ငလျင်လှုပ်ခတ်မှုအပြီး လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်နေတဲ့ စစ်ကောင်စီရဲ့ နေပြည်တော် အေလာလေတပ်စခန်းကို ရှော့တိုက်ဒုံးတွေ ပစ်ခတ်တိုက်ခိုက်မှုမှာ ၆ ယောက် ထိခိုက်ဒဏ်ရာရရှိကာ အဆောက်အဦးတွေလည်း ထိခိုက်ပျက်စီးခဲ့ကြောင်း Brave Warriors for Myanmar (BWM) က ဒီနေ့ ထုတ်ပြန်လာပါတယ်။

ဧပြီလ ၁၈ ရက်နေ့မှာ Brave Warriors for Myanmar (BWM) က သူတို့ရဲ့ ၃၃ ခု မြောက်မစ်ရှင်အဖြစ် Black Leopard (ကျားသစ်နက်) အဖွဲ့နဲ့အတူ အေလာလေတပ်စခန်းအတွင်းကို ၁၀၇ မမ ရှော့တိုက်ဒုံးတွေ သွားရောက်ပစ်ခတ်တိုက်ခိုက်ရာမှာ ၃ လုံး ပစ်ခတ်မှု အောင်မြင်ခဲ့တယ်လို့ သိရပါတယ်။

တော်လှန်ရေးတပ်တွေရဲ့ ဒုံးတွေ ပစ်ခတ်မှုကြောင့် လေယာဉ်သိုလှောင်ရုံ ၁ ခု ထိခိုက်မီးလောင်ခဲ့သလို လေဆိပ်လုံခြုံရေးအဖွဲ့ရဲ့ စောင့်ကြည့်ကင်မရာ ထိန်းချုပ်ခန်းရှိရာ အဆောက်အအုံလည်း ထိခိုက်ပျက်စီးကာ စစ်ကောင်စီတပ်သား ၂ယောက် ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် လေယာဉ်ပြေးလမ်းထိပ် လုံခြုံရေးကင်းသားတွေရှိရာ အဆောက်အဦး ထိမှန်ပျက်စီးကာ လေတပ်အစောင့်ကင်းသား ၄ယောက် ဒဏ်ရာရသွားတယ်လို့ ဆိုပါတယ်။

အေလာလေတပ်စခန်း တိုက်ခိုက်ခံရမှုကြောင့် ထိခိုက်ပျက်စီးမှုတွေ ဒီထက်ပိုများနိုင်ကြောင်း သတင်းရင်းမြစ်တွေထံက သိရပေမယ့် ခိုင်မာသေချာစေဖို့အတွက် ဘုံတူညီတဲ့ အချက်အလက်တွေကိုသာ ထုတ်ပြန်ထားတယ်လို့ BWM က ဆိုပါတယ်။

ရန်သူ့လေတပ်နှိမ်နင်းရေး နှစ်သစ်ကူးလက်ဆောင်အဖြစ် လုပ်ဆောင်တဲ့ ဒီတိုက်ခိုက်မှုဟာ အခက်အခဲတွေကြားကနေ ဖော်ဆောင်ခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက်ကလည်း အရံသင့်အနေအထားနဲ့ ပြန်လည်ရမ်းသမ်း ပစ်ခတ်ခဲ့ပေမယ့် တော်လှန်ရေးရဲဘော်တွေ ဘေးကင်းစွာ ဆုတ်ခွါနိုင်ခဲ့တယ်လို့ BWM က မောင်းကို ပြောထားပါတယ်။

0 Shares:
You May Also Like
Read More

စစ်အာဏာရှင်စနစ် အမြစ်ပြတ်သည်အထိ ဆက်လက်တိုက်ပွဲဝင်သွားမည်ဟု နှစ်သစ်ကူးတွင် NUCC ကတိပြု

အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) ဟာ စစ်အာဏာရှင်စနစ် အမြစ်ပြတ်တဲ့ အထိ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ ကတိပြု တဲ့အကြောင်း ဇန်နဝါရီ (၁) ရက်နေ့မှာ သစ်ကူး နှုတ်ခွန်းဆက်သဝဏ်လွှာ ကတဆင့် အသိပေးလိုက်ပါတယ်။
Read More

KNLA ပူးပေါင်းတပ်တွေ ထိုးစစ်ဆင်နေတဲ့ အနန်းကွင်း ဗျူဟာကုန်းအနီးကို အကြမ်းဖက်စစ်တပ် လေယာဉ်နဲ့ ဗုံးအလုံးရေ ၂၀ ထက်မနည်း ကြဲချ

ကရင်ပြည်နယ် တပ်မဟာ ၆နယ်မြေက အကြမ်းဖက်စစ်တပ်ရဲ့ အနန်းကွင်းဗျူဟာကုန်းကို KNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ ထိုးစစ်ဆင်နေပြီး အကြမ်းဖက်စစ်တပ်က ဒီဇင်ဘာလ ၄ရက် ညပိုင်းမှာ လေယာဥ်နဲ့ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။
Read More

တော်လှန်လူငယ်များ၏ ခံစားချက်ပုံဖော်မှု “အော်ပရာ” Ebook ကဗျာစာအုပ်၊ အကျိုးအမြတ်များကို ဖမ်းဆီးခံ UG များ ထောင်ဝင်စာနှင့် စာအုပ်ထုတ်ဝေရန် ရည်ရွယ်

ဖမ်းဆီးခံ မြို့ပြပြောက်ကျား (UG) ရဲဘော်တွေကို အကူအညီပေးနိုင်ရေး ရည်ရွယ်ထုတ်ဝေတဲ့ "အော်ပရာ" အမည်ရှိ Ebook ကဗျာစာအုပ်ကို ၁လကြာ ရောင်းချပေးနေပြီဖြစ်ကြောင်း ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (၁) ပြန်ကြားရေးတာဝန်ခံ ရဲဘော်ကိန်း က မောင်းကိုပြောပါတယ်။
Read More

မြောင်မြို့နယ်၊ ပန်းညိုရွာက စာသင်ကျောင်းနှင့် နေအိမ် ၅၀ ကျော်ကို စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီး၊ မြေတော်ရွာကို မီးဆက်ရှို့နေ

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ပန်းညိုရွာရှိ စာသင်ကျောင်းနဲ့ အရပ်သားနေအိမ် အလုံး ၅၀ ကျော်ကို စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့တယ်လို့ မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေး အဖွဲ့ - CDSOM က ဒီနေ့ ထုတ်ပြန်ထားပါတယ်။
Read More

ကန့်ကွက်ဝေဖန်မှုတွေများခဲ့တဲ့ ဒေသန္တရတားမြစ်ချက်ဥပဒေကို ကျောတိုက်နယ် ပအဖ ပြန်လည် ပယ်ဖျက်

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ ကျောတိုက်နယ်မှာ ကြားကာလ ဒေသန္တရ အုပ်ချုပ်ရေးဗဟိုကော်မတီက ထုတ်ပြန်ခဲ့တဲ့ ဒေသန္တရတားမြစ်ချက်တွေနဲ့ပတ်သက်ပြီး အရပ်သားပြည်သူတွေ နားလည်မှုလွဲသွားတာကြောင့် ထုတ်ပြန်ချက်တွေကို ပြန်လည် ပယ်ဖျက်လိုက်တယ်လို့ ကျောတိုက်နယ် ပအဖ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

စစ်ကောင်စီ ခလရလောင်းလုံး နတ်အိမ်တောင်နှင့် အမြှောက်ကုန်းလှုပ်ရှားတပ်ခွဲ၏ တပ်ခွဲမှူး အလင်းဝင်ရောက်

တနင်္သာရီတိုင်းရှိ စစ်ကောင်စီရဲ့ ခလရလောင်းလုံး နတ်အိမ်တောင်နဲ့ အမြှောက်ကုန်းလှုပ်ရှားတပ်ခွဲ တပ်ခွဲမှူးတစ်ယောက်  အလင်းဝင်ရောက်ခဲ့တယ်လို့ KNU ကရင်အမျိုးသားအစည်းအရုံး မြိတ် − ထားဝယ်ခရိုင် ကော်သူးလေက ထုတ်ပြန်ထားပါတယ်။