ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးဗြဲမြို့မှာ အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တွေနဲ့ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်က ထိခိုက်မှုအများပြားနဲ့ ပြန်လည်ဆုတ်ခွာသွားတယ်လို့ ရှမ်းတောင်စစ်ဒေသခွဲ၊ အမှတ်- ၁ ဗျူဟာ၊ PDF သတင်းနှင့်ပြန်ကြားရေးတာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။

ဧပြီလ ၁၉ရက်၊ ဒီနေ့မနက်အစောပိုင်းက မိုးဗြဲမြို့​အခြေစိုက် ခမရ (၄၂၂) တပ်ရင်းကနေ အင်အား၁၀၀ နီးပါးနဲ့ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်ကို ရှမ်းတောင်စစ်ဒေသခွဲ၊ အမှတ်(၁)ဗျူဟာက ခုခံတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီဘက်က ဒရုန်း၊ လက်နက်ကြီးတွေအသုံးပြရင်း ကရင်နီအမျိုးသားကာကွယ်ရေးတပ် KNDF ၊ ရှမ်းတောင်စစ်ဒေသခွဲ၊ အမှတ်(၁)ဗျူဟာနဲ့ ပူးပေါင်းတပ်တွေ ထိန်းချုပ်ထားတဲ့ မိုးဗြဲမြို့ကို ပြန်လည်ရရှိနိုင်ဖို့အတွက် စစ်ကြောင်းထိုးလာခဲ့တာလို့လည်း သိရပါတယ်။

အချိန် ၂ နာရီကြာ ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်ထိတွေ့မှုအတွင်း စစ်ကောင်စီဘက်က ၁၅ ယောက်ထက်မနည်း အပြင်းအထန် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ခမရ ၄၂၂ တပ်ရင်းရှိရာကို ပြန်ပြီးဆုတ်ခွာသွားတယ်လို့ သိရပါတယ်။

” နယ်မြေရှင်းလင်းရေးလုပ်မရတော့ သူတို့ဘက်က ဘယ်လောက်သေလဲဆိုတာအတည်မပြုနိုင်ဘူး။ ကျနော်တို့နယ်မြေရှင်းလင်းရေးလုပ်မှာစိုးလို့ လေယာဥ်နဲ့၂ခေါက် လာကြဲတယ်ပေါ့နော်။ အဲ့တာကြောင့် ကျနော်တို့လည်းပြန်ဆုတ်ခဲ့ရတယ်။ ဒါပေမယ့် စကစ ၁၅ယောက်ထက်မနည်းအပြင်းထန်ထိခိုက်ဒဏ်ရာရခဲ့တယ်ပေါ့။ သူတို့ဘက်ကလည်းဒရုန်းသုံးပေမယ့် ကျနော်တို့ကပိုထိရောက်တဲ့ဒရုန်းတိုက်ခိုက်မှုလုပ်ခဲ့တော့ သူတို့(စစ်ကောင်စီ) အထိနာသွားတာပါ။” လို့ ရှမ်းတောင်စစ်ဒေသခွဲ၊ အမှတ်- ၁ ဗျူဟာ၊ PDF သတင်းနှင့်ပြန်ကြားရေးတာဝန်ရှိသူက ပြောပါတယ်။

တိုက်ပွဲအတွင်း ကာကွယ်‌ရေးတပ်ဘက်ကလည်း တပ်ဖွဲ့ဝင် ၂ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး တိုက်ခိုက်ရေးဒရုန်းကြီး ၁ စင်း ပျက်စီးဆုံးရှုံးခဲ့ရသလို ပြန်လည်ဝယ်ယူနိုင်ဖို့ကြိုးစားနေရတယ်လို့ သိရပါတယ်။

ဒါ့အပြင် တိုက်ပွဲအချိန်မရွေးဖြစ်ပေါ်နိုင်သေးတာကြောင့် မိုး​ဗြဲမြို့ကို အရပ်သားတွေ သတိထားသွားလာကြဖို့ ရှမ်းတောင်စစ်ဒေသခွဲ၊ အမှတ်- ၁ ဗျူဟာ၊ PDF က ထုတ်ပြန်ထားပါတယ်။

ပုံစာ – ရှမ်းတောင်စစ်ဒေသ၊ အမှတ် ၁ ဗျူဟာက ထုတ်ပြန်သော မဟာမိတ်တပ်ဖွဲ့ဝင်များ(ပုံဟောင်း)
0 Shares:
You May Also Like
Read More

ယောဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က စစ်ဘေးရှောင်စာသင်ကျောင်းတွေနဲ့ မိုင်းထိပြည်သူတစ်ယောက်ကို ထောက်ပံ့ငွေပေးအပ်

မကွေးတိုင်းအခြေစိုက် ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) က စိုးမိုးနယ်မြေအတွင်းရှိ စစ်ဘေးရှောင်စာသင်ကျောင်းတွေနဲ့ မိုင်းထိပြည်သူတစ်ယောက်ကို ထောက်ပံ့ငွေပေးအပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

မင်းမော်ကွန်း ဂီတဖျော်ဖြေပွဲက ရရှိတဲ့ ရန်ပုံငွေတွေကို CDM အနုပညာရှင်တွေဆီ ထောက်ပံ့ပေးအပ်

တော်လှန်အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ မင်းမော်ကွန်းက သူ့ရဲ့ ပြည်ပဂီတဖျော်ဖြေပွဲကနေ ရရှိခဲ့တဲ့ ရန်ပုံငွေတွေကို CDM အနုပညာရှင်တွေဆီ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း မင်းမော်ကွန်းရဲ့ ဆိုရှယ်မီဒီယာမှာ ဖော်ပြလာပါတယ်။
Read More

ရွေးကောက်ပွဲကို ဒီဇင်ဘာနှင့် ဇန်နဝါရီမှာ အပိုင်း ၂ ပိုင်းခွဲကျင်းပဖို့ ရည်ရွယ်ထားဟု မင်းအောင်လှိုင် ပြော

စစ်ကောင်စီ ပြုလုပ်မယ့် ရွေးကောက်ပွဲကို ဒီဇင်ဘာနဲ့ ဇန်နဝါရီလတွေမှာ အပိုင်း ၂ ပိုင်းခွဲပြီး ကျင်းပသွားမယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကပြောပါတယ်။ မတ်လ ၂၅ ရက် မနက်ပိုင်းက နေပြည်တော်မှာ ကျင်းပတဲ့ စစ်ကောင်စီအဖွဲ့ဝင်တွေရဲ့ အစည်း အဝေးမှာ ထည့်သွင်းပြောကြားလိုက်တာပါ။
Read More

မြဝတီမြို့ပေါ်ကို စစ်ကောင်စီတပ်သားတွေ လေထီးနဲ့ဆင်းပြီး အင်အားဖြည့်တင်းရာမှာ လေထီးမပွင့်ဘဲ သေဆုံးမှုတွေရှိ

မြဝတီမြို့အနီးကို ရာနဲ့ချီတဲ့ စစ်ကောင်စီတပ်သားတွေဟာ လေထီးနဲ့ ဆင်းသက်ခဲ့ပြီး လေထီးမပွင့်လို့ သေဆုံးသူနွေလည်းရှိတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

စလင်းမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် (၁၃) ရက်ကြာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးခဲ့သည့် ကျေးရွာများမှ ဒေသခံများကို စားနပ်ရိက္ခာ ကူညီထောက်ပံ့

မကွေးတိုင်း၊ စလင်းမြို့နယ်က (၁၃)ရက်ကြာတိုက်ပွဲအတွင်း စစ်ကောင်စီတပ် မီးရှို့ခဲ့တဲ့ ဂွေးကုန်းကျေးရွာနဲ့ စနေချောင်ကျေးရွာတို့က အိမ်ထောင်စု ၂၇၄ စုအတွက် စားနပ်ရိက္ခာတွေ ထောက်ပံ့ပေးခဲ့တယ်လို့ စလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

ချောင်းဦးဆီမီးသပိတ် လေကြောင်းတိုက်ခိုက်မှုအတွင်း ရရှိဒဏ်ရာဖြင့် ကျဆုံးခဲ့သည့် ဗမာလွတ်မြောက်ရေး ဒီမိုကရက်တစ်တပ်ဦး စစ်ဒေသ (၃) တာဝန်ခံ၏ ဈာပနအခမ်းအနား…

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်နဲ့ ချောင်းဦးမြို့နယ်အစပ် တစ်နေရာ ဆီမီးသပိတ် လေကြောင်းတိုက်ခိုက်ခံရမှုအတွင်း ပြင်းထန်ဒဏ်ရာရရှိကာ ကျဆုံးခဲ့တဲ့ ဗမာလွတ်မြောက်ရေး ဒီမိုကရက်တစ်တပ်ဦး (BLDF) စစ်ဒေသ (၃) တာဝန်ခံရဲ့ စျာပနအခမ်းအနားကို အောက်တိုဘာလ ၁၀ ရက်မှာ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။