စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့အထွက်၊ စစ်ကိုင်း-မုံရွာ -ရွှေဘိုလမ်းပေါ်မှာ အရပ်သားကားတွေဆီက ဆက်ကြေးကောက်ငွေညှစ်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို သွားရောက်ပစ်ခတ်တိုက်ခိုက်ရာ ဗိုလ်အဆင့်ရှိသူအပါ အကြမ်းဖက်စစ်သား ၅ယောက်သေဆုံးခဲ့ကြောင်း လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။

ဧပြီလ ၂၀ရက်၊ မနေ့က ညနေပိုင်းမှာ စစ်ကိုင်းရဲတပ်ရင်း ၁၆နား အရပ်သားကားတွေကို ဆက်ကြေးကောက်ငွေတောင်းခံရင်း စစ်ကိုင်းတပ်မ ၃၃ကနေ မုံရွာမြို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ)ကို သွားတဲ့ စစ်ကောင်စီကားတန်းအတွက် လုံခြုံရေးယူနေတဲ့ အကြမ်းဖက်တပ်ဖွဲ့ဝင်တွေကို လင်းယုန်ညီနောင်ပြောက်ကျားတပ်ဖွဲ့ဝင်တွေက ပြောက်ကျားဝင်ရောက်ပစ်ခတ်ခဲ့တာလို့ သိရပါတယ်။ 

“မုံရွာ နမခကို သွားမယ့်ကားတွေအတွက် လုံခြုံရေးယူပေးတဲ့ကောင်တွေ လမ်းပေါ် ၆ကောင် ၇ကောင် လောက်ရှိတယ်။ အဲ့ဒါကိုမှ ကင်းပုန်းယူတဲ့ကောင်တွေလည်း ရှိတယ်ပေါ့။ ကားတွေကိုလည်း ငွေညှစ်နေတယ်​​​ပေါ့။ ကျနော်တို့ သွားပစ်တဲ့နေရာနဲ့ ရဲတပ်ရင်း ၁၆က မီတာ ၁၀၀လောက်ပဲ ဝေးတယ်။ အဲ့တော့ ကျနော်တို့ ပြောက်ကျားနည်းနဲ့ပဲ ထိရောက်အောင်ပစ်ပြီး ပြန်ဆုတ်ခဲ့ရတာပါ။ အဲ့အချိန် ကင်းပုန်းယူနေတဲ့ ကောင်တွေကပါ ကျနော်တို့ကိုဝင်ပစ်တယ်။ ရဲတပ်ရင်း ၁၆ ကလည်း ၄၀မမတွေပစ်ပါတယ်။” လို့လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့ဝင်များကို တွေ့ရစဉ်

ပစ်ခတ်မှုအတွင်း စစ်ကောင်စီတပ်သား ၅ယောက် နေရာတင် ပွဲချင်း​ပြီး သေဆုံးခဲ့ပြီး ၃ယောက်ကတော့ ထိခိုက်ဒဏ်ရာ အပြင်းအထန်နဲ့ ဆေးကုသမှု ခံယူရနေရကြောင်း၊ ပြောက်ကျားတပ်ဖွဲ့ဝင်တွေလည်း အထိအခိုက်မရှိ ဆုတ်ခွါခဲ့ကြောင်း သိရပါတယ်။

“ရဲတပ်ရင်း၁၆နဲ့ နီးတော့ ကျနော်တို့လည်း အများကြီး အချိန်မရခဲ့ဘူး။ တပ်ရင်းထဲက စစ်ကူတွေပါလာတော့ ကျနော်တို့လည်း ပစ်ဆုတ်ဆုတ်ခဲ့ရတယ်။ သေသွားတဲ့ခွေးတွေထဲ အရာရှိအဆင့်တစ်ကောင်ပါတယ်။ ရာထူးအတိအကျ မသိရပေမယ့် ခန့်မှန်းရသလောက် ဗိုလ်အဆင့်တော့ ရှိလိမ့်မယ်။” လို့ လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့တာဝန်ရှိသူက မောင်းကို ပြောခဲ့ပါတယ်။

