အမေရိကန်ပြည်ထောင်စုမြို့ပေါင်းများစွာက ထောင်နဲ့ချီတဲ့ အမေရိကန်ပြည်သူတွေဟာ ၄င်းတို့ရဲ့သမ္မတ ဒေါ်နယ်ထရမ့်ကို အလိုမရှိတော့ကြောင်း ဆန့်ကျင်ဆန္ဒပြခဲ့တယ်လို့ နိုင်ငံတကာသတင်းတွေမှာ ဖော်ပြနေကြပါတယ်။

လက်ရှိ အငြင်းပွားဖွယ်ရာ ကိစ္စများစွာကို ဖြစ်နေစေတဲ့ သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ မူဝါဒတွေကို ဆန့်ကျင်တဲ့ စာသားများပါဝင်တဲ့ ဆိုင်းဘုတ်တွေကို ကိုင်ဆောင်ရင်း အမေရိကန်ရဲ့ မြို့ကြီးတွေမှာ ထောင်နဲ့ချီတဲ့လူအုပ်ကြီးက ကြွေးကြော်ဆန္ဒပြခဲ့ကြတာပါ။

မနေ့ ဧပြီ ၁၉ ရက်နေ့က အမေရိကန်ပြည်ထောင်စု မြို့တော်ဝါရှင်တန်ဒီစီအပါအဝင် မြို့ကြီးတွေမှာ ပြုလုပ်တဲ့ ဆန္ဒပြပွဲတွေမှာ ပါဝင်သူတွေဟာ ထရမ့်အစိုးရရဲ့ရွှေ့ပြောင်းအခြေချသူတွေကို အတင်းအကျပ်နှင်ထုတ်တာ၊ နိုင်ငံတွင်း ဘုရင်သဖွယ် အုပ်ချုပ်နေတာ၊ အစိုးရဝန်ထမ်းတွေကို အလုပ်ထုတ်တာ၊ တက္ကသိုလ်တွေကို ရန်ပုံငွေဖြတ်တောက်နေတာတွေအပြင် ထရမ့်ရဲ့အစ္စရေးကို လက်နက်ထောက်ပံ့မှုများအပါအဝင် ဂါဇာနဲ့ ယူကရိန်းစစ်ပွဲဆိုင်ရာ မူဝါဒတွေကိုပါ ဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့ကြပါတယ်။

တချို့မြို့ကြီးတွေက ဆန္ဒပြပွဲတွေမှာတော့ ထရမ့်ကို စွပ်စွဲပြစ်တင်ပြီး၊ တရားဝင်လမ်းကြောင်းကနေ ရာထူးမှ ဖယ်ရှားလုပ်ဆောင်ကြဖို့လှုံ့ဆော်တိုက်တွန်းတဲ့အထိ ကြွေးကြော်ဆန္ဒပြခဲ့ကြပါတယ်။

(ဓာတ်ပုံ Reuters)
(ဓာတ်ပုံ AFP)
(ဓာတ်ပုံ Reuters)
(ဓာတ်ပုံ Reuters)
(ဓာတ်ပုံ Reuters)
(ဓာတ်ပုံ Reuters)
(ဓာတ်ပုံ EPA)
0 Shares:
You May Also Like
Read More

ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးနေရာ ပြောင်းမယ်လို့ ထိုင်းအာဏာပိုင်တွေ ပြော

ထိုင်း-မြန်မာ နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးကို ဘုရားသုံးဆူနဲ့ ဆက်သွယ်ထားတဲ့ ကန်ချနဘူရီ နယ်စပ်ဂိတ်မှာ ဆောင်ရွက်နေရာကနေ ထားဝယ်မြို့နဲ့ ချိတ်ဆက်ထားတဲ့ Ban Pu Nam Ron ဂိတ်ကို နေရာပြောင်းရွှေ့မယ်လို့ ထိုင်းအာဏာပိုင်တွေက ပြောဆိုကြောင်း Thai PBS World သတင်းက ဖေဖော်ဝါရီလ ၁၇ ရက်မှာ ဖော်ပြခဲ့ပါတယ်။
Read More

