စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ်မှုနယ်မြေ၊ ခလယ်လွီထူခရိုင်၊ လယ်ဒိုမြို့နယ်နဲ့ မူးမြို့နယ်က အပြစ်မဲ့ အရပ်သား ပြည်သူ (၁) ယောက် သေဆုံးခဲ့ပြီး နေအိမ် (၇) လုံးပျက်စီးခဲ့တယ်လို့ KNU က သတင်းထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၁၈ ရက်နေ့၊ မနက် ၉ နာရီ ၆ မိနစ် အချိန်မှာ ခလရ−၂၆၄ တပ်က ပစ်ခတ်လိုက်တဲ့ ၁၂၀ မမ လက်နက်ကြီး ၂လုံးဟာ လယ်ဒိုမြို့နယ်၊ ရေတွင်းကုန်းကျေးရွာကို ကျရောက်ပေါက်ကွဲခဲ့တာကြောင့် အသက် ၄၃ နှစ်အရွယ် စောမျိုးသန့်ဆိုသူ သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ကျေးရွာအတွင်းက နေအိမ် (၆) လုံးနဲ့ ဆိုင်ကယ် (၂)စီး၊ ထော်လာဂျီ (၁) စီးပါ ထိမှန်ပျက်စီးခဲ့ပြီး တိရစ္ဆာန်တွေလည်း ထိခိုက်သေဆုံးခဲ့တယ်လို့ သိရပါတယ်။

အလားတူ မူးမြို့နယ်အတွင်းမှာလည်း ဧပြီလ ၁၆ ရက် ည ၈နာရီခွဲအချိန်မှာ ခမရ−၃၅၁ တပ်ရင်းကနေ လက်နက်ကြီးတစ်လုံး ပစ်ခတ်ခဲ့ရာ ထွနီကုန်းကျေးရွာထဲ ကျရောက်ပေါက်ကွဲပြီးနောက် နေအိမ် (၁) လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

ခလယ်လွီထူခရိုင်အတွင်း စစ်‌ကောင်စီရဲ့ အကြမ်းဖက်လုပ်ရပ်တွေကြောင့် အပြစ်မဲ့အရပ်သား ပြည်သူပိုင်ပစ္စည်း၊ နေအိမ်တွေ ထိခိုက်ပျက်စီးဆုံးရှုံးနေရပြီး ပြည်သူတွေလည်း စိုးရိမ်ကြောက်ရွံ့မှုတွေနဲ့ အသက်ရှင် နေထိုင်နေကြရတယ်လို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

0 Shares:
You May Also Like
Read More

ရေး – ထားဝယ်လမ်းမပေါ် အမတ (၃၁၆) အမြောက်တပ်ကို ဒရုန်းဖြင့် တိုက်ခိုက်ခဲ့

မွန်ပြည်နယ်၊ ရေး-ထားဝယ်လမ်းပိုင်းက အမတ (၃၁၆) အမြောက်တပ်ကို ဒရုန်းတွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ Mon State Revolutionary Force - MSRF က သတင်းထုတ်ပြန်ပါတယ်။
Read More

အောင်ပွဲရ တော်လှန်ရေးရဲဘော်များကို ပြည်သူလူထု ကြိုဆို (ဓာတ်ပုံသတင်း)

ရှေ့တန်းမှာ အောင်ပွဲရပြီး ပြန်လည်ရောက်ရှိလာတဲ့ မုံရွာခရိုင် အမှတ်(၅) တပ်ရင်း Aung San Force ရဲဘော်တွေကို ပြည်သူတွေ သောင်းသောင်းဖြဖြ ကြိုဆိုခဲ့တဲ့ မှတ်တမ်းဓာတ်ပုံတွေကို အဆိုပါ တပ်ရင်းက အသိပေးထုတ်ပြန်လိုက်ပါတယ်။
Read More

ပခုက္ကူ ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ (ပလဖ) က တန်ဆောင်မုန်းလပြည့်နေ့မှာ လုံခြုံရေးလုပ်ငန်းတွေ လုပ်ဆောင်ခဲ့…

မကွေးတိုင်း ၊ ပခုက္ကူမြို့နယ် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ (ပလဖ) က တန်ဆောင်မုန်းလပြည့်နေ့ မနေ့က လုံခြုံရေးဆိုင်ရာ လုပ်ငန်းတွေ လုပ်ဆောင်ခဲ့တယ်လို့ ပခုက္ကူမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

လှိုင်းဘွဲ့ မြို့မရဲစခန်းမှ ရဲတပ်သားတစ်ဦး မြိတ်ခရိုင် PDF အမှတ် (၃) တပ်ရင်းထံ လက်နက်မဲ့ အလင်းဝင်ခိုလှုံလာ

ကရင်ပြည်နယ်၊ လှိုင်းဘွဲ့ မြို့မရဲစခန်းက ရဲတပ်သားတစ်ယောက်ဟာ လက်နက်မဲ့ အလင်းဝင်ခိုလှုံလာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင် အမှတ် (၃) တပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

နိုင်ငံ၏ ၃၉ ရာခိုင်နှုန်းကိုသာ စစ်တပ်က လက်နက်ဖြင့် ဖိနှိပ်အုပ်ချုပ်နိုင်တော့သည်ဟု NUG ဆို

မြန်မာနိုင်ငံရဲ့ ၃၉ ရာခိုင်နှုန်းကိုသာ စစ်တပ်က လက်နက်အားကိုးနဲ့ ဖိနှိပ်အုပ်ချုပ်နိုင်တော့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ တော်လှန်ခုခံစစ် ၄ နှစ်ပြည့် အစီရင်ခံစာမှာ ဖော်ပြလာပါတယ်။
Read More

ရက်စက်စွာ နှိပ်စက်မှုတွေကြောင့် သေဆုံးခဲ့ရတဲ့ လင်းထက်အောင် (ခေါ်) Error ကို စစ်ကြောမှုမှာ ဘယ်သူတွေပါခဲ့လဲ

ဧရာဝတီတိုင်း၊ မအူပင်မြို့မှာ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ပတ်သက်သူတွေဆိုပြီး စွပ်စွဲဖမ်းဆီးခံရသူတွေထဲက လင်းထက်အောင် (ခေါ်) Error ဆိုသူကို စစ်ဖက်ဆိုင်ရာလုံခြုံးရေးအဖွဲ့ (စရဖ) ဗိုလ်ကြီးအဆင့်ရှိသူ ကောင်းမြတ်နဲ့ သူရဝင်းတို့က ညှင်းပန်းနှိပ်စက် သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း စစ်တပ်နဲ့နီးစပ်သူတွေထံက သိရပါတယ်။…