ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ရဲ့ စစ်ရေးလှုပ်ရှားမှုနယ်မြေဖြစ်တဲ့ သပိတ်ကျင်း၊ စဉ့်ကူးနဲ့ မတ္တရာမြို့တို့မှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၄၁ ယောက် သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ အနည်းဆုံး (၅၈) ယောက်ရှိတယ်လို့ MDY-PDF က သတင်းထုတ်ပြန်ပါတယ်။

စစ်ကောင်စီဟာ ဧပြီလ ၁ ရက်နေ့ကနေ ၁၉ ရက်နေ့အတွင်း လေကြောင်းတိုက်ခိုက်မှုကို သပိတ်ကျင်းမြို့နယ်မှာ (၁၃) ကြိမ်၊ စဉ့်ကူးမြို့နယ်မှာ (၄) ကြိမ်၊ မတ္တရာမြို့နယ်မှာ (၁) ကြိမ် လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ လေကြောင်း တိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူ ၄၁ ယောက် သေဆုံးခဲ့ပြီး အဲဒီထဲက ၇ ယောက်ဟာ အရွယ်မရောက်သေးတဲ့ ကလေးသူငယ်တွေ ဖြစ်တယ်လို့ ဆိုထားပါတယ်။

ဒါ့အပြင် အနည်းဆုံး ၅၈ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး စစ်ကောင်စီဟာ စစ်ဘက်ဆိုင်ရာ ပစ်မှတ်တွေကို မတိုက်ခိုက်ဘဲ အရပ်သားပြည်သူတွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာကြောင့် စာသင်ကျောင်း ၁ကျောင်း အပါအဝင် လူနေအိမ်ပေါင်း ၅၄လုံး ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။

MDY-PDF အနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်ထားသလို ငလျင်ကြောင့် ဖြစ်လာတဲ့ နောက်ဆက်တွဲ ထိခိုက်မှုတွေကို ကူညီဆောင်ရွက်နိုင်ရေးအတွက် ထိုးစစ်အားလုံးကို ယာယီရပ်စဲထားပြီး ခုခံစစ်ကိုသာ လုပ်ဆောင်မယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါပေမယ့် စစ်ကောင်စီကတော့ အပစ်အခတ်ရပ်စဲထားတဲ့ ကာလတလျှောက်လုံးမှာ အရပ်သားတွေကို ဦးတည်တိုက်ခိုက်နေတာတွေဟာ ထင်ရှားနေပြီး အခုလို တိုက်ခိုက်နေမှုတွေကို တရုတ်၊ အိန္ဒိယ၊ ထိုင်းနိုင်ငံကဲ့သို့ အိမ်နီးချင်းနိုင်ငံတွေနဲ့ အမေရိကန်၊ ရုရှားလိုမျိုး ကမ္ဘာ့အင်အားကြီးနိုင်ငံတွေ၊ အာဆီယံ၊ ဥရောပသမဂ္ဂနဲ့ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ချုပ် စတဲ့ နိုင်ငံတကာအဖွဲအစည်းတွေအနေနဲ့ မျက်ခြေမပြတ်စောင့်ကြည့်ဖို့ လိုအပ်ကြောင်း၊ စစ်ကောင်စီအပေါ် လိုအပ်သလို တုံပြန် အရေးယူဆောင်ရွက်ကြဖို့ လိုအပ်ကြောင်းကိုလည်း MDY-PDF က အလေးအနက် တိုက်တွန်းထားပါတယ်။

0 Shares:
You May Also Like
Read More

လက်နက်စက်ရုံ ကပစ- ၁၃ ကို ရှော့တိုက်ဒုံး အများအပြားနှင့် ပစ်ခတ်တိုက်ခိုက် …ထိခိုက်ပျက်စီးမှု များပြားနိုင်

မကွေးတိုင်း၊ ဆင်ပေါင်ဝဲမြို့နယ်က စစ်ကောင်စီ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ- ၁၃) စက်ရုံကို ရှော့တိုက်ဒုံး ၁၀လုံးနဲ့ အောင်မြင်စွာ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Brave Warriors for Myanmar (BWM) က‌ ဒီကနေ့သတင်းထုတ်ပြန်လိုက်ပါတယ်။
Read More

ပခုက္ကူမြို့မှာ အရပ်ဘက်သုံးကားနဲ့ တပ်မ ၁၀၁ က ထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေကို အနီးကပ် ပစ်ခတ်ရာ ၄ ယောက် သေ

မကွေးတိုင်း၊ ပခုက္ကူမြို့အခြေစိုက် စစ်ကောင်စီရဲ့ တပ်မ ၁၀၁ ကနေ အိမ်စီးကားနဲ့ ထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေကို အနီးကပ် ပစ်ခတ်တိုက်ခိုက်ရာ ၄ ယောက် သေဆုံးခဲ့တယ်လို့ Shwe Nyar Myae PDF က ထုတ်ပြန်ထားပါတယ်။
Read More

ပခုက္ကူတွင် စစ်ကောင်စီ လက်နက်ကြီးပစ်ခတ်ကာ စစ်ကြောင်းထိုးနေတာကြောင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရ

"သူတို့က စစ်ကြောင်းကို နောက်ချန်နဲ့ထိုးတာဆိုတော့ စစ်ကြောင်းကျော်သွားရင်လည်း နောက်ချန်တွေနဲ့ ဗျူဟာပြောင်းလာတယ်ဗျ။ စုပေါင်းအင်အားအတော်များပါတယ်။ ပြည်သူတွေအနေနဲ့ ဂရုစိုက်ကြဖို့ လိုပါတယ်။ ရှောင်နေရတဲ့လူတွေလည်း မနည်းဘူး" လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်၁ယောက်က မောင်းကိုပြောပါတယ်။
Read More

ပေါက်မြို့နယ်တွင်  ရက်ရှည်ဝင်ရောက်နေသည့် စစ်ကြောင်းနှင့် တော်လှန်ရေးတပ်များ တိုက်ပွဲများရှိနေပြီး စစ်အုပ်စုအထိနာထား

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်မှာ ရက်ရှည်ဝင်ရောက်နေတဲ့ အကြမ်းဖက်စစ်အုပ်စုစစ်ကြောင်းကို ထိခိုက်မှုများအောင် ခုခံတိုက်ခိုက်ရင်း အရပ်သားတွေကိုလည်း ကူညီကယ်ဆယ်ရေးတွေ လုပ်ဆောင်ပေးနေတယ်လို့ မြိုင်ပကဖ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

နောင်ချိုကို စစ်ကောင်စီ ပေါင် (၅၀၀) ဗုံးကြဲချတိုက်ခိုက်လို့ နေအိမ်တွေ ထိခိုက်ပျက်စီး

နောင်ချိုမြို့နယ်မှာ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ပေါင်(၅၀၀) ဗုံး(၂)လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့တာကြောင့် နေအိမ်တွေ ထိခိုက်ပျက်စီးခဲ့တယ်လို့ TNLA က အသိပေးထုတ်ပြန်ပါတယ်။
Read More

ကိုယ်ဝန်ဆောင်အမျိုးသမီးကို ယင်းမာပင်ခရိုင် တပ်ရင်း-၂၆ ရင်းမှူး ရိုက်နှက်၊ ချုပ်နှောင်၊ အဓမ္မပြုကျင့်သည် ဆိုတဲ့ကိစ္စ တပ်ရင်းဘက်မှ ငြင်းဆို၊ PDF ဂုဏ်သိက္ခာ ညှိုးနွမ်းစေတဲ့အတွက် ပြန်လည်တရားစွဲမည်ဟု ဆို

စစ်ကိုင်းတိုင်း၊ အေးကုန်းရွာက ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ယောက်ကို ယင်းမာပင်ခရိုင် တပ်ရင်း -၂၆ ရဲ့ တပ်ရင်းမှူးက ဖမ်းဆီးရိုက်နှက်၊ ချုပ်နှောင်ပြီး အဓမ္မပြုကျင့်တယ်လို့ သတင်းတွေ ထွက်‌ပေါ်နေပေမယ့် အဆိုပါ တပ်ရင်းဘက်က တာဝန်ရှိသူတစ်ယောက်ကတော့ ဒါတွေက မဟုတ်မမှန်ဘူးလို့ မောင်းကို ပြောပါတယ်။