စစ်ကိုင်းတိုင်း၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်ကို အကြမ်းဖက်စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်ခဲ့ကြောင်း Kawlin info က ထုတ်ပြန်ထားပါတယ်။

ဧပြီလ ၁၉ ရက် မနေ့က ည ၈ နာရီခွဲအချိန်မှာ ဝန်းသိုမြို့နယ်၊ နန်းချိုရွာကို ဂျက်ဖိုက်တာနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် နန်းချိုရွာ ဘုန်းကြီးကျောင်းနဲ့ ဓမ္မာရုံ ထိခိုက်ပျက်စီးသွားပေမယ့် လူထိခိုက်မှုတော့ မရှိဘူးလို့ သိရပါတယ်။

ဧပြီလ ၁၆ ရက် ညပိုင်းကလည်း စစ်ကောင်စီက ကောလင်းအရှေ့ခြမ်းကို လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်ခဲ့သေးတယ်လို့ သိရပါတယ်။

(ဓာတ်ပုံ Kawlin info)
0 Shares:
You May Also Like
Read More

ရပ်စောက်မှာ DPLA နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဆက်လက်ဖြစ်ပွားနေ၊ စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဓာတုဗုံး အသုံးပြုတိုက်ခိုက်

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်၊ ကျောက်ဂူဒေသမှာ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်(DPLA)နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီတပ်ဘက်က ဒရုန်းနဲ့ ဓာတုဗုံး အသုံးပြု တိုက်ခိုက်ခဲ့တယ်လို့ DPLA က ဒီနေ့ ထုတ်ပြန်ထားပါတယ်။
Read More

ရေးမှာ စစ်ကောင်စီတပ်ဂိတ်စခန်းကို ဝင်ရောက်တိုက်ခိုက်၊ စစ်ကောင်စီတပ်သား ၇ ဦး သေ

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ခေါဇာမြို့က အကြမ်းဖက်စစ်ကောင်စီတပ် ဂိတ်စခန်းကို ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၇ ယောက် သေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ၊ တောင်ပိုင်းစစ်ဒေသက ထုတ်ပြန်ထားပါတယ်။
Read More

တောင်သာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ အပါတ်စဥ် (၈) အခြေခံစစ်ပညာသင်တန်းဆင်းပွဲ… (ဓာတ်ပုံသတင်း)

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ်(၁)စစ်ဒေသ၊ မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် တောင်သာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ အပါတ်စဥ် (၈) အခြေခံစစ်ပညာသင်တန်းဆင်းပွဲကို ပြုလုပ်ခဲ့တယ်လို့ တောင်သာ ပကဖ က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

တောင်ကုတ်မြို့ကို AA အလုံးစုံသိမ်းပိုက်ထိန်းချုပ်၊ မြို့နယ်တွင်း ကျန်ရှိနေသေးတဲ့ တပ်ရင်း ၃ရင်းကို ဆက်လက်ထိုးစစ်ဆင်နေ

ရခိုင်ပြည်နယ်၊ ပဲခူးတိုင်းတို့နဲ့ အနီးစပ်ဆုံးမြို့ဖြစ်တဲ့ ရခိုင်ရိုးမပေါ်က တောင်ကုတ်မြို့ကို AA က အလုံးစုံသိမ်းပိုက် ထိန်းချုပ်လိုက်ပြီဖြစ်ပြီး၊ မြို့နယ်တွင်း ကျန်ရှိနေသေးတဲ့ တပ်ရင်း ၃ခုကို ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ အာရက္ခတပ်တော် AA က အသိပေးထုတ်ပြန်ပါတယ်။
Read More

ရွေးကောက်ပွဲအတုကို အမွှန်းတင်၊ တော်လှန်ရေးကို ပုံဖျက်ထားသည့် ဇာတ်ကားနှင့် စစ်တပ်၏ ဝါဒဖြန့်မှုကို ကူညီပုံဖော်ပေးသည့် သရုပ်ဆောင်များ ပြင်းပြင်းထန်ထန် ဝေဖန်ခံနေရ

အကြမ်းဖက်စစ်ကော်မရှင်က သူတို့ရဲ့ အတုယောင်ရွေးကောက်ပွဲအတွက် ပြည်တွင်းစျေးကွက် နာမည်ရ သရုပ်ဆောင်တွေကို အသုံးပြုပြီး "ခေတ်သမိုင်းကို ဒုန်းစီးမည့်သူများ" ဆိုတဲ့ ဝါဒဖြန့်ပေါ်လစီ ဇာတ်ကားတစ်ကားကို စစ်တပ်ပိုင် မြဝတီချန်နယ်ကတဆင့် ထုတ်လွှင့်ပြသခဲ့ပါတယ်။
Read More

တနင်္သာရီမြို့နယ် တိုက်ပွဲအတွင်း ရဲဘော် ဖေမြင့် ကျဆုံး

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်ထဲက တိုက်ပွဲတစ်ခုအတွင်း ကာကွယ်ရေးတပ်သားတစ်ယောက် ကျဆုံးသွားကြောင်း တနင်္သာရီရိုးမ ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ တနင်္သာရီမြို့နယ် ပကဖ - ဇုန် ထံက သိရပါတယ်။