အလှမယ် သဲစုငြိမ်း ရရှိသွားတဲ့ Miss Grand International 2025 2nd Runner-Up ကို MGI ပြန်ရုပ်သိမ်း

ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်၊ မလက်တိုကျေးရွာအုပ်စုမှာ ပြည်သူ့စစ်သင်တန်းပြုလုပ်ဖို့ အကြမ်းဖက်စစ်တပ်နဲ့ ရဲက စီစဥ်နေပြီး ပြည်သူ့စစ်ခေါ်ယူဖို့ အစည်းဝေးလုပ်ချိန်မှာ လူမစုံတာနဲ့အစည်းအဝေး ပျက်သွားခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

ဘန်ကောက်နှင့် ချင်းမိုင်ရှိ စားသောက်ဆိုင်များတွင် မြန်မာအလုပ်သမားများ ဖမ်းဆီးခံရ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့နဲ့ ချင်းမိုင်မြို့တွေက စားသောက်ဆိုင်တွေမှာ တရားမဝင် လုပ်ကိုင်နေကြတဲ့ မြန်မာနိုင်ငံသား ၇ ဦးကို ထိုင်းလူမှုကြီးကြပ်ရေးအာဏာပိုင်တွေက ဖမ်းဆီးခဲ့ကြတယ်လို့ Khaosod သတင်းမှာ ဖော်ပြပါတယ်။
Read More

အာဆီယံ ထိပ်သီးအစည်းအဝေးတွေကို မြန်မာကိုယ်စားပြုအဖြစ် စစ်ကောင်စီ တက်ရောက်ခွင့် ဆက်လက်ရပ်ဆိုင်းထား

အာဆီယံအပါအ၀င် နိုင်ငံတကာရဲ့ တောင်းဆိုချက်တွေကို လိုက်လျောဆောင်ရွက်ခြင်း မရှိတာကြောင့် စစ်ကောင်စီကို အာဆီယံ ထိပ်သီးအစည်းအဝေးတွေမှာ တက်ရောက်ခွင့်ပြုဦးမှာ မဟုတ်ဘူးလို့ အာဆီယံ အလှည့်ကျဥက္ကဋ္ဌဖြစ်တဲ့ မလေးရှားက ထုတ်ပြန်ကြေညာလိုက်ပါတယ်။
Read More

မလေးရှား နိုင်ငံခြားရေးဝန်ကြီး အာဏာသိမ်းစစ်အုပ်စုနှင့် တွေ့ရန် နေပြည်တော်လာ

မလေးရှားနိုင်ငံခြားရေးဝန်ကြီးဟာ စစ်အုပ်စုရဲ့ လာမယ့်ရွေးကောက်ပွဲကိစ္စတွေနဲ့ ရပ်တန့်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အခြေအနေတွေနဲ့ ပတ်သက်ပြီး တွန်းအားပေးပြောဆိုဖို့ ကြာသပတေးနေ့မှာ နေပြည်တော်ကို သွားရောက်မယ့်အကြောင်း မလေးရှားအစိုးရက ထုတ်ပြန်ထားပါတယ်။
Read More

ဖိလစ်ပိုင် အစိုးရ၏ မြန်မာစစ်အုပ်စုနှင့် သံတမန်ရေး ထိတွေ့မှုကို ပြည်တွင်း၊ ပြည်ပ အဖွဲ့အစည်း (၉၉) ဖွဲ့ ပြင်းထန်စွာ ရှုတ်ချ

ဖိလစ်ပိုင်နိုင်ငံခြားရေး ဝန်ကြီး Ma. Theresa Lazaro ရဲ့ နေပြည်တော် ခရီးစဉ်မှာ မြန်မာစစ်အုပ်စု ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့တာကို မြန်မာနဲ့ ဖိလစ်ပိုင်နိုင်ငံတွေက အရပ်ဘက် အဖွဲ့အစည်း (၉၉) ဖွဲ့က ပြင်းထန်စွာ ရှုတ်ချ လိုက်ပါတယ်။