ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၄) နယ်မြေအတွင်းက စစ်ကောင်စီရဲ့ ထီးထာဗျူဟာစခန်းကို ဧပြီ ၁၉ရက် မနေ့က သိမ်းပိုက်နိုင်ခဲ့မှုမှာ ပါဝင်တဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေကို ဂုဏ်ပြုကြောင်း တပ်မဟာ(၄) တပ်မမှူးက လက်မှတ်ရေးထိုး ထုတ်ပြန်ပါတယ်။

အဆိုပါဂုဏ်ပြုလွှာမှာ KNU ဘိတ်-ထားဝယ်ခရိုင် ဥက္ကဋ္ဌ လည်း ပါဝင်လက်မှတ်ရေးထိုး ဂုဏ်ပြုခဲ့ပြီး၊ ၈ ရက်ကြာ ထီးထာဗျူဟာစခန်းသိမ်းတိုက်ပွဲအတွင်း စွမ်းစွမ်းတမံတိုက်ပွဲဝင်ခဲ့ကြတဲ့ KNLA တပ်မဟာ(၄)နဲ့ မဟာမိတ်တော်လှန်ရေး အင်အားစုများကို အသိအမှတ်ပြု ဂုဏ်ပြုခဲ့ကြောင်း ဖော်ပြပါရှိပါတယ်။

“မိမိတို့၏ စုပေါင်းညီညွတ်သောအင်အားဖြင့် အခုကဲ့သို့ အောင်ပွဲရရှိစေရန် နည်းပညာအားဖြင့်ဖြစ်စေ၊ ဘဏ္ဍာငွေအားဖြင့်ဖြစ်စေ အဖက်ဖက်မှ ကူညီပံ့ပိုးသူများ ၊ မိမိတို့ တိုက်ပွဲဝင် ရဲဘော်များ ဘေးရန် ကင်းဝေးစေရန်အတွက် ဝိုင်းဝန်း ဆုတောင်းမေတ္တာပို့သ၍ စိတ်ဓါတ်ခွန်အား ပံ့ပိုးပေးကြသည့် ပြည်သူများအား ကျေးဇူးတင်ရှိပါကြောင်း ဂုဏ်ပြုအပ်ပါသည်” လို့ ဂုဏ်ပြုမှတ်တမ်းလွှာမှာ ဖော်ပြထားပါတယ်။

ဗျူဟာစခန်းသိမ်းတိုက်ပွဲမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ ၄ ဌာနချုပ် တပ်ဖွဲ့တွေ၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်- KNLA တပ်မဟာ(၄) တပ်ရင်း (၁၀)၊ တပ်ရင်း(၁၁)၊ တပ်ရင်း (၂ဝ၃)၊ KNLA တပ်မဟာ ၄- KNDO တပ်ရင်း (၇)၊ KNU – မြိတ်-ထားဝယ်ခရိုင် သစ်တောဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) – ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ထားဝယ်ခရိုင် တပ်ရင်း- ၁၊  ထားဝယ်ခရိုင် တပ်ရင်း-၂ တို့နဲ့အတူ FFD – ဖက်ဒရယ်ဒီမိုကရေစီအတွက် အင်အားစု၊ KDSF – Karen Drone အထူးတပ်ဖွဲ့၊ Dragon Square UAV၊ ဘုတ်ပြင်းမြို့နယ် CDM ရဲတပ်ဖွဲ့၊ ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ် – TPLF၊  KNPF-ကရင်အမျိုးသားရဲတပ်ဖွဲ့၊  Sky Ghost Drone တပ်ဖွဲ့၊ နယ်မြေအတွင်းရှိ ဒေသခံတွေ၊ KWO၊ KYO အဖွဲ့တွေ၊ ကျေးရွာလုံခြုံရေးအဖွဲ့တွေ၊ ကဆယ်ဒိုမြို့နယ်ခေါင်းဆောင်နဲ့ အဖွဲ့သားတွေ ပါဝင်တယ်လို့ ဂုဏ်ပြုမှတ်တမ်းလွှာမှာ ဖော်ပြပါရှိပါတယ်။

KNLA တပ်မဟာ(၄) နယ်မြေအတွင်းက အရေးပါတဲ့ ဗျူဟာစခန်းကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်တဲ့အတွက် အဆိုပါစခန်းသိမ်းတိုက်ပွဲမှာ ပါဝင်တိုက်ခိုက်ခဲ့တဲ့ တော်လှန်ရေးတပ်ဖွဲ့အသီးသီးကို ကျေးဇူးတင်ဂုဏ်ပြုကြောင်း  KNU/ KNLA က အခုလို မှတ်တမ်းလွှာထုတ်ပြန်ခဲ့ခြင်းလည်း ဖြစ်ပါတယ်။

(ဓာတ်ပုံ Saw Ehna Doh)

 

0 Shares:
You May Also Like
Read More

နိုင်ငံတစ်ဝန်း စစ်မျက်နှာ များပြားလွန်းတာကြောင့် အာဏာသိမ်းစစ်တပ် စစ်လက်နက်များကို အလျဉ်မီအောင် ထုတ်လုပ်နေရ

အာဏာသိမ်းစစ်တပ်ဟာ နိုင်ငံတစ်ဝန်း ဖြန့်ကျက်ပြီး တိုက်ပွဲတွေ ဆက်တိုက်ဆင်နွှဲနေရတာကြောင့် လက်နက်ခဲယမ်းတွေကို အလျဉ်မီအောင် ထုတ်လုပ်နေရတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောဆိုကြပါတယ်။
Read More

ကနီတွင် ကင်းလှည့်လာသည့် စစ်အုပ်စုမြို့စောင့်တပ် စောင့်ကြိုတိုက်ခိုက်ခံရပြီး ၇ ဦး သေ၊ သေနတ် ၂ လက် ရရှိ

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်မှာ ကင်းလှည့်ထွက်လာတဲ့ စစ်အုပ်စုမြို့စောင့်တပ်ကို စောင့်ကြိုတိုက်ခိုက်ရာ စစ်သားနဲ့ ရဲ ၇ ယောက် သေဆုံးပြီး သေနတ်၂ လက် ရရှိခဲ့တယ်လို့ KLG PDF - ကျောက်လုံးကြီး တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

သီပေါနဲ့ နောင်ချိုမြို့တို့မှာ စစ်ကောင်စစ်တပ်က ပေါင် (၅၀၀)ဗုံး လာရောက်ကြဲချမှုကြောင့် ဒေသခံ ၁ ယောက် သေဆုံးပြီး နေအိမ်အများအပြားပျက်စီး…

ရှမ်းပြည်နယ်မြောက်ပိုင်းက သီပေါမြို့နဲ့ နောင်ချိုမြို့တို့မှာ အကြမ်းဖက်စစ်ကောင်စစ်တပ်က ဖျက်အားပြင်း ပေါင် (၅၀၀)ဗုံး လာရောက်ကြဲချမှုကြောင့် ဒေသခံ ၁ ယောက် သေဆုံးပြီး နေအိမ်အများအပြားပျက်စီးခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ထုတ်ပြန်ထားပါတယ်။
Read More

တောင်သူများထံမှ မိုးရာသီစိုက် ဘဏ်ချေးငွေများ တောင်းခံခြင်းမပြုလုပ်ရန် လက်ပံတန်း ပကဖ ထုတ်ပြန်

ပဲခူတိုင်း၊ လက်ပံတန်းမြို့နယ်က တောင်သူတွေရဲ့ မိုးရာသီစိုက် ဘဏ်ချေးငွေတွေကို တောင်းခံခြင်းမပြုလုပ်ကြဖို့ လက်ပံတန်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ကနေ အသိပေး ထုတ်ပြန်ပါတယ်။
Read More

အခြေခံစစ်ပညာသင်တန်း အပတ်စဥ် ၃ အတွက် ပြင်ဆင်နေတဲ့ ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး… (ဓာတ်ပုံသတင်း)

ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး (BLDF) က ရဲဘော်တွေအနေနဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဥ် (၃) အတွက် ပြင်ဆင်စုဖွဲ့နေကြတဲ့ ပုံရိပ်တွေကို အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

မြိုင်မှာ ပျူရွာကို ရိက္ခာလာပို့တဲ့ စစ်အုပ်စုတွေ ၂ရက်ဆက်တိုက်ခိုက်ခံရ၊ ၁၀ယောက်သေပြီး အများအပြားဒဏ်ရာရ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်မှာ ပျူစောထီးရွာအတွက် ရိက္ခာသွားပို့တဲ့ စစ်အုပ်စုတွေ ၂ ရက်ဆက် တိုက်ခိုက်ခံရပြီး ၁၀ယောက်သေကာ ထိခိုက်ဒဏ်ရာရသူ အများအပြားရှိခဲ့တယ်လို့ သိရပါတယ်။