မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်သားတွေကို ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီဘက်က ၂ ယောက်သေဆုံးပြီး လက်နက်တချို့ကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ မြိုင် ပကဖ ထံက သိရပါတယ်။

ဒီနေ့ ဧပြီလ ၂၀ ရက် မနက် ၆ နာရီ ဝန်းကျင်အချိန်မှာ မြိုင်မြို့နယ် မြောက်ဘက်မှာ လုံခြုံရေးစောင့်နေတဲ့ စစ်သား၊ ရဲနဲ့ ပျူစောထီးတွေ စားသောက်ရေးနဲ့ ခြေရှုပ်နေချိန်မှာ တော်လှန်ရေး ရဲဘော်တွေက အနီးကပ် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်က ၂ ယောက်ခန့် သေဆုံးခဲ့ပြီး MA-1 (၁) လက်၊ Carbine (၁) လက်၊ ကျည် (၂၃) တောင့်တို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း မြိုင် ပကဖ က ထုတ်ပြန်ထားပါတယ်။

ဒီတိုက်ခိုက်မှုကိုတော့ မြိုင်ပကဖ၊ အညာတပ်ပေါင်းစု၊ ပွိုင့်တစ်‌ထောင် ဗိုလ်ပြောင်အဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ရန်ကုန်မြို့လယ်ခေါင်က ကြောက်ခေတ်ကို မှောက်ပစ် (ဓာတ်ပုံသတင်း)

ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်၊ မလက်တိုကျေးရွာအုပ်စုမှာ ပြည်သူ့စစ်သင်တန်းပြုလုပ်ဖို့ အကြမ်းဖက်စစ်တပ်နဲ့ ရဲက စီစဥ်နေပြီး ပြည်သူ့စစ်ခေါ်ယူဖို့ အစည်းဝေးလုပ်ချိန်မှာ လူမစုံတာနဲ့အစည်းအဝေး ပျက်သွားခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

ဆီဆိုင်မှာ စစ်ကောင်စီနဲ့ PNOပြည်သူ့စစ်က အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်ရာ တိုက်ပွဲပြင်းထန်နေ၊ စစ်ကောင်စီဘက်က ၃၀ ကျော် သေ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်မှာ စစ်ကောင်စီနဲ့ လက်ပါးစေ PNO ပြည်သူ့စစ်က အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်ရာ တိုက်ပွဲပြင်းထန်နေ၊ စစ်ကောင်စီဘက်က ၃၀ ကျော် သေဆုံးခဲ့တယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် - PNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

အကြမ်းဖက်စစ်တပ်‎၏ တနင်္သာရီတိုင်း တိုင်းဗဟိုအမှတ်(၁၂)လေ့ကျင့်ရေးသင်တန်းကျောင်းရှိ စစ်မှုထမ်းသင်တန်းမှ တပ်ဖွဲ့ဝင်တပ်သားသစ် (၄) ဦး အလင်းဝင်ဘက်ပြောင်းခိုလှုံ…

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်ရှိ အကြမ်းဖက်စစ်တပ်ရဲ့ သင်တန်းကျောင်းရှိ စစ်မှုထမ်းသင်တန်းမှ တပ်ဖွဲ့ဝင်တပ်သားသစ် (၄) ယောက် အလင်းဝင်ဘက်ပြောင်းခိုလှုံလာတယ်လို့ ‎ကရင်အမျိုးသားအစည်းအရုံး၊ မြိတ်ထားဝယ်ခရိုင်က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

သန်းခေါင်စာရင်းကောက်ဖို့လာတဲ့ စစ်ကောင်စီစစ်ကြောင်း စောင့်ကြိုတိုက်ခိုက်ခံရပြီး ၄ ယောက် သေ

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်က ကျေးရွာတွေကို သန်းခေါင်စာရင်းကောက်ဖို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သားတွေကို စောင့်ကြိုတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၄ ယောက် သေဆုံးသွားတယ်လို့ ရေတာရှည်မြို့နယ် ပကဖ တာဝန်ရှိသူထံက သိရပါတယ်။
Read More

မြင်းခြံတွင် ၂ ရက်အတွင်း အယောက် ၃၀ နီးပါး ပေါ်တာဆွဲခံရဟု ဆို

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မှာ ၂ ရင်းအတွင်း အကြမ်းဖက်စစ်တပ်ရဲ့ ပေါ်တာဆွဲ ဖမ်းဆီးခြင်းခံရသူ အယောက် ၃၀ နီးပါး ရှိနေပြီလို့ မြင်းခြံလူထုလှုပ်ရှားမှုကော်မတီထံက သိရပါတယ်။
Read More

နိုဝင်ဘာ (၁) လအတွင်း စစ်ကောင်စီတပ် လေကြောင်းဗုံးကြဲမှုကြောင့် TNLA ထိန်းချုပ်ရာ နယ်မြေတွေမှာ ဒေသခံ (၃၈) ယောက် သေဆုံး၊ အယောက် (၇၀) ဒဏ်ရာရ၊ နေအိမ် (၁၃၀)လုံး ပျက်စီးခဲ့

တအာင်းတပ်မတော် TNLA ထိန်းချုပ်စိုးမိုးရာ နယ်မြေမှာ နိုဝင်ဘာလ (၁)လအတွင်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းက ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံ (၃၈) ယောက် သေဆုံးပြီး အယောက် (၇၀) ဒဏ်ရာရရှိကာ နေအိမ် (၁၃၀)လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ TNLA က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။