လွိုင်ကော်မြို့နယ် ဒေသခံပြည်သူ့ကာကွယ်ရေးတပ် (Loikaw Local PDF) ထံကို စစ်မှုထမ်းသင်တန်းဆင်း စစ်ကောင်စီတပ်သား ၂ယောက် လက်နက်မဲ့ အလင်းဝင်လာတယ်လို့ အဆိုပါ တပ်ဖွဲ့ထံက သိရပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းပွန်မြို့နယ်အခြေစိုက် ခမရ ၅၁၇ တပ်ရင်းက စစ်သား ၂ယောက်ဟာ မနေ့က ဧပြီလ ၁၉ ရက်မှာ အလင်းဝင်လာခဲ့တာ ဖြစ်ပါတယ်။

အလင်းဝင်လာသူ ၂ယောက်ဟာ စစ်မှုထမ်းဥပဒေ ထုတ်ပြန်ပြီးနောက် ရှောင်တခင် အဓမ္မ ဖမ်းဆီးစုဆောင်းခံခဲ့ရတဲ့ စစ်မှုထမ်း အပတ်စဉ် (၅) နဲ့ အပတ်စဉ် (၆) စစ်သင်တန်းဆင်းတွေ ဖြစ်တယ်လို့ သိရပါတယ်။

အလင်းဝင်လာတဲ့ စစ်ကောင်စီ တပ်သား ၂ယောက်ကို လုံခြုံတဲ့နေရာမှာ ထားရှိပြီးဖြစ်သလို ပြည်သူ့ရင်ခွင် ခိုလှုံချင်တဲ့ ပြည်သူ့စစ်မှုထမ်းတွေ၊ စစ်ကောင်စီ အရာရှိတွေ၊ အောက်ခြေရဲဘော်တွေနဲ့ Non CDM ဝန်ထမ်းတွေကို နွေးထွေးလှိုက်လှဲစွာ ကြိုဆိုပြီး ကာကွယ်စောင့်ရှောက်သွားမယ်လို့ Loikaw Local PDF က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ကရင်နီတွင် တော်လှန်ရေးတပ်ဖွဲ့များ၏ စည်းလုံးမှုနှင့် ပြည်သူလူထု တသားတည်းရှိမှုကို ပြသရန် တွေ့ဆုံပွဲပြုလုပ်

တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ပြည်သူလူထု တသားတည်းရှိနေကြောင်း ပြသဖို့အတွက် တွေ့ဆုံပွဲ အခမ်းအနားတစ်ခုကို ဖရူဆိုမြို့နယ် အနောက်ဖက်ခြမ်း လွတ်မြောက်နယ်မြေ တစ်နေရာမှာ ကျင်းပပြုလုပ်ခဲ့ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF တပ်ရင်း (၄) က ထုတ်ပြန်ပါတယ်။
Read More

ရေကြီးမှုကြောင့် မယ်စဲ့တံတားကျိုးကျ

ကရင်နီဒေသ၊ မယ်စဲ့မြို့က မယ်စဲ့တံတား ရေကြီးနစ်မြုပ်မှုကြောင့် ကျိုးကျပျက်စီးသွားကြောင်း ဒေသခံတွေဆီက သိရပါတယ်။ စက်တင်ဘာလ ၂၁ရက်၊ မနေ့က မနက်ပိုင်းမှာ တံတား ကျိုးကျသွားတာဖြစ်ပြီး လမ်းပိတ်ဆို့မှုတွေ ဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။
Read More

မန္တလေးရှိ Sky Villa ကွန်ဒိုနှင့် ဂရိတ်ဝေါဟိုတယ်မှာ အသက် ၅ နှစ်အရွယ်ကလေးနှင့် ကိုယ်ဝန်ဆောင်အပါ ၄ ဦးကို တရုတ်ကယ်ဆယ်ရေးအဖွဲ့က ညတွင်းချင်း ကယ်

မန္တလေးမြို့ပေါ်ရှိ Sky Villa ကွန်ဒိုနဲ့ ဂရိတ်ဝေါဟိုတယ်တို့က အသက် ၅ နှစ်အရွယ်ကလေးနဲ့ ကိုယ်ဝန်ဆောင်အပါ ၄ ယောက်ကို တရုတ်ကယ်ဆယ်ရေးအဖွဲ့နဲ့ တရုတ် Ramunion Rescue ကယ်ဆယ်ရေးအဖွဲ့တို့ ပူးပေါင်းကယ်တင်နိုင်ခဲ့တယ်လို့ တရုတ်သံရုံးက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

“ဝ” ထိန်းချုပ်ရာဒေသမှာ မြေရှားသတ္တုတူးဖော်မှု ၁၀ နှစ်အတွင်း ၈ ဆခန့်အထိ များလာ…

“မြေရှားသတ္တုကနေ စွန့်ထုတ်တဲ့ ဓာတုစွန့်ပစ်ရေက မြေအောက်အထိ စိမ့်ဝင်ပါတယ်… အဲ့ဒီမြေအောက်ရေရဲ့ ညစ်ညမ်းမှုက တကယ်လို့ သတ္တုတူးပြီး ဆယ်နှစ်ကြာသည်အထိ မပျောက်သွားဘူး၊ ဒါကို ကချင်ဘက်က သုတေသနတချို့ လုပ်ထားတာရှိပါတယ်။ အဲ့ဒီအဆိပ်သင့်ရေကို သုံးစွဲမိတဲ့ ပြည်သူတွေက ကျောက်ကပ်၊ ကင်ဆာလို ရောဂါတွေ ခံစားရပါတယ်” လို့ SHRF မှ ယိင်းလျန်းဟန်က မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

စဉ့်ကူးမြို့ပေါ် မြသိန်းတန်ဘုရားကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်

စစ်ကိုင်းတိုင်း၊ စဉ့်ကူးမြို့ပေါ်က မြသိန်းတန် ဘုရားကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်ခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

မင်းပြားမြို့ပေါ်ကို အကြမ်းဖက်စစ်အုပ်စုက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံပြည်သူ ၅ ဦးသေဆုံး ၊ ၁၁ ဦးဒဏ်ရာရ

အာရက္ခတပ်တော်၊ ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ် မင်းပြားမြို့ကို အကြမ်းဖက်စစ်ကော်မရှင် တပ်သား တွေက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ဒေသခံ ၅ ယောက်သေဆုံးပြီး ၁၁ ဦး ထိမှန်ဒဏ်ရာရရှိ ခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။ နိုဝင်ဘာ ၇ ရက် မနေ့ည ၈ နာရီကျော်လောက်မှာ အကြမ်းဖက်စစ်ကော်မရှင်တပ်က မြို့သစ်ရပ်ကွက်ကို လေကြောင်းကနေ ဗုံးကြဲခဲ့တာဖြစ်ပြီး ခလေးသူငယ် အပါအဝင် ပြည်သူများ သေဆုံးခဲ့ရတာဖြစ်ပြီး၊ ထိခိုက်ဒဏ်ရာရတဲ့သူတွေထဲမှာလည်း စိုးရိမ်ရတဲ့သူတွေရှိတယ်လို့ ဒေသခံတွေကဆိုပါတယ်။