0 Shares:
You May Also Like
Read More

ဒေါနစစ်ကြောင်း (၂)၊ ရေးပြောက်ကျားတပ် (YGF) မှ ရှေ့တန်းစစ်မြေပြင်များတွင် တာဝန်ထမ်းဆောင်နေသည့် ရဲဘော်များ (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၊ ဒေါနစစ်ကြောင်း (၂) ၊ ရေးပြောက်ကျားတပ် (YGF) အနေနဲ့ စိုးမိုးနယ်မြေတွေနဲ့ ရှေ့တန်းစစ်မြေပြင်မှာ တိုက်ပွဲဝင်နေတဲ့ ရဲဘော်တွေရဲ့ မှတ်တမ်းပုံရိပ်တွေကို ဒီနေ့မှာ ထုတ်ပြန်ဖော်ပြထားပါတယ်။‎
Read More

အကြမ်းဖက် ၅၈၇ လက်နက်ကြီးတပ်ရဲ့ လမ်းပြဖြစ်သူကို ရေးဘီလူးအဖွဲ့ ဖမ်းဆီး

မွန်ပြည်နယ်၊ ရေးမြို့နယ်မှာရှိတဲ့ ၅၈၇ လက်နက်ကြီးတပ်ရဲ့ လမ်းပြဖြစ်သူကို ရေးဘီလူးအဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ ရေးဘီလူးအဖွဲ့ခေါင်းဆောင်က အတည်ပြု ပြောဆိုပါတယ်။
Read More

ထီးလင်းမြို့နယ်တွင် ဒေသခံများနှင့် တော်လှန်ရေးရဲဘော်များအတွက်ပါ အသိပညာများစွာ ရစေခဲ့သည့် အမျိုးသမီးနှင့် ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး (WCP) သင်တန်း ပြုလုပ်ခဲ့

မကွေးတိုင်း၊ ထီးလင်မြို့နယ်မှာ ပြုလုပ်ခဲ့တဲ့ ပဋိပက္ခကာလအတွင်း အမျိုးသမီးနဲ့ကလေးသူငယ်များ ကာကွယ်စောင့်ရှောက်ရေး(WCP) သင်တန်းကို ပြီးခဲ့တဲ့ စက်တင်ဘာလနဲ့ အောက်တိုဘာလတွေမှာ ပြုလုပ်ခဲ့ပြီး ဒေသခံတွေနဲ့ တော်လှန်ရေးရဲဘော်တွေအတွက် အသိပညာများစွာရရှိခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ပေါက်မြို့နယ်အတွင်း ကပစ ၂၂ ကနေ စစ်ကြောင်းထိုးလာသည့် စစ်ကြောင်းမှ စစ်သား ၃ ဦးကို ဖမ်းမိ

မကွေးတိုင်း၊ ပေါက်မြို့နယ်အတွင်း ကပစ ၂၂ ကနေ စစ်ကြောင်းထိုးလာတဲ့ စစ်အုပ်စုထဲက အကြမ်းဖက်စစ်သား ၃ ယောက်ကို ဖမ်းမိခဲ့တယ်လို့ Young Revolution Front အဖွဲ့ထံက သိရပါတယ်။
Read More

ညီညွတ်ရင် မြန်မာအကြမ်းဖက် စစ်ရာဇဝတ်ဂိုဏ်းကို ဖျက်သိမ်းနိုင်ကြောင်း Justice For Myanmar ထုတ်ပြန်

“ကျွန်ုပ်တို့ ညီညွတ်လျှင် မြန်မာစစ်ရာဇဝတ်ဂိုဏ်းအား ဖျက်သိမ်းနိုင်တယ်” လို့ မကြာသေးခင်က Right Livelihood Award (မှန်ကန်သောအသက်မွေးဝမ်းကြောင်းဆု) ရရှိထားတဲ့ Justice For Myanmar က ထုတ်ပြန်ပါတယ်။
Read More

အင်းစိန်ထောင်က နိုင်ကျဉ်းတွေအပါ အကျဥ်းသား ၅၀၀ သာယာဝတီထောင်ကို ပြောင်းရွှေ့ခံရ

အင်းစိန်ထောင်မှာ နိုင်ငံရေးပုဒ်မတွေနဲ့ မတရားအကျဉ်းချခံထားရသူတွေ အပါအဝင် ပြစ်မှုအမျိုးမျိုးနဲ့ ကျခံနေရတဲ့ အကျဉ်းသား အယောက် ၅၀၀ ကို နိုဝင်ဘာ ၃၀ ရက်နေ့က သာယာဝတီအကျဉ်းထောင်ကို ပြောင်းရွှေ့လိုက်တယ်လို့ သိရပါတယ်။