ထိုင်း-မြန်မာနယ်စပ်၊ ထီးခီးဒေသထဲမှာ တည်ရှိတဲ့ ထီးထစစ်ကောင်စီစခန်းကို ကရင်အမျိူးသားလွတ်မြောက်ရေး တပ်မတော် (KNLA) နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက မနေ့က ဧပြီလ ၁၉ ရက် ညနေပိုင်းမှာ သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။

ထီးထဗျူဟာစခန်းကို KNLA ပူးပေါင်းတပ်တွေက ဧပြီလ ၁၂ ရက်နေ့မှာ စတင် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်တွေက စခန်းမကျရေးအတွက် လေကြောင်းတိုက်ခိုက်မှုတွေနဲ့ အပြင်းအထန် ခုခံခဲ့တဲ့ကြားက သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

“ကျနော်တို့ တစ်ပတ်လောက် တိုက်ခိုက်ခဲ့ရပါတယ်။ ဗျူဟာမှူးကို အသေမိတာဗျ။ စစ်ကောင်စီဆီကနေ လက်နက်ခဲယမ်းများစွာလည်း သိမ်းဆည်းရမိထားပါတယ်။” လို့ Force For Federal Democracy ဒုတာဝန်ခံ အောင်အောင်က မောင်းကို ပြောပါတယ်။

ထီးထစခန်းကို KNU/KNLA တပ်မဟာ ၄ရဲ့ ဦးဆောင်မှုနဲ့အတူ Force For Federal Democracy-FFD တပ်ဖွဲ့၊ PDF တွေနဲ့ FFD ကနေ ဦးဆောင် သင်ကြားပေးနေတဲ့ ဒရုန်း တပ်ဖွဲ့တွေ ပေါင်းပြီး တိုက်ခိုက်ခဲ့တာဖြစ်တယ် သူက ဆိုပါတယ်။

ထီးထဗူဟာစခန်းကုန်းဟာ KNU ရဲ့ တပ်မဟာ ၄၊ ထားဝယ်ခရိုင်ထဲမှာရှိပြီး ထိုင်း-မြန်မာ နယ်စပ်မျဉ်းနဲ့ ၆ မိုင်လောက်သာ ကွာဝေးတဲ့နေရာမှာရှိတယ်လို့ သိရပါတယ်။ အဆိုပါစခန်းကုန်းဟာ ထိုင်း-မြန်မာ ထီးခီးနယ်စပ်စခန်းနဲ့ ထားဝယ်-ထီးခီးနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းကို စိုးမိုးထိန်းချုပ်ဖို့ အရေးပါတဲ့ စခန်းတစ်ခုလည်း ဖြစ်ပါတယ်။

စခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီ ဗျူဟာမှူး အပါအဝင် စစ်ကောင်စီအင်အား အများအပြား သေဆုံးခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် ၁၂၀ မမ ၂ လက်အပါအဝင် လက်နက်ကြီး၊ RPG၊ စက်လက်နက်မျိုးစုံနဲ့ ခဲယမ်းများစွာကို သိမ်းဆည်းရရှိတယ်လို့ သတင်းတွေ ထွက်ပေါ်နေပြီး ဒီအပေါ် သီးသန့်ထုတ်ပြန်သွားမယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

နိုင်ငံတစ်ဝန်းက ရေဘေးသင့် ပြည်သူတွေကို PDF နဲ့ ပကဖရဲဘော်တွေ ကူညီကယ်ဆယ်ရေးပြုလုပ်

အကြမ်းဖက်စစ်တပ်အနေနဲ့ ရေဘေးဒဏ်သင့် ပြည်သူတွေဆီ ပို့ဆောင်မယ့် ကူညီကယ်ဆယ်ရေး ပစ္စည်းတွေကို သိမ်းဆည်းခြင်း၊ ဆက်သွယ်ရေး လမ်းကြောင်းတွေကို ဖြတ်တောက်ပိတ်ဆို့ခြင်း စတဲ့ ယုတ်မာရိုင်းစိုင်းတဲ့ လုပ်ရပ်တွေကို ရည်ရွယ်ချက်ရှိရှိ ဆောင်ရွက်နေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေနဲ့ ထောက်ပံ့ပို့ဆောင်ခြင်းလုပ်ငန်းတွေ ဆောင်ရွက်နေတဲ့ PDF နဲ့ ပကဖရဲဘော်တွေရဲ့ ပုံရိပ်တွေကို ပြည်သူတွေ သိရှိစေဖို့ဆိုပြီး NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
Read More

PDF တွေကို ရက် (၅၀) တစ်ကြိမ်နှုန်းနဲ့ ထောက်ပံ့နေပြီး တစ်ကြိမ်ထောက်ပံ့ရင် အမေရိကန်ဒေါ်လာ တစ်သန်းကျော် ရှိတယ်လို့ NUG ပြော

နိုင်ငံတစ်ဝန်းက PDF တွေအတွက် ရက် (၅၀) ကို တစ်ကြိမ် ထောက်ပံ့နေပြီး တစ်ကြိမ်ထောက်ပံ့ရင် အမေရိကန်ဒေါ်လာ တစ်သန်းကျော်ရှိနေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောပါတယ်။
Read More

“ဝ” ထိန်းချုပ်ရာဒေသမှာ မြေရှားသတ္တုတူးဖော်မှု ၁၀ နှစ်အတွင်း ၈ ဆခန့်အထိ များလာ…

“မြေရှားသတ္တုကနေ စွန့်ထုတ်တဲ့ ဓာတုစွန့်ပစ်ရေက မြေအောက်အထိ စိမ့်ဝင်ပါတယ်… အဲ့ဒီမြေအောက်ရေရဲ့ ညစ်ညမ်းမှုက တကယ်လို့ သတ္တုတူးပြီး ဆယ်နှစ်ကြာသည်အထိ မပျောက်သွားဘူး၊ ဒါကို ကချင်ဘက်က သုတေသနတချို့ လုပ်ထားတာရှိပါတယ်။ အဲ့ဒီအဆိပ်သင့်ရေကို သုံးစွဲမိတဲ့ ပြည်သူတွေက ကျောက်ကပ်၊ ကင်ဆာလို ရောဂါတွေ ခံစားရပါတယ်” လို့ SHRF မှ ယိင်းလျန်းဟန်က မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

တည်ငြိမ်အေးချမ်းသော ဒေသများကို တိုင်းရင်းသားလက်နက်ကိုင်များ ဖျက်ဆီးတိုက်ခိုက်နေသည်ဟု ချင်းအမျိုးသားနေ့ အထိမ်းအမှတ် မင်းအောင်လှိုင် စွပ်စွဲ

တည်ငြိမ်အေးချမ်းနေတဲ့ ဒေသတွေကို တိုင်းရင်းသားလက်နက်ကိုင်တွေက အကြမ်းဖက်တိုက်ခိုက် ဖျက်ဆီးနေတယ်လို့ လေကြောင်းတိုက်ခိုက်မှုတွေ စဉ်ဆက်မပြတ် လုပ်ဆောင်နေတဲ့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။
Read More

တီးတိန်မှာ အကြမ်းဖက်စစ်အုပ်စုစခန်းကုန်းမှ တပ်ကြပ်အဆင့်နဲ့ တပ်သားအဆင့် တပ်ဖွဲ့ဝင် ၂ ဦး လက်နက်များနှင့်အတူ အလင်းဝင်

ချင်းပြည်နယ်၊ တီးတိန်မြို့အခြေစိုက် အကြမ်းဖက်စစ်အုပ်စုရဲ့ ခြေလျင်တပ်ရင်း အမှတ် ၂၆၉ စခန်းက တပ်ကြပ်အဆင့်နဲ့ တပ်သားအဆင့် တပ်ဖွဲ့ဝင် ၂ ယောက်  လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာတယ်လို့ PDF Zoland က ထုတ်ပြန်ထားပါတယ်။
Read More

မြိုင်မှာ ပျူရွာကို ရိက္ခာလာပို့တဲ့ စစ်အုပ်စုတွေ ၂ရက်ဆက်တိုက်ခိုက်ခံရ၊ ၁၀ယောက်သေပြီး အများအပြားဒဏ်ရာရ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်မှာ ပျူစောထီးရွာအတွက် ရိက္ခာသွားပို့တဲ့ စစ်အုပ်စုတွေ ၂ ရက်ဆက် တိုက်ခိုက်ခံရပြီး ၁၀ယောက်သေကာ ထိခိုက်ဒဏ်ရာရသူ အများအပြားရှိခဲ့တယ်လို့ သိရပါတယ်။