စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်၊ ရှိန်းမကားကျေးရွာ မှာရှိတဲ့ အကြမ်းဖက်စစ်ကောင်စီတပ် သေနတ်နဲ့ ပစ်ခတ်မှုကြောင့် အရပ်သား ၁ ယောက် သေဆုံးပြီး ၁ ယောက် ဒဏ်ရာရခဲ့တယ်လို့ ပြင်ဦးလွင်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ထုတ်ပြန်ပါတယ်။

ဧပြီ ၁၈ ရက် မွန်းလွဲ ၁၁ နာရီ ၁၈ မိနစ်မှာ ဧရာဝတီမြစ် အထက်ကနေ စုန်ဆင်းလာတဲ့ ဝေလ်မာသကြားသံခွန် သင်္ဘောကို အကြမ်းဖက်စစ်တပ်က သေနတ်နဲ့ ပစ်ဖောက်ပြီး ခေါ်ချိန်မှာ အဆိုပါ သင်္ဘောအနီးကပ်ပါလာတဲ့ မော်တော် ၁ စီးကို ကျည်ထိမှန်ရာက ပြည်သူ တစ်ယောက် သေဆုံးပြီး တစ်ယောက် ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
အကြမ်းဖက်စစ်သားတွေရဲ့ ပစ်ခတ်မှုကြောင့် မော်တော်ပေါ်မှာ ပါလာတဲ့ မတ္တရာမြို့နယ်၊ ရှင်လှကျေးရွာက အသက် (၃၁)နှစ်အရွယ် အမျိုးသား (၁) ယောက် သေဆုံးပြီး အသက် (၂၇)နှစ်အရွယ် အမျိုးသား (၁) ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဧပြီလ ၁၈ ရက် မနေ့က မနက်ပိုင်းမှာလည်း သပိတ်ကျင်းမြို့နယ်၊ လိပ်ကျကျေးရွာကို အကြမ်းဖက်စစ်ကောင်စီရဲ့ မိတ္ထီလာ ရှမ်းတဲလေတပ်က လာတဲ့ ဂျက်ဖိုက်တာင ပေါင် ၃၀၀ ဗုံးသီးတစ်လုံး ကြဲချတိုက်ခိုက်ခဲ့ရာ အရပ်သားပြည်သူ (၁၃) ယောက် သေဆုံးပြီး ပြည်သူ (၃) ယောက် ဒဏ်ရာရရှိခဲ့ပါသေးတယ်။

ပြင်ဦးလွင်ခရိုင် ပကဖ ကတော့ ပြည်သူတွေ အနေနဲ့ အကြမ်းဖက်စစ်တပ်ရဲ့ ဝေးရာမှာ နေထိုင်ကြဖို့နဲ့ လေကြောင်းရန်ကာကွယ်နိုင်အောင် ဗုံးခိုကျင်းတွေ တူးထားဖို့ တိုက်တွန်းထုတ်ပြန်ထားပါတယ်။
0 Shares:
You May Also Like
Read More

တော်လှန်ရေးတပ်ဖွဲ့တွေ ဈေးလာဝယ်တယ်ဆိုပြီး အကြမ်းဖက်စစ်တပ်က ပုသိမ်မြို့မဈေးကို ဝင်ရောက်စစ်ဆေးကာ ဈေးရောင်းချိန် ကန့်သတ်

ဧရာဝတီတိုင်း၊ ပုသိမ်မြို့ မြို့မဈေးမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ဈေးလာဝယ်တယ်ဆိုပြီး စစ်ကောင်စီတပ်က ဈေးကို ရှောင်တခင် ဝင်ရောက်စစ်ဆေးကာ ဈေးခေါင်းကိုခေါ်ပြီး ညနေ ၅ နာရီ ဈေးပိတ်ရမယ်လို့ အချိန်ကန့်သတ်လိုက်ကြောင်း သိရပါတယ်။
Read More

မိုးကုတ်မှာ စစ်တပ်လေယာဉ်နဲ့ ဗုံး အလုံး ၃၀ နီးပါး ကြဲချ၊ အရပ်သား ​၅ ယောက် သေဆုံးပြီး ၁၉ ယောက် ဒဏ်ရာရ

မန္တလေးတိုင်းအတွင်း တအာင်းတပ်မတော် TNLA နဲ့ တော်လှန်ရေးတပ်တွေ ပူးပေါင်းထိန်းချုပ်ထားတဲ့ မိုးကုတ်မြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ​၅ ယောက် သေဆုံးပြီး ၁၉ ယောက် ဒဏ်ရာရခဲ့တယ်လို့ တအာင်းအမျိုးသမီးအဖွဲ့အစည်းက ထုတ်ပြန်ပါတယ်။
Read More

ရေးမှာ ပြည်သူ့စစ် စစ်သင်တန်းဆင်း ၁ဦး ရာမညပြောက်ကျားတပ်ဖွဲ့ထံ လာရောက်ပူးပေါင်း

မွန်ပြည်နယ်၊ ရေးမြို့နယ်မှာ ပြည်သူ့စစ် စစ်သင်တန်းဆင်း ၁ဦး လက်နက်တွေနဲ့တကွ အလင်းဝင်ရောက်လာတယ်လို့  ရာမညပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

ပေါ်တာဆွဲဖမ်းဆီးခံရပြီး စစ်သားဖြစ်လာသူ ၂ ဦး အလင်းဝင်ရောက်လာနိုင်ဖို့ Burma Revolution Rangers အဖွဲ့ သွားရောက်ခေါ်ဆောင်

အကြမ်းဖက်စစ်ကောင်စီရဲ့ ပေါ်တာဆွဲဖမ်းဆီးခြင်းခံရပြီး စစ်ကောင်စီတပ်သားဖြစ်လာသူ ၂ ယောက်ကို အလင်းဝင်ရောက်နိုင်ဖို့ သွားရောက်ခေါ်ဆောင်ပေးခဲ့ကြောင်း Burma Revolution Rangers က ထုတ်ပြန်ထားပါတယ်။
Read More

ပခုက္ကူမြို့နယ်၊ အင်ဝိုင်ကျေးရွာမှာ စစ်တပ်ထောက်တိုင်လုပ်ပြီး သန်းခေါင်စာရင်း ကောက်ဖို့လုပ်နေသူ ၂ ယောက် အသတ်ခံရ

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ အင်ဝိုင်ကျေးရွာမှာ စစ်ကောင်စီရဲ့ အတုအယောင် ရွေးကောက်ပွဲအတွက် လုပ်ဆောင်ပေးနေသူ ၂ ယောက် အသတ်ခံရကြောင်း ဒေသခံတွေဆီက သိရပါတယ်။
Read More

လူထုထောက်ခံမှု မရှိသည့် ပါတီများနှင့် စစ်ကောင်စီ ရွေးကောက်ပွဲလုပ်ဖို့ ပြင်ဆင်နေ ဟု NUG ပြော

လာမယ့် နှစ်ကုန်ပိုင်းမှာ ရွေးကောက်ပွဲ လုပ်မယ်လို့ ကြွေးကြော်ထားတဲ့ စစ်ကောင်စီဟာ လူထုထောက်ခံမှု မရှိတဲ့ ပါတီတွေနဲ့ ရွေးကောက်ပွဲကို ကျင်းပဖို့ ပြင်ဆင်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ပြောပါတယ်။