စစ်ကိုင်းငလျင်ကြောင့် ပြိုကျပျက်စီးမှုတွေ ရှိခဲ့တဲ့ နေပြည်တော်ကို အကြမ်းဖက် မင်းအောင်လှိုင်က အကွက်ချပြီး မြို့သစ်ပြန်တည်မယ်လို့ မနေ့က ပြုလုပ်ခဲ့တဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေးမှာ ပြောဆိုလိုက်ပါတယ်။

အကြမ်းဖက် မင်းအောင်လှိုင်က ငလျင်ကြောပေါ် ရှိနေတဲ့ ရုံးအဆောက်အဦးတွေကို ပြောင်းရွှေ့ပြီး နေပြည်တော်ရဲ့ မြို့အကွက်ချမှုပုံစံကို ပြန် လည် တွက်ချက်ရေးဆွဲသွားဖို့ စီစဉ်နေတယ်လို့ ဆိုပါတယ်။

ပြန်လည်တည်ဆောက်ရာမှာလည်း ငလျင်မကြာခဏ လှုပ်ခတ်တတ်တဲ့ နိုင်ငံတွေက အဆောက်အအုံတွေ တည်ဆောက်ထားရှိမှုတွေကို နမူနာယူပြီး တည်ဆောက်သွားဖို့ လိုတယ်လို့လည်း မင်းအောင်လှိုင်က ဆိုပါတယ်။
ဒါ့အပြင် နေပြည်တော်ဝန်ထမ်းအိမ်ရာတွေကို ပြန်လည် တည်ဆောက်ရာမှာလည်း ငလျင်ပြင်းအား ရစ်ချ်တာစကေး ၈ အထိ ခံနိုင်တဲ့အဆောက်အအုံတွေ ဖြစ်အောင် လုပ်ဆောင်ရွက်ရမယ်လို့ မင်းအောင်လှိုင်က ပြောဆိုထားပါတယ်။

၆ လအတွင်း ပြန်လည်တည်ဆောက်မယ့် ဝန်ကြီးဌာနရုံးတချို့ကို ရန်ကုန်မြို့ကို ယာယီပြောင်းရွှေ့ထားပြီး နိုင်ငံခြားရေး၊ လူဝင်မှုကြီးကြပ်ရေး၊ အလုပ်သမားစတဲ့ ဝန်ကြီးဌာနတွေက ရုံးတချို့ ပါဝင်တယ်လို့ Non-CMD ဝန်ထမ်းတွေဆီက သိရပါတယ်။

မတ်လ ၂၈ ရက်နေ့ လှုပ်ခတ်ခဲ့တဲ့ စစ်ကိုင်းငလျင်ကြီးကြောင့် အာဏာရှင် သန်းရွှေ တည်ဆောက်ခဲ့တဲ့ နေပြည်တော်ရှိ ဌာနဆိုင်ရာအဆောက်အဦးတွေအပါအဝင် စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးယန္တရား အဆောက်အဦး ၇၀ ရာခိုင်နှုန်းခန့် ထိခိုက်ပျက်စီးခဲ့တာဖြစ်ပါတယ်။
0 Shares:
You May Also Like
Read More

၂၀၂၅ ခုနှစ်အတွင်း စစ်ကောင်စီတပ် ဖမ်းဆီးထိန်းသိမ်းခံရပြီးနောက် ထိန်းသိမ်းရေးစခန်းများမှာ အရပ်သားပြည်သူ ၂၃ ဦး သေဆုံးခဲ့

မြန်မာနိုင်ငံတစ်ဝန်း ၂၀၂၅ နှစ်အတွင်း အကြမ်းဖက်စစ်ကောင်စီ ဖမ်းဆီးထိန်းသိမ်းပြီးနောက် စစ်ကောင်စီရဲ့ ထိန်းသိမ်းရေးစခန်းတွေမှာ သေဆုံးခဲ့တဲ့ အရပ်သားပြည်သူ ၂၃ ယောက် ရှိတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဒီနေ့ ညနေပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။
Read More

ဆိုရှယ်မီဒီယာတွေကို စစ်တပ်က စောင့်ကြည့်နေပြီး ၃ လအတွင်း စစ်တပ်ကို ဝေဖန်သူ ၁၄၀ ကျော် ဖမ်းဆီးခံရ

ဆိုရှယ်မီဒီယာပေါ်မှာ စစ်တပ်ကို ဝေဖန်လို့ သုံးလအတွင်း အရပ်သားပြည်သူ ၁၄၀ကျော်ကို စစ်ကောင်စီက မတရား ဖမ်းဆီးထားတယ်လို့ Myanmar Internet Project ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
Read More

ရန်ကုန် – မန္တလေးလမ်းဟောင်းပေါ်မှာ စစ်တပ်ဂိတ်ကို တိုက်ခိုက်ရင်း ကျဆုံးခဲ့သည့် ဖြူးပကဖ ကျဆုံးရဲဘော် ရဲ့ စျာပနကို ပဲခူးတိုင်း ပကဖ စစ်ရေးတာဝန်ခံ သွားရောက် ဦးညွှတ်ဂုဏ်ပြု

ပဲခူးတိုင်းအတွင်းရှိ ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ်က စစ်ကောင်စီဂိတ်စခန်းကို သွားရောက်တိုက်ခိုက်ချိန် ကျဆုံးခဲ့တဲ့ ဖြူးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖ က ရဲဘော်ရဲ့ စျာပနကို ပဲခူးတိုင်း၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ စစ်ရေးတာဝန်ခံ သွားရောက်ခဲ့တယ်လို့ ပကဖ အသံက သတင်းဖော်ပြထားပါတယ်။
Read More

ချင်းဒေသ၏ ၈၀ ရာခိုင်နှုန်းကျော်ကို ချင်းတော်လှန်ရေးတပ်များ ထိန်းချုပ်ထားနိုင်ပြီဟု PDF Zoland ထုတ်ပြန်

ဇိုမီးဖက်ဒရယ်ပြည်ထောင်စု/ ဇိုလန်း - ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Zomi Federal Union/Zoland - People's Defence Force) အနေနဲ့ ဒေသခံတော်လှန်ရေးအဖွဲ့တွေနဲ့ ပူးပေါင်းကာ စစ်ကောင်စီနဲ့ ကာလရှည်ကြာတိုက်ပွဲတွေ ​ဖြစ်ပွားခဲ့ပြီးနောက် အခုအခါ ချင်းဒေသရဲ့ ၈၀% ကျော်ကို ထိန်းချုပ်ထားနိုင်နေပြီ ဖြစ်တယ်လို့ ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

သီတင်းကျွတ်လပြည့်ညတွင် မင်းပြင်ရွာထဲမှ နေအိမ် ၁၀ လုံးခန့်ကို စစ်အုပ်စု မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ပလမြို့၊ မင်းပြင်ရွာမှာ တပ်စွဲထားတဲ့ အကြမ်းဖက် စစ်ကော်မရှင်တပ်သားတွေဟာ အဆိုပါကျေးရွာအတွင်းရှိ နေအိမ်တွေကို မီးရှို့ဖျက်ဆီးနေတယ်လို့ နယ်မြေခံ တော်လှန်ရေးတပ်ဖွဲ့တွေထံက သိရပါတယ်။
Read More

ဘုတလင်မှာ BLDF နဲ့ 96 Soldiers အဖွဲ့တို့ ပူးပေါင်းပြီး ဆန်၊ ဆီ၊ ရိက္ခာတွေ ထောက်ပံ့ပေးပို့ခဲ့…

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်မှာ စစ်ဘေးရှောင်ပြည်သူတွေကို ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး(BLDF) နဲ့ 96 Soldiers အဖွဲ့တို့ ပူးပေါင်းပြီး ဆန်၊ ဆီ၊ ရိက္ခာတွေ ထောက်ပံ့ပေးပို့ခဲ့တယ်လို့ သိရပါတယ်။