်မရွေးနားထောင်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ယာယီ သမ္မတဖြစ်သူ  ဒူဝါလရှီးလက ပြောပါတယ်။