အမေရိကန်ပြည်ထောင်စုမြို့ပေါင်းများစွာက ထောင်နဲ့ချီတဲ့ အမေရိကန်ပြည်သူတွေဟာ ၄င်းတို့ရဲ့သမ္မတ ဒေါ်နယ်ထရမ့်ကို အလိုမရှိတော့ကြောင်း ဆန့်ကျင်ဆန္ဒပြခဲ့တယ်လို့ နိုင်ငံတကာသတင်းတွေမှာ ဖော်ပြနေကြပါတယ်။

လက်ရှိ အငြင်းပွားဖွယ်ရာ ကိစ္စများစွာကို ဖြစ်နေစေတဲ့ သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ မူဝါဒတွေကို ဆန့်ကျင်တဲ့ စာသားများပါဝင်တဲ့ ဆိုင်းဘုတ်တွေကို ကိုင်ဆောင်ရင်း အမေရိကန်ရဲ့ မြို့ကြီးတွေမှာ ထောင်နဲ့ချီတဲ့လူအုပ်ကြီးက ကြွေးကြော်ဆန္ဒပြခဲ့ကြတာပါ။

မနေ့ ဧပြီ ၁၉ ရက်နေ့က အမေရိကန်ပြည်ထောင်စု မြို့တော်ဝါရှင်တန်ဒီစီအပါအဝင် မြို့ကြီးတွေမှာ ပြုလုပ်တဲ့ ဆန္ဒပြပွဲတွေမှာ ပါဝင်သူတွေဟာ ထရမ့်အစိုးရရဲ့ရွှေ့ပြောင်းအခြေချသူတွေကို အတင်းအကျပ်နှင်ထုတ်တာ၊ နိုင်ငံတွင်း ဘုရင်သဖွယ် အုပ်ချုပ်နေတာ၊ အစိုးရဝန်ထမ်းတွေကို အလုပ်ထုတ်တာ၊ တက္ကသိုလ်တွေကို ရန်ပုံငွေဖြတ်တောက်နေတာတွေအပြင် ထရမ့်ရဲ့အစ္စရေးကို လက်နက်ထောက်ပံ့မှုများအပါအဝင် ဂါဇာနဲ့ ယူကရိန်းစစ်ပွဲဆိုင်ရာ မူဝါဒတွေကိုပါ ဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့ကြပါတယ်။

တချို့မြို့ကြီးတွေက ဆန္ဒပြပွဲတွေမှာတော့ ထရမ့်ကို စွပ်စွဲပြစ်တင်ပြီး၊ တရားဝင်လမ်းကြောင်းကနေ ရာထူးမှ ဖယ်ရှားလုပ်ဆောင်ကြဖို့လှုံ့ဆော်တိုက်တွန်းတဲ့အထိ ကြွေးကြော်ဆန္ဒပြခဲ့ကြပါတယ်။

(ဓာတ်ပုံ Reuters)
(ဓာတ်ပုံ AFP)
(ဓာတ်ပုံ Reuters)
(ဓာတ်ပုံ Reuters)
(ဓာတ်ပုံ Reuters)
(ဓာတ်ပုံ Reuters)
(ဓာတ်ပုံ EPA)
0 Shares:
You May Also Like
Read More

စစ်ရာဇဝတ်ကောင် မင်းအောင်လှိုင် BIMSTEC ထိပ်သီးဆွေးနွေးပွဲ တက်ရောက်ခွင့်ရရှိလာနိုင်မည့်အပေါ် Justice For Myanmar ကန့်ကွက်

ထိုင်းနိုင်ငံမှာ ကျင်းပမယ့် ဘင်းမ်စတက် (BIMSTEC) ထိပ်သီးဆွေးနွေးပွဲကို အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် တက်ရောက်မယ့် အစီအစဉ်ဟာ မြန်မာပြည်သူတွေ မျှော်လင့်နေတဲ့ ဒီမိုကရေစီ မျှော်မှန်းချက်ကို စော်ကားလိုက်တာလို့ Justice For Myanmar က ထုတ်ပြန်ကန့်ကွက်လိုက်ပါတယ်။
Read More

နိုင်ငံတကာက ယူကရိန်းအရေးမှာသာ အာရုံစိုက်နေတာကြောင့် မြန်မာ့အရေးကို အာဆီယံ ဦးဆောင်ဖြေရှင်းပေးဖို့ NUG တိုက်တွန်းတောင်းဆို

နိုင်ငံတကာဟာ မြန်မာ့အရေးထက် ယူကရိန်းအရေးမှာသာ အာရုံစိုက်နေတာကြောင့် အာဆီယံအနေနဲ့ ပိုမိုဆိုးရွားလာတဲ့ မြန်မာ့အရေးကို ဦးဆောင်ဖြေရှင်းပေးဖို့ လိုအပ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။
Read More

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် ထိုင်းသံအမတ် တွေ့ဆုံပြီး ရွေးကောက်ပွဲအတုအကြောင်း ချီးမွမ်းခန်းဖွင့်

ကြမ်းဖက် စစ်တပ်မင်းအောင်လှိုင်နဲ့ မြန်မာနိုင်ငံမှာ တာဝန်ပြီးဆုံးလို့ပြန်လည်ထွက်ခွါတော့မယ့် ထိုင်းနိုင်ငံသံအမတ်တို့ နှစ်ဦးတွေဆုံရာမှာ စစ်တပ်ရဲ့ ရွေးကောက်ပွဲအတုက တရားမျှတပြီးသန့်ရှင်းတဲ့ရွေးကောက်ပွဲဖြစ်တယ်လို့ အချင်းချင်းချီးမွမ်း ပြောဆိုခဲ့ကြပါတယ်။
Read More

မလေးရှားတွင် ကျင်းပခဲ့သည့် မွန်းအောင် “တစိတ်ထဲလား” စစ်ဘေးရှောင် ရန်ပုံငွေဂီတပွဲ

တေးသံရှင် မွန်းအောင်ရဲ့ “တစိတ်ထဲလား” စစ်ဘေးရှောင် ရန်ပုံငွေဂီတပွဲကို ဒီဇင်ဘာ ၂၁ရက်က မလေးရှားနိုင်ငံ ပီနန်းမြို့မှာ ကျင်းပခဲ့ကြောင်း NLD OC International Malaysia က ထုတ်ပြန်ပါတယ်။
Read More

ငွေလိမ်ဂိုဏ်းပြဿနာများအတွက် တရုတ်သမ္မတနှင့် ထိုင်းဝန်ကြးချုပ် တွေ့ဆုံ

ထိုင်းနိုင်ငံရဲ့ မြန်မာနဲ့ ကမ္ဘောဒီးယားနယ်စပ်တလျှောက် ကြီးထွားလာနေတဲ့ ငွေလိမ်ဂိုဏ်းပြဿနာတွေအတွက် ထိုင်းဝန်ကြီးချုပ် ပတွန်တန်ရှင်နာဝပ်ထရာက ဖေဖော်ဝါရီလ ၆ ရက်မှာ တရုတ်သမ္မတရှီကျင့်ပင်နဲ့ တွေ့ဆုံခဲ့ပါတယ်။
Read More

စစ်အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံမှာ ကလေးငယ် ၅ သိန်းလောက် အာဟာရချို့တဲ့နေ

စစ်အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံကကလေးငယ် ၅ သိန်းလောက်ဟာ အာဟာရချို့တဲ့မှုကို ခံစားနေရတယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီးဦးကျော်မိုးထွန်းက ပြောပါတယ်။