တရုတ်အစိုးရရဲ့ ဖိအားကြောင့် MNDAA ဟာ လားရှိုးမြို့ကနေ ပြန်လည်ဆုတ်ခွာနေပြီး မြို့အုပ်ချုပ်ရေး ပျက်ပြားမှုကြောင့် ဒီနေ့ဧပြီ ၂၀ ရက်မှာ လားရှိုး အထက ၅ ကျောင်းအတွင်း အုပ်စုဖွဲ့ ပစ္စည်းခိုးယူမှုတွေဖြစ်ပွားနေတယ်လို့ ဒေသခံက ဗီဒီယိုဖိုင်နဲ့တကွ လူမှုကွန်ရက်မှာ ဖော်ပြခဲ့ပါတယ်။

”လားရှိုးမြို့ အထက(၅)ကျောင်းထဲက ခန်းမကြီးကိုလည်း တောကြောင်နဲ့ မြေခွေးတစ်သိုက် အမဲဖျက်နေကြတာကို ယနေ့နံနက် တွေ့မြင်ရတာဖြစ်ပါတယ်။ အကူးအပြောင်းကာလမှာ သူခိုးဂျပိုးတွေကတော့ အုပ်စုအားကိုးနဲ့ ခိုးယူနေကြဦးမှာပဲ။ မီဒီယာတချို့တော့ ဒေသခံအရပ်သားတွေဆိုပြီး ရေးနေကြတာတွေ့ရတယ်။ မြို့ခံတွေ ဂရုစိုက်ကြပါ”လို့ ဆိုပါတယ်။
လားရှိုးမြို့အတွင်း စစ်ကောင်စီလက်အောက်ခံတွေ ပြန်လာနေပြီဆိုတဲ့ သတင်းတွေလည်း ပျံ့နှံလျက်ရှိပြီး လားရှိုးမြို့အတွင်း တရုတ်အထူးကိုယ်စားလှယ် မစ္စတာ တိန့်ရှီကျွင်း ရောက်ရှိနေကာ တရုတ်နိုင်ငံအလံပါ ပစ်ခတ်ရပ်စဲမှု စောင့်ကြည့်ရေးအဖွဲ့ ယာဉ်တွေလည်း ဝင်ရောက်နေတယ်လို့ သတင်းတွေ ထွက်ပေါ်လျက်ရှိပါတယ်။

Video- ‌ဒေသခံ

0 Shares:
You May Also Like
Read More

ငါ့သရောက်တိုက်ပွဲအတွင်း စစ်တပ်စစ်ကြောင်းတစ်ခုလုံး တပ်ပျက်သည်အထိ အများအပြားသေဆုံး၊ PDF ရဲဘော် ၁ ယောက် ကျဆုံး (ရုပ်/သံ)

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ငါ့သရောက်မြို့နယ်ခွဲအတွင်း စစ်ကြောင်းထိုးလာတဲ့ အကြမ်း ဖက်စစ်ကောင်စီစစ်ကြောင်းကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်ခဲ့ရာ အများအပြားသေပြီး စစ်ကြောင်းတစ်ခုလုံး တပ်ပျက်သွားခဲ့တယ်လို့ Bagan Ogre Force အဖွဲ့ထံက သိရပါတယ်။
Read More

မြိတ်မြို့ တုံးဗျောကြီးကျေးရွာရှိ အကြမ်းဖက်စစ်ကောင်စီတပ်စခန်းကို ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ တုံးဗျောကြီး‌ကျေးရွာရှိ အကြမ်းဖက်စစ်ကောင်စီတပ်စခန်းကို မတ်လ ၂ ရက် ညပိုင်းက ရှော့တိုက်ဒုံး ၂ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ ထံက သိရပါတယ်။
Read More

ပခုက္ကူမြို့နယ် ဘုန်းကံရွာဘုန်းကြီးကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို ၆၀ မမ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း ပခုက္ကူမြို့နယ် ဘုန်းကံရွာဘုန်းကြီးကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို ၆၀ မမ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဒေါင်းညီနောင် PKU တပ်ဖွဲ့ထံက သိရပါတယ်။
Read More

တောင်ငူခရိုင် ဖြူးလမ်းမကြီးဘေးရှိ ကျေးရွာနဲ့ ရန်ကုန်-မန္တလေးလမ်းဟောင်းမှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ရဲနှင့် စစ်သား ၈ သေ၊ ၃ ယောက် ဒဏ်ရာရ (ရုပ်/သံ)

ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ဖြူးလမ်းမကြီးဘေးရှိ ဝဲဒေါင့်ရွာနဲ့ ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ ၂ ရက်ဆက် တိုက်ပွဲဖြစ်ပွားပြီး ရဲနဲ့ စစ်သား ၈ ယောက်ကာ ၃ ယောက် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ တောင်ငူခရိုင်အမှတ် ၂ တပ်ရင်း P23502 က ထုတ်ပြန်ပါတယ်။
Read More

ပခန်းမြို့မြောက်ဘက်မှာ အကြမ်းဖက်စစ်သားတွေ တိုက်ခိုက်ခံရ၊ ဒုဗိုလ်ကြီး ၁ ယောက်အပါ စစ်သား ၁၀ ယောက် သေ (ရုပ်/သံ)

မကွေးတိုင်း၊ ပခန်းမြို့မှာ ရေစကြိုမြို့ကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရပြီး ဒုဗိုလ်ကြီး ၁ ယောက်အပါအဝင် စစ်သား ၁၀ ယောက် သေဆုံးခဲ့ပါတယ်။ ဒါ့အပြင် အများအပြား ဒဏ်ရာရရှိသွားပြီး သေနတ် ၅ လက် သိမ်းဆည်းရရှိခဲ့တယ်လို့ Southern YSO PDF ထံက သိရပါတယ်။
Read More

ခွန်အားမျှပါ သိန်းငါးထောင် ကမ်ပိန်းကနေ ဝယ်ယူထားတဲ့ ဒရုန်း (ရုပ်/သံ)

ခွန်အားမျှပါ သိန်းငါးထောင်ကမ်ပိန်းက ရရှိလာတဲ့ ငွေကြေးနဲ့ ဝယ်ယူထားတဲ့ ဒရုန်းကို Eagle wings Drone Force အဖွဲ့က ပြည်သူတွေထံ ပြသလိုက်ပါတယ်။