ထိုင်း-မြန်မာနယ်စပ်၊ ထီးခီးဒေသထဲမှာ တည်ရှိတဲ့ ထီးထစစ်ကောင်စီစခန်းကို ကရင်အမျိူးသားလွတ်မြောက်ရေး တပ်မတော် (KNLA) နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက မနေ့က ဧပြီလ ၁၉ ရက် ညနေပိုင်းမှာ သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။

ထီးထဗျူဟာစခန်းကို KNLA ပူးပေါင်းတပ်တွေက ဧပြီလ ၁၂ ရက်နေ့မှာ စတင် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်တွေက စခန်းမကျရေးအတွက် လေကြောင်းတိုက်ခိုက်မှုတွေနဲ့ အပြင်းအထန် ခုခံခဲ့တဲ့ကြားက သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

“ကျနော်တို့ တစ်ပတ်လောက် တိုက်ခိုက်ခဲ့ရပါတယ်။ ဗျူဟာမှူးကို အသေမိတာဗျ။ စစ်ကောင်စီဆီကနေ လက်နက်ခဲယမ်းများစွာလည်း သိမ်းဆည်းရမိထားပါတယ်။” လို့ Force For Federal Democracy ဒုတာဝန်ခံ အောင်အောင်က မောင်းကို ပြောပါတယ်။

ထီးထစခန်းကို KNU/KNLA တပ်မဟာ ၄ရဲ့ ဦးဆောင်မှုနဲ့အတူ Force For Federal Democracy-FFD တပ်ဖွဲ့၊ PDF တွေနဲ့ FFD ကနေ ဦးဆောင် သင်ကြားပေးနေတဲ့ ဒရုန်း တပ်ဖွဲ့တွေ ပေါင်းပြီး တိုက်ခိုက်ခဲ့တာဖြစ်တယ် သူက ဆိုပါတယ်။

ထီးထဗူဟာစခန်းကုန်းဟာ KNU ရဲ့ တပ်မဟာ ၄၊ ထားဝယ်ခရိုင်ထဲမှာရှိပြီး ထိုင်း-မြန်မာ နယ်စပ်မျဉ်းနဲ့ ၆ မိုင်လောက်သာ ကွာဝေးတဲ့နေရာမှာရှိတယ်လို့ သိရပါတယ်။ အဆိုပါစခန်းကုန်းဟာ ထိုင်း-မြန်မာ ထီးခီးနယ်စပ်စခန်းနဲ့ ထားဝယ်-ထီးခီးနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းကို စိုးမိုးထိန်းချုပ်ဖို့ အရေးပါတဲ့ စခန်းတစ်ခုလည်း ဖြစ်ပါတယ်။

စခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီ ဗျူဟာမှူး အပါအဝင် စစ်ကောင်စီအင်အား အများအပြား သေဆုံးခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် ၁၂၀ မမ ၂ လက်အပါအဝင် လက်နက်ကြီး၊ RPG၊ စက်လက်နက်မျိုးစုံနဲ့ ခဲယမ်းများစွာကို သိမ်းဆည်းရရှိတယ်လို့ သတင်းတွေ ထွက်ပေါ်နေပြီး ဒီအပေါ် သီးသန့်ထုတ်ပြန်သွားမယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

PSLF/TNLA အလုပ်သင် ဗိုလ်သင်တန်း အပတ်စဉ် (၄) သင်တန်းဆင်းပွဲနဲ့ အပတ်စဥ်(၅) အလုပ်သင် ဗိုလ်သင်တန်းဖွင့်ပွဲ ပြုလုပ်၊ အပတ်စဥ် (၄) သင်တန်းသားတွေက ၁၀၂၇ စစ်ဆင်ရေး အပိုင်း (၂) မှာ ပါဝင်တိုက်ခိုက်ခဲ့ပြီး ၁၂ ယောက် ကျဆုံးခဲ့

ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး- PSLF/TNLA အလုပ်သင် ဗိုလ်သင်တန်း (Ta’ang Army Officer Training - TAOT) အပတ်စဉ် (၄) သင်တန်းဆင်းပွဲနဲ့ အလုပ်သင် ဗိုလ်သင်တန်း အပတ်စဉ် (၅) သင်တန်းဖွင့်ပွဲကို ဒီဇင်ဘာ (၁၅)ရက်က ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

လက်နက်ထောက်ပံ့ပြီး စစ်ရေးအတွေ့အကြုံပေးသည့် AA နှင့် ပထမဆုံး စစ်သင်တန်းတွင် ပညာသင်ကြားပေးခဲ့သည့် CDF-Mindat ကို ကျေးဇူးတင်ကြောင်း ချင်းတပ် CDF-Daai ပြော

လက်နက်အထောက်အပံ့နဲ့ စစ်ရေးအတွေ့အကြုံတွေ ပေးတဲ့ အာရက္ခတပ်တော် AA နဲ့ ပထမဆုံး စစ်သင်တန်းမှာ ပညာသင်ကြားပေးခဲ့တဲ့ CDF-Mindat ကို ကျေးဇူးတင်ကြောင်း ချင်းတော်လှန်ရေးတပ်တစ်ဖွဲ့ဖြစ်တဲ့ CDF-Daai က တပ်တည်ထောင်ခြင်း ၄ နှစ်ပြည့်နေ့ စက်တင်ဘာလ ၂၁ ရက်မှာ ထုတ်ပြန်ထားပါတယ်။
Read More

ရက်စက်စွာ နှိပ်စက်မှုတွေကြောင့် သေဆုံးခဲ့ရတဲ့ လင်းထက်အောင် (ခေါ်) Error ကို စစ်ကြောမှုမှာ ဘယ်သူတွေပါခဲ့လဲ

ဧရာဝတီတိုင်း၊ မအူပင်မြို့မှာ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ပတ်သက်သူတွေဆိုပြီး စွပ်စွဲဖမ်းဆီးခံရသူတွေထဲက လင်းထက်အောင် (ခေါ်) Error ဆိုသူကို စစ်ဖက်ဆိုင်ရာလုံခြုံးရေးအဖွဲ့ (စရဖ) ဗိုလ်ကြီးအဆင့်ရှိသူ ကောင်းမြတ်နဲ့ သူရဝင်းတို့က ညှင်းပန်းနှိပ်စက် သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း စစ်တပ်နဲ့နီးစပ်သူတွေထံက သိရပါတယ်။…
Read More

ကျောက်မဲနှင့် မိုးကုတ်မြို့ကို စစ်ကောင်စီတပ် လေကြောင်း ဗုံးကြဲတိုက်ခိုက်၊ ပြည်သူ (၄) ဦး သေဆုံးပြီး (၁၂) ဦး ထိခိုက်ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နဲ့ မန္တလေးတိုင်း၊ မိုးကုတ်မြို့တို့ကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ (၄) ယောက် သေဆုံးခဲ့ပြီး (၁၂) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

တီးတိန်အခြေစိုက် စစ်ကောင်စီတပ်က ဒုတပ်ကြပ် ၁ ဦး လက်နက်ခဲယမ်းများနှင့် အလင်းဝင်လာ… (ဓာတ်ပုံသတင်း)

ချင်းပြည်နယ်ရှိ အကြမ်းဖက်စစ်ကောင်စီရဲ့ တီးတိန်မြို့အခြေစိုက် တပ်ရင်းစခန်းကနေ ဒုတပ်ကြပ် ၁ ယောက် လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်လာတယ်လို့ PDF ZOLAND က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဂန့်ဂေါခရိုင်အမှတ် (၁) တပ်ရင်း ၃ နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနား (ဓာတ်ပုံသတင်း)

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ် (၁) စစ်ဒေသရဲ့လက်အောက်ခံ ပြည်သူ့ကာကွယ်ရေး တပ်မတော် ဂန့်ဂေါခရိုင် အမှတ် (၁) တပ်ရင်းရဲ့ တပ်တည်ထောင်တာ ၃ မြောက်ခဲ့ပြီ ဖြစ်ပါတယ်။