အရပ်သားများအပေါ် ပစ်မှတ်ထားတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ စစ်ရာဇဝတ်မှုများကို အရေးယူပေးဖို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က နိုင်ငံတကာကို ယမန်နေ့က တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။

မန္တလေး-PDF အနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ထုတ်ပြန်ထားသလို ငလျင်ကြောင့် ဖြစ်လာတဲ့ နောက်ဆက်တွဲ ထိခိုက်မှုတွေကို ကူညီဆောင်ရွက်နိုင်ရေးအတွက် ထိုးစစ်အားလုံးကို ယာယီရပ်စဲထားပြီး ခုခံစစ်ကိုသာ လုပ်ဆောင်နေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါပေမယ့် စစ်ကောင်စီကတော့ အပစ်အခတ်ရပ်စဲထားတဲ့ ကာလတလျှောက်လုံးမှာ အရပ်သားတွေကို ဦးတည်တိုက်ခိုက်နေတာတွေဟာ ထင်ရှားနေပြီး၊ အခုလို တိုက်ခိုက်နေမှုတွေကို တရုတ်၊ အိန္ဒိယ၊ ထိုင်းနိုင်ငံကဲ့သို့ အိမ်နီးချင်းနိုင်ငံတွေနဲ့ အမေရိကန်၊ ရုရှားလိုမျိုး ကမ္ဘာ့အင်အားကြီးနိုင်ငံတွေ၊ အာဆီယံ၊ ဥရောပသမဂ္ဂနဲ့ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ချုပ် စတဲ့ နိုင်ငံတကာအဖွဲအစည်းတွေအနေနဲ့ မျက်ခြေမပြတ်စောင့်ကြည့်ဖို့ လိုအပ်ကြောင်း၊ စစ်ကောင်စီရဲ့ စစ်ရာဇဝတ်မှုမြောက်တဲ့ လုပ်ရပ်တွေအပေါ် လိုအပ်သလို တုံပြန်အရေးယူဆောင်ရွက်ကြဖို့ လိုအပ်ကြောင်း မန္တလေး PDF က ထောက်ပြတိုက်တွန်းတောင်းဆိုခဲ့တာပါ။

စစ်ကောင်စီဟာ ဧပြီလ ၁ ရက်နေ့ကနေ ၁၉ ရက်နေ့အတွင်း သပိတ်ကျင်းမြို့နယ်၊ စဉ့်ကူးမြို့နယ်နဲ့ မတ္တရာမြို့နယ်အတွင်းမှာ လေကြောင်းတိုက်ခိုက်မှုများစွာကို ပြုလုပ်ခဲ့ပြီး၊ အဆိုပါ လေကြောင်း တိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူ ၄၁ ယောက် သေဆုံးခဲ့ရပါတယ်။ သေဆုံးသူတွေထဲက ၇ ယောက်ဟာ အရွယ်မရောက်သေးတဲ့ ကလေးသူငယ်တွေ ဖြစ်တယ်လို့လည်း မန္တလေး PDF ကထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ဖယ်ခုံအင်းအရှေ့ခြမ်း PDF အဖြစ် စတင်ဖွဲ့စည်းခဲ့တဲ့ ဖယ်ခုံမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ် တပ်ရင်း-၂ တပ်ရင်းဖွဲ့စည်းမှု (၄)နှစ်ပြည့်ပြီ…

ဖယ်ခုံအင်းအရှေ့ခြမ်း PDF အဖြစ် စတင်ဖွဲ့စည်းခဲ့ပြီး လက်ရှိ အမျိုးသားညီညွှတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ခံတပ်ရင်း- ဖယ်ခုံမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ် တပ်ရင်း-၂ (၁၀၀၆တပ်ရင်း) က တပ်ရင်း ဖွဲ့စည်းမှု ၄ နှစ်ပြည့်ပြီဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။
Read More

နတ်တလင်း၊ မကျီးပင် စစ်ဆေးရေးဂိတ်မှ စစ်သားများ စခန်းစွန့်ခွာ ထွက်ပြေး

ပဲခူးတိုင်းအနောက်ခြမ်း၊ နတ်တလင်းမြို့နယ်၊ တောင်ညိုဆည်၊ မကျီးပင်စစ်ဆေးရေးဂိတ်က စစ်သားတွေဟာ စခန်းကို ထားရစ်ခဲ့ကာ စခန့်စွန့်ခွာ ထွက်ပြေးကုန်တယ်လို့ ဒေသတွင်း တော်လှန်ရေးရဲဘော်တွေထံက သိရပါတယ်။
Read More

စစ်ရေးတင်းမာနေတဲ့ ပွင့်ဖြူမှာ အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းနဲ့ လက်နက်ကြီးရန်ကြောင့်ဒေသခံ ၁၅၀၀ ကျော် ဘေးလွတ်ရာတိမ်းရှောင်နေရ

မကွေးတိုင်း ၊ မင်းဘူးခရိုင် ၊ ပွင့်ဖြူမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီက ကျေးရွာတွေကိုလက်နက်ကြီးပစ်ခတ်တာတွေနဲ့ လေကြောင်းတိုက်ခိုက်မှုတွေလုပ်ဆောင်နေတာကြောင့် ကျေးရွာ ၂ ရွာက အရပ်သား ၁၅၀၀နီးပါး စစ်ဘေးတိမ်း​ရှောင်နေရတယ်လို့ မင်းဘူးခရိုင် ပကဖ ပြန်ကြားရေးတာဝန်ခံ ကိုအညာသားက မောင်းကို ပြောပါတယ်။
Read More

မောင်တောကို အပြီးသတ်သိမ်းယူဖို့ AA ထိုးစစ်ဆင်နေပြီး အကြမ်းဖက်စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေနဲ့ အပြင်းအထန် ခုခံနေ

ရခိုင်ပြည်နယ်၊ မောင်တောဒေသကို အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ဖို့ ရခိုင့်တပ်တော် AA ဟာ စက်တင်ဘာလ ဒုတိယအပတ်ကတည်းက နခခ (၅) နယ်ခြားစောင့်ဌာနချုပ်ကို ထိုးစစ်ဆင်တိုက်ခိုက်နေပြီး အကြမ်းဖက်စစ်တပ်ကလည်း လေကြောင်းကနေ ပစ်ကူပေးတာ၊ လေယာဉ်ဗုံးကြဲတာတွေပြုလုပ်နေတာကြောင့် နှစ်ဘက် ထိတွေ့တိုက်ပွဲတွေ ပြင်းထန်နေကြောင်း ဒေသခံတွေဆီက သိရပါတယ်။
Read More

ကြို့ပင်ကောက်က ကျေးရွာတွေကို စစ်ကြောင်းထိုးပြီးနောက် လူသားဒိုင်းအဖြစ် ဖမ်းဆီးခံရတဲ့ ကလေးငယ်တွေအပါအဝင် ပြည်သူ ၂၉ ယောက်ထက်မနည်း ပြန်မလွတ်သေး

ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်က ကျေးရွာတွေကို စစ်ကောင်စီတပ်သားတွေ စစ်ကြောင်းထိုးပြီးနောက် ပြန်ဆုတ်ချိန်မှာ ကလေးငယ်တွေအပါအဝင် ပြည်သူ ၂၉ ယောက်ထက်မနည်းကို လူသားဒိုင်းအနေနဲ့ ဖမ်းဆီးသွားပြီး လက်ရှိအချိန်ထိ ပြန်မလွှတ်ပေးသေးဘူးလို့ ဒေသတွင်းသတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

စစ်သား ၁၈ ဦးထိ သေဆုံးစေခဲ့တဲ့ Mi-17 ရဟတ်ယာဉ်ကို FPV အသေခံ ဒရုန်းဖြင့် ဝင်တိုက်ဖျက်ဆီးခဲ့ခြင်း ဖြစ် 

ကချင်ပြည်နယ် ဗန်းမော်မြို့ကို စစ်ကူလာတဲ့ စစ်ကောင်စီရဲ့ Mi-17 ရဟတ်ယာဉ်ကို အသေခံဒရုန်းနဲ့ ဝင်တိုက်ပြီး ဖျက်ဆီးခဲ့တဲ့ ရုပ်သံဖိုင်တစ်ခု ဒီကနေ့မှာ ထွက်ပေါ်လာပါတယ်။