စစ်ရေးပြင်းထန်နေတဲ့ ရှမ်းပြည်နယ်(‌တောင်ပိုင်း)-ကယား(ကရင်နီ)အစပ်က မိုးဗြဲမြို့အတွင်း ရဲဘော်တွေအတွက် လျင်မြန်စွာ စစ်ဆင်ရေးတွေ လက်ဦးမှုရယူနိုင်ဖို့၊ သတ်မှတ်ပွိုင့်တွေဆီ အချိန်မှီရောက်ရှိဖို့၊ စစ်ရိက္ခာတွေသယ်ယူဖို့၊ ကင်းချိန်းတဲ့ ရဲဘော်တွေနဲ့ အသက်လု‌နေရတဲ့ ထိခိုက်ရဲဘော်တွေကို အချိန်မှီဆေးရုံပို့ဆောင်နိုင်ဖို့ ယာဉ် ၁ စီးအရေးပေါ်လိုအပ်နေတယ်လို့ မိုးဗြဲ ပြည်သူ့ကာကွယ်ရေးတပ်ထံက သိရပါတယ်။

ယာဉ်ဝယ်ယူနိုင်ဖို့နဲ့ လိုအပ်နေတဲ့ စက်သုံးဆီးတွေ ဝယ်ယူနိုင်ဖို့ “Project Buffalo” ကျပ်သိန်း(၅၀၀) “ကား” ကမ်ပိန်းကို မိုးဗြဲ ပြည်သူ့ကာကွယ်ရေးတပ်၊ ကျွဲချိုထောက်ပို့မှာ ပြုလုပ်ထားပြီး ကမ်ပိန်းကာလကို ဒီနေ့ ဧပြီ ၂၀ ရက်ကနေ မေလ ၂၀ ရက်အထိ တစ်လတိတိပြုလုပ်ထားတာကြောင့် ပြည်တွင်းပြည်ပ ထောက်ပို့ပြည်သူတွေပါဝင်အားဖြည့်‌ပေးကြဖို့ ဖိတ်ခေါ်ထားပါတယ်။

0 Shares:
You May Also Like
Read More

ယင်းမာပင်မြို့ပေါ် ရဲစခန်းကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့ပေါ် ရဲစခန်းကို ဇန်နဝါရီ ၂၃ ရက် ညပိုင်းက ၆၀ မမ၊ ၈၀ မမ လက်နက်ကြီးတွေနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေထံက သိရပါတယ်။
Read More

ရွှေတစ်ဂူကျေးရွာရှိ စစ်တပ်နဲ့ ပြည်သူ့စစ် ပူးပေါင်းအထိုင်စခန်းကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်မှုအတွင်း ကလေးစစ်သား ၁ ယောက် ဖမ်းဆီးရမိ (ရုပ်/သံ)

ရှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ ရွှေတစ်ဂူကျေးရွာက အကြမ်းဖက်စစ်တပ်နဲ့ PNO ပြည်သူ့စစ် ပူးပေါင်းအထိုင်စခန်းကို ဇန်နဝါရီ ၉ ရက် မနက်ပိုင်းမှာ ကရင်နီတပ်ပေါင်းစုက တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ သိရပါတယ်။
Read More

အညာမြေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ကျောက်ပန်းတောင်း၏ အခြေခံစစ်ပညာ အပတ်စဉ် (၉) သင်တန်းဆင်းပွဲ (ရုပ်/သံ)

အညာမြေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ကျောက်ပန်းတောင်းရဲ့ အခြေခံစစ်ပညာသင်တန်းအပတ်စဉ် (၉) သင်တန်းဆင်းပွဲ ကျင်းပပြုလုပ်ခဲ့တယ်လို့ အဆိုပါ တပ်ဖွဲ့က မှတ်တမ်းရုပ်သံနဲ့တကွ ထုတ်ပြန်ခဲ့ပါတယ်။
Read More

ဆားလင်းကြီးမြို့မှ ထွက်လာသည့် အကြမ်းဖက် စစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံရပြီး ၁ ဦး သေ၊ PDF ရဲဘော် ၃ ဦး ဒဏ်ရာရ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့ကနေ ထွက်လာတဲ့ အကြမ်းဖက် စစ်တပ်စစ်ကြောင်းနဲ့ တော်လှန်ရေးပူးပေါင်းတပ်တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၁ ယောက် သေဆုံးခဲ့တယ်လို့ ယင်းမာပင်ခရိုင် တပ်ရင်း-၁ က ဒီနေ့ သတင်းထုတ်ပြန်ထားပါတယ်။
Read More

တောင်သာမြို့ပေါ် ခြေကုပ်ယူထားသည့် စစ်တပ်ဂိတ်များကို တပြိုင်နက် ဝင်‌ရောက်တိုက်ခိုက် (ရုပ်/သံ)

မန္တလေးတိုင်း တောင်သာမြို့ပေါ်မှာ ခြေကုပ်ယူထားတဲ့ အကြမ်းဖက်စစ်တပ်ဂိတ်တွေကို တပြိုင်နက်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ မြင်းခြံခရိုင်အမှတ် ၃ တပ်ရင်းထံက သိရပါတယ်။
Read More

မြိတ်မြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်စခန်းတွေကို ၃ ရက်ဆက် လက်နက်ကြီးနဲ့ ပစ်ခတ်ပြီး ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)

ဒီဇင်ဘာ ၂၉ ရက် မနက်ပိုင်းက မြိတ်မြို့နယ် လသာကျေးရွာ ဘုရားကုန်းဝန်းကျင်မှာရှိတဲ့ စစ်ကောင်စီတပ်သားရှိရာနေရာကို ၄၀ မမ လက်နက်ကြီးနဲ့ ၂ ကြိမ်ပစ်ခတ်ပြီး တုံဗျောကြီးကျေးရွာရှိ စစ်ကောင်စီတပ်စခန်းကို ၈၀ မမ လက်နက်ကြီး ၂ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။