ဒေါနစစ်ကြောင်း ၃ နဲ့ မွန်၊ ကရင်၊ ထားဝယ်က လက်နက်ကိုင်တပ်ဖွဲ့တွေ မဟာမိတ်အဖြစ်  ပူးပေါင်းကာ စစ်ရေးဖော်ဆောင်မှုတွေ လုပ်ဆောင်သွားမယ်လို့ Kanbauk Defense Force က သတင်းထုတ်ပြန်ပါတယ်။ 

ပြီးခဲ့တဲ့ ဧပြီလ ၁၇ ရက်နေ့ (မြန်မာနှစ်ဆန်းတစ်ရက်နေ့)မှာ ဒေါနစစ်ကြောင်း ၃ (တပ်ခွဲ ၄၊ တပ်ခွဲ ၆၊ တပ်ခွဲ ၇)၊ KNU တပ်မဟာ ၆ တပ်ရင်း ၂၇၊ မွန်ပြည်သစ်ပါတီ (AD) ၊ မွန်ပြည်တော်လှန်ရေးတပ် (MSRF)၊ ABSDF တပ်ရင်း ၁၊ ဓဝယ်တပ်တော် (DNLA) တို့က တာဝန်ရှိသူတွေ တွေ့ဆုံပြီး စစ်ရေးမဟာမိတ်အဖြစ် ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူညီမှု ရရှိခဲ့တယ်လို့ သိရပါတယ်။ 

“ပူးပေါင်းမှုတွေက တစ်ဖွဲ့ချင်းစီ ပူးပေါင်းမှုက အရင်ကတည်းက ရှိပါတယ်။ အခုကတော့ ရေဖြူမြို့နယ် အခြေစိုက်တဲ့ အဖွဲ့အများစုနဲ့ မျက်နှာစုံညီတွေ့ဆုံပြီး သဘောတူညီချက် ယူတာမျိုးဖြစ်ပါတယ်” လို့ Kanbauk Defense Force ရဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။ 

(ဓာတ်ပုံ Kanbauk Defense Force)

ရေဖြူမြို့နယ်အတွင်း ဝင်ရောက်နေတဲ့ စစ်ကောင်စီ စစ်ကြောင်းတွေကို ထိရောက်စွာ ဟန့်တားနိုင်ဖို့နဲ့ စစ်ရေးအရ အချိတ်အဆက်မိမိ အရှိန်မြှင့် ပူးပေါင်းဆောင်ရွက်နိုင်ဖို့ ရည်ရွယ် ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။ 

ဒါ့အပြင် တွေ့ဆုံဆွေးနွေးမှုဟာ ရလာဒ်ကောင်းတွေ ရရှိခဲ့ပြီး အောင်မြင်တဲ့ စစ်ရေးဖော်ဆောင်မှုတွေ ရရှိဖို့အတွက်လည်း သဘောတူညီချက်တွေ ထားရှိကာ ကြိုးစားဆောင်ရွက်လျက်ရှိနေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

0 Shares:
You May Also Like
Read More

အမ်းမြို့အနီးက စစ်စခန်းအများစုကို AA က တိုက်ခိုက်သိမ်းပိုက်၊ အာရက္ခပြည်တစ်ခုလုံး စစ်ကောင်စီကင်းစင်ရေး အရှိန်မြှင့်နေ

ရခိုင်ပြည်နယ်၊ အမ်းမြို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် အနီး စစ်စခန်းအားလုံးကို အာရက္ခတပ်တော် AA က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း အသိပေး ထုတ်ပြန်ပါတယ်။
Read More

ရေစကြိုမြို့နယ်မှာ စစ်မှုထမ်းဆင်း စစ်သား ၃ ဦး လက်နက်ခဲယမ်းအချို့နှင့်အတူ အလင်းဝင်လာ

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်က စစ်မှုထမ်းသင်တန်းဆင်း စစ်သား ၃ ယောက် လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာတယ်လို့ Southern YSO PDF က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ပေါ်တာဆွဲနေသည့် စစ်ကော်မရှင်တပ်သားများ လက်နက်ကြီးငယ်များဖြင့် ပစ်ခတ်ခံရပြီး ရဲစခန်းထဲ ဝင်ပြေး

မကွေးတိုင်း၊ စလင်းမြို့နယ်နဲ့ ဆင်ဖြူကျွန်းမြို့ရှိ ပြည်သူတွေကို ပေါ်တာဆွဲ ဖမ်းဆီးနေတဲ့ စစ်ကော်မရှင်တပ်သားတွေကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့-စလင်း ထံက သိရပါတယ်။
Read More

ပွင့်ဖြူမြို့နယ်ထဲက စစ်ရှောင်ပြည်သူတွေကို စားနပ်ရိက္ခာနဲ့ ကျန်းမာရေးလိုအပ်ချက်တွေ ထောက်ပံ့ကူညီ

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်အတွင်းမှာရှိတဲ့ ကျေးရွာတစ်ရွာက စစ်ရှောင်ပြည်သူတွေကို မင်းဘူးခရိုင် PDF ရဲ့ တာဝန်ရှိသူက ဒီနေ့ ဒီဇင်ဘာ ၁၇ ရက်မှာ စားနပ်ရိက္ခာနဲ့ ကျန်းမာရေး လိုအပ်ချက်တွေ ထောက်ပံ့ကူညီခဲ့တယ်လို့ ပကဖအသံက သတင်းဖော်ပြထားပါတယ်။
Read More

တန့်ဆည်မြို့နယ် ကံထူးမရွာကို စစ်တပ် လေကြောင်းတိုက်ခိုက်၊ ဒေသခံ ၈ဦး သေဆုံးပြီး ၁၂ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ် ကံထူးမရွာကို အကြမ်းဖက်စစ်တပ်က အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၈ ယောက် သေဆုံးခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့နဲ့ နီးစပ်သူတွေထံက သိရပါတယ်။
Read More

စစ်ကိုင်းမြို့အနောက်ခြမ်းတွင် စစ်အုပ်စု၏လက်နက်ကြီး ထိမှန်ပြီး အရပ်သား အမျိုးသမီး ၁ ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်အနောက်ခြမ်းမှာ အကြမ်းဖက်စစ်ကြောင်းကနေ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးတွေထိမှန်ခဲ့လို့ သလွန်ဖြူရွာနေ အမျိုးသမီး ၁ ယောက် သေဆုံးပြီး ၁ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ပြည်သူ့ဘက်တော်သားအဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။