ချင်းပြည်နယ် ဖလမ်းမြို့ကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်သိမ်းပိုက်စဉ် အကြမ်းဖက်စစ်သားတွေ ပုန်းအောင်းခဲ့တဲ့ ခလရ ၂၆၈ တပ်ကုန်းမြေအောက်လှိုဏ်ဂူမြင်ကွင်းကို CNDF TTC Camp က ထုတ်ပြန်လိုက်ပါတယ်။ Video – CNDF TTC Camp 0 Shares: Share 0 Tweet 0
Read More 1 minute read VVideos ဝက်လက်မြို့နယ်အတွင်း Y-12 လေယာဉ် ဗုံးကြဲမှုကြောင့် ပြည်သူ ၁၅ ဦး သေဆုံး (ရုပ်/သံ)July 18, 2025 စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်အရှေ့ဘက်ရှိ ကျေးရွာတွေကို စစ်ကောင်စီတပ်ရဲ့ Y-12 လေယာဉ်က ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ၁၅ ယောက် သေဆုံးခဲ့တယ်လို့ Wetlet Informational Network က သတင်းထုတ်ပြန်ထားပါတယ်။
Read More 1 minute read VVideos ရေတာရှည်မြို့နယ်တိုက်ပွဲအတွင်း အကြမ်းဖက်စစ်သား အများအပြားသေဆုံး၊ လူနာကယ်ထုတ်တဲ့ ရဲဘော် ၁ ဦးကျဆုံး (ရုပ်/သံ)November 15, 2025 ပဲခူးတိုင်း ရေတာရှည်မြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်နဲ့ တော်လှန်ရေးတပ်များ တိုက်ပွဲဖြစ်ပွါးခဲ့ပြီး အကြမ်းဖက်စစ်သား ၂၀ ဦးခန့်သေဆုံးခဲ့တယ်လို့ သ်ရပါတယ်။ တော်လှန်ရေးတပ်ဖွဲ့ဖက်မှလည်း လူနာကယ်ထုတ်တဲ့ ရဲဘော် ၁ ဦးကျဆုံးခဲ့တယ်လို့ တပ်ရင်း ၃၅၀၄ - ရေတာရှည်မြို့နယ် အခြေစိုက်က မနေ့ညပိုင်းမှာ သတင်းထုတ်ပြန်ထားပါတယ်။
Read More 1 minute read VVideos (၇၈) နှစ်မြောက် ပင်လုံစာချုပ်ချုပ်ဆိုခြင်းနေ့ အထိမ်းအမှတ် အခမ်းအနားမှာ ပြောကြားခဲ့တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၏ အမှတ်တရစကား (ရုပ်/သံ)February 13, 2025 ''ပင်လုံစာချုပ်ဟာ မြန်မာသမိုင်းတစ်လျှောက်မှာ ဖက်ဒရယ်မူတွေကို အစပြုခဲ့တဲ့ စာချုပ်ဖြစ်ပါတယ်။ သမိုင်းမှတ်တမ်းတွေအရ ပင်လုံစာချုပ် ချုပ်ဆိုမယ့် ရက်မတိုင်မီ သက်ဆိုင်ရာတိုင်းရင်းသားအလိုက် ဆွေးနွေးပွဲတွေ လုပ်ကြပြီး လိုအင်ဆန္ဒနဲ့ မျှော်ရည်ချက်တွေကို လွတ်လပ်ပွင့်လင်းစွာ ဆွေးနွေးဖော်ထုတ်ခဲ့ကြပါတယ်။ ပင်လုံစာချုပ်ချုပ်ဆိုပွဲကို ကမကထပြုလုပ်ခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းတို့လို ခေါင်းဆောင်များကလည်း တာဝန်ခံမှုအပြည့်နဲ့ ဆွေးနွေးခဲ့ကြပါတယ်။ အဲဒါကြောင့် ပင်လုံစာချုပ်ဟာ တိုင်းရင်းသားအားလုံးအတွက် ဖက်ဒရယ်ရေသောက်မြစ်ကြီးဖြစ်ခဲ့ပါတယ်''
Read More 1 minute read VVideos စစ်တပ်၏ အနိုင်ကျင့်ဗိုလ်ကျ စိုးမိုးမှုကို တန်ပြန်တိုက်ခိုက်ရန် တန်ပြန်ကျည်တစ်သောင်း ကမ်ပိန်းပြုလုပ် (ရုပ်/သံ)October 28, 2025 စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်အတွင်း အကြမ်းဖက်စစ်တပ်ရဲ့ အနိုင်ကျင့်ဗိုလ်စိုးမိုးမှုကို တန်ပြန် တိုက်ခိုက်နိုင်ဖို့ လိုအပ်တဲ့ ကျည်ဝယ်ယူနိုင်ရေး ယင်းမာပင်ခရိုင်ပကဖ က တန်ပြန်ကျည်တစ်သောင်း ကမ်ပိန်း ပြုလုပ်ထားတယ်လို့ သိရပါတယ်။
Read More 1 minute read VVideos စစ်ကိုင်းမြို့ အမှတ် ၃၃ ခြေမြန်တပ်မဌာနချုပ်ကနေ ထွက်လာတဲ့ ကြေးနီတင်ယာဉ်နဲ့ သံပြာကာယာဉ်တွေကို မိုင်းဆွဲတိုက်ခိုက် (ရုပ်/သံ)November 28, 2024 စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့နယ် အမှတ် ၃၃ ခြေမြန်တပ်မဌာနချုပ်ကနေ ထွက်လာတဲ့ ကြေးနီသယ် ယာဉ် ၄၃ စီးနဲ့ သံပြားကာယာဉ် ၅ စီးကို မုံရွာ-မန္တလေးလမ်းပိုင်း မအူဂိတ်အနီး ပဒေသာပွိုင့် ၅ လုံး နဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ Brave Heart Army-BHA အဖွဲ့ထံက သိရပါတယ်။
Read More 2 minute read VVideos နွားထိုးကြီးနှင့် မလှိုင်မြို့နယ်အတွင်း စစ်ကြောင်းထိုးလာသည့် စစ်ကော်မရှင်တပ်သားများ တိုက်ခိုက်ခံရပြီး ဗိုလ်မှူး၊ ဗိုလ်ကြီးများအပါ အများအပြား သေဆုံး (ရုပ်/သံ)October 24, 2025 မန္တလေးတိုင်း နွားထိုးကြီးမြို့နယ်နဲ့ မလှိုင်မြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ် သားတွေကို တိုက်ခိုက်ခဲ့ရာ ဗိုလ်မှူး၊ ဗိုလ်ကြီးတွေအပါအဝင် စစ်သားအများအပြားသေဆုံးပြီး jammer စက်နဲ့ လက်နက်ခဲယမ်းအများအပြားသိမ်းဆည်းရရှိခဲ့တယ်လို့ Natogyi People Defence Force က သတင်းထုတ်ပြန်ထားပါတယ်။