ရှမ်းပြည်တောင်ပိုင်း တော်လှန်ရေးတပ်ပေါင်းစုမှ 1005 တပ်ရင်း ၊ 1008 တပ်ရင်း ၊ ရှမ်းပြည် (တောင်ပိုင်း) ဒေသခံတော်လှန်ရေး တပ်ပေါင်းစု (SSLRU)၊ Special Operation Drone Force (SODF) တို့ကို ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ဗျူဟာအမှတ် (၉) အဖြစ် ဖွဲ့စည်းလိုက်တယ်လို့ သိရပါတယ်။

အဆိုပါတပ်ဖွဲ့ ၄ ဖွဲ့ဟာ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ဗျူဟာအမှတ် (၉)မှာ သျှမ်းတောင်အမျိုးသားများကာကွယ်ရေးတပ် – SSNDF ရဲ့ B – 101 ၊ B – 102 ၊ B – 103နဲ့ Drone အဖွဲ့တွေအဖြစ် ဆက်လက်တာဝန်ထမ်းဆောင်သွားမယ်လို့ သိရပါတယ်။

KNDFရဲ့ အမိန့်ပေးကွပ်ကဲမှုစနစ် (COC) နဲ့ ဆက်လက်တိုက်ပွဲဝင်မယ့် အဆိုပါတော်လှန်ရေးအဖွဲ့တွေအနက် (၁၀၀၈)တပ်ရင်း SSRY နဲ့ (၁၀၀၅)တပ်ရင်း SSPDF တို့ဟာ ဖေဖော်ဝါရီလ (၁)ရက်မှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန (MOD) လက်အောက်ကနေ တရားဝင်နှုတ်ထွက်ထားပြီး၊ ရှမ်းပြည် (တောင်ပိုင်း) ဒေသခံတော်လှန်ရေး တပ်ပေါင်းစုနဲ့ပူးပေါင်းကာ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ အသိပေးထုတ်ပြန်ထားခဲ့ပါတယ်။

0 Shares:
You May Also Like
Read More

ရွှေကုက္ကိုလ် ကျားဖြန့်များ ရုံခါတဲ့ ည

ကရင်နယ်ခြားစောင့်တပ် BGF က အကြမ်းဖက်ဖက်စစ်တပ်နဲ့ ပေါင်းပြီး ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ရွှေကုက္ကိုလ်မြို့နယ်က ကျားဖြန့်တွေကို အပြီးသတ် နှိမ်နင်းတော့မယ်လို့ ကြိုတင်အသိပေး သတင်းလွှင့်ပြီးတဲ့နောက် ရွှေကုက္ကိုလ်မှာရှိတဲ့ ငွေလိမ်ဂိုဏ်း ကျားဖြန့်သမားတွေ မနေ့က ညတွင်းချင်း အလုံးအရင်းနဲ့ ထွက်ခွာခဲ့ကြပါတယ်။
Read More

အင်းတော်မြို့ကို အပြီးသတ် သိမ်းပိုက်ပြီး လက်နက်ခဲယမ်းများစွာ သိမ်းဆည်းရရှိကြောင်း NUG တရားဝင်ကြေညာ

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ် (၁) စစ်ဒေသရဲ့ ကွပ်ကဲမှုနဲ့ အင်းတော် မြို့သိမ်းတိုက်ပွဲကို (၈) လကျော်ကြာ ဆင်နွှဲခဲ့ပြီးနောက် ဧပြီလ (၇) ရက် မနေ့က ညပိုင်းမှာ အပြီးသတ်သိမ်းပိုက်ရရှိခဲ့တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက ဒီနေ့ညပိုင်းမှာ တရားဝင်ထုတ်ပြန်ပါတယ်။
Read More

သံတွဲနှင့် ဂွမြို့အနီး ပင်လယ်ပြင်တွင် ညအချိန် ငါးဖမ်းမှု AA တားမြစ်မိန့် ထုတ်ပြန်၊ ပင်လယ်ကမ်းဝေး ငါးမဖမ်းရန် ပြည်သူများကို မေတ္တာရပ်ခံ

ရခိုင်ပြည်နယ်၊ ဂွမြို့နယ်နဲ့ သံတွဲမြို့နယ်မှာ ပြည်သူတွေ ပင်လယ်ပြင်မှာ ညအချိန် ငါးဖမ်းတာကို တားမြစ်ကန့်သတ်ကြောင်း အာရက္ခတပ်တော် (AA) က အောက်တိုဘာ ၁၉ ရက် မနေ့က အသိပေးတားမြစ်မိန့် ထုတ်ပြန်ချက်တစ်ရပ် ထုတ်ပြန်လာပါတယ်။  
Read More

မန္တလေး Sky Villa ကွန်ဒိုပြိုကျမှုအတွင်း သုခဒိုင်းမွန်း စိန်တိုက်ပိုင်ရှင် မိသားစုလိုက်သေဆုံး၊ ပျဉ်းမနားတွင်လည်း ဝင်းရွှေစင်ရွှေဆိုင် ပြိုကျမှု ၉ ဦး သေဆုံး

မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ လမ်း ၆၀၊ ၂၂လမ်းနဲ့ ၂၃ လမ်းကြားရှိ  ၁၁ ထပ်အမြင့်ရှိသည့် Sky Villa ကွန်ဒိုပြိုကျမှုအတွင်း သေဆုံးသူတွေထဲမှာ သုခဒိုင်းမွန်းစိန်တိုက်ပိုင်ရှင် ဒေါ်မိုးသီတာရွှေနဲ့ မိသားစုဝင်တွေ ပါဝင်တယ်လို့ သုခဒိုင်းမွန်းစိန်တိုက်က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ထားဝယ်တွင် တန်ဆောင်တိုင် မီးထွန်းပွဲနှင့် နှစ်ကျိပ်ရှစ်ဆူပူဇော်ပွဲ စစ်ကော်မရှင် ကျင်းပမည်၊ ပွဲတော်နှင့်ယှဥ်တွဲလျက် အကြမ်းဖက်တတ်သည့်အတွက် သတိထားရန် လိုအပ်

အကြမ်းဖက်စစ်ကော်မရှင်ဟာ ပြည်သူတွေကို အကြောင်းပြပြီး လာမယ့် နိုဝင်ဘာ ၃ ရက် (တန်ဆောင်မုန်းလဆန်း ၁၄ ရက်) မှာ တန်ဆောင်တိုင်မီးထွန်းပွဲနဲ့ နှစ်ကျိပ်ရှစ်ဆူပူဇော်ပွဲကို ထားဝယ်မြို့မှာ ကျင်းပပြုလုပ်ဖို့ရှိနေတယ်လို့ နယ်ခံတွေဆီက သိရပါတယ်။
Read More

မုံရွာ GTC ရှိ အကြမ်းဖက်စစ်အုပ်စု နေရာများ စီးနင်းတိုက်ခိုက်ခံရပြီး ၄ ဦး သေ၊ ၇ ဦး ပြင်းထန်ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်မှာ နည်းပညာတက္ကသိုလ်(GTC) ကျောင်းဝန်းအတွင်း တပ်စွဲထားတဲ့ စစ်အုပ်စုတွေ စီးနင်းတိုက်ခိုက်ခံရပြီး ၄ ယောက် သေ၊ ၇ ယောက် အပြင်းအထန်ဒဏ်ရာရရှိခဲ့တယ်လို့ မုံရွာခရိုင် တပ်ရင်း (၂) ဒေါင်းမျိုးဆက် က ထုတ်ပြန်ထားပါတယ